Windows အသုံးပြုသူများဟာ ယခု iCloud Passwords များကို manage လုပ်နိုင်ပါပြီ

iCloud Passwords တွေကို Windows နဲ့ Sync လုပ်လိုက်ရင် Apple ရဲ့ iCloud အတွက် iCloud Passwords app အသစ်က များစွာ လိုအပ်နေတဲ့ စွမ်းရည် အသစ်တွေ ပေးပါ လိမ့်မယ်။

Windows 12.5 update အတွက် iCloud နှင့်အတူ ပါလာသော app ဟာ saved လုပ်ထားသော passwords များမှ တဆင့် ရှာဖွေခြင်း ၊ ၎င်းတို့ကို update လုပ်ခြင်း၊ အသစ်များ ထပ်ထည့်ခြင်း နှင့် မလိုတော့သည့် login အချက်အလက်များကို ဖျက်ပစ်နိုင်ခြင်းတို့ကို ခွင့်ပြု ပေးပါတယ်။

Apple ၏ documentation တွေဟာ app အသစ်ကို သုံး၍ iCloud Passwords များကို ဘယ်လို manage လုပ်ရမလဲ ဆိုတာကို ရှင်းပြ ထားပါတယ်။

ဒါပေမယ့် ၎င်းဟာ အတော်လေး ရိုးရှင်း ပါတယ်။ Start menu မှ app ကို ရယူနိုင်ပြီး လိုအပ်သော passwords များကို ပြောင်းလဲမှု အမျိုးမျိုး ပြုလုပ် နိုင်ပါတယ်။ ထိုပြောင်းလဲမှုတွေဟာ Apple devices များနှင့် sync လုပ်သွားပါ လိမ့်မယ်။

Apple က ယခုနှစ် အစောပိုင်းတွင် Windows မှာ iCloud Passwords အတွက် support အချို့ကို ဖြန့်ချိ ခဲ့ပါတယ်။ ဇန်နဝါရီလက Windows update အတွက် iCloud ဟာ iCloud Keychain တွင် ရှိပြီးသား passwords များအပြင် Chrome မှ keychain ထဲသို့ အသစ် ထည့်ပေးမည့် Chrome extension တစ်ခု အတွက် support ကို ထပ်ထည့် ပေးခဲ့ပါတယ်။

iCloud Passwords running on Windows 10 (note that all data included in screenshots is example data).

ထို extension ဟာ အလွန် မတည်ငြိမ်သော ဖြန့်ချိမှု တစ်ခု ရှိခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းဟာ အတော်အတန် working state တွင် အသုံးပြုသူများ အတွက် ရရှိနိုင်ပါတယ်။

၎င်းဟာ Windows 12.5 ၏ password management system အတွက် iCloud ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး 12.5 update က extension ၏ Edge version အတွက် support ကို ယူဆောင် လာပါတယ်။

( Theory အရ Chrome extension များဟာ Edge နှင့် အလုပ်လုပ်သော်လည်း Chrome web store တွင် reviews တွေက ၎င်းဟာ iCloud Passwords များအတွက် မဟုတ်ခဲ့ပါဘူး။ )

ဒီ update က Windows နှင့် Mac ( သို့မဟုတ် Windows နှင့် iPhone ကို သုံးနေသူ ) တစ်ဦး ဖြစ်လျှင် passwords များကို တစ်ပြိုင်တည်း sync လုပ်ရန် iCloud ကို အသုံးပြု ပါတယ်။

သိမ်းဆည်းထားသော passwords များ၏ စာရင်းကို မြင်နိုင်စွမ်းရှိခြင် နှင့် ရှာဖွေနိုင်ခြင်းဟာ browser extension ထက် ပိုပြီး လွယ်လွယ်ကူကူ ရှိစေပြီး passwords များကို manage လုပ်နိုင်ခြင်းဟာ Apple device သို့ logins များကို အပြောင်းအလဲ လုပ်ချင်ရင် app တွေ ပြောင်းစရာ မလိုပါဘူး။

App အသစ်ဟာ အပ်နှံထားသော password manager အဖြစ် အပြည့်အဝ မစွမ်းဆောင် နိုင်သော်လည်း ( သို့မဟုတ် အမှန်မှာ Mac တွင် Keychain Access ကဲ့သို့ ) ၎င်းဟာ Windows အသုံးပြုသူများက ၎င်းတို့၏ iCloud Password များအတွက် ယခင်က မရှိသော management စွမ်းရည်များထက် ပိုမို ကောင်းမွန် ပါတယ်

The Chrome extension lets you use passwords saved in your iCloud Passwords.

Windows မှာ iCloud အတွက် 12.5 update ကို ယခု ရရှိ နိုင်ပါတယ်။ ၎င်းကို Windows Store သို့ သွား၍ updates များကို ရှာဖွေခြင်းဖြင့် ရနိုင်ပါတယ် ။ Windows machine မှာ iCloud Password Sync လုပ်ခြင်း မရှိသေးဘူးဆိုရင် password manager ကို အသုံးမပြုခင် iCloud Settings မှာ အဲဒါကို enable လုပ်ထားဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် process က အတော်လေး ရိုးရှင်းပါတယ်။ ၎င်းကို ပြုလုပ်ရန် two-factor authentication ကို သုံးသော Apple account တစ်ခု နှင့် iOS 14 / macOS 11 ( သို့မဟုတ် )နောက်ပိုင်း ထွက်ရှိထားသော Apple device တို့နှင့်အတူ security code လိုအပ် ပါလိမ့်မယ်။ Windows Hello ကို set up လုပ်ဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် ကွန်ပျူတာမှာ biometric authentication မရှိရင် စိတ်မပူပါနဲ့၊ PIN နဲ့လည်း သုံးနိုင်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။