WhatsApp က Meta’s Bitmoji-style avatars အတွက် official support ကို ပေါင်းထည့်နေ

Facebook နှင့် Instagram ကဲ့သို့သော Meta services ‌တွေမှာ ရရှိ ထားပြီး ဖြစ်သော စိတ်ကြိုက် ပြင်ဆင် နိုင်တဲ့ ဇာတ်ကောင်တွ ( characters ) တွေဖြစ်တဲ့ Avatar က WhatsApp မှာ တရားဝင် စတင် ရောင်းချ နေပြီပဲ ဖြစ်ပါတယ် ။

Meta က ၎င်းတို့အား စာတို ပေးပို့ခြင်း ဝန်ဆောင်မှု ( messaging service ) မှာ profile picture အဖြစ် အသုံးပြု နိုင်ပြီး ( သို့မဟုတ် ) စိတ်ကြိုက် stickers 36 ခု ထဲမှ တစ်ခု ပုံစံဖြင့် ပေးပို့ နိုင်ကြောင်း ကြေညာ ထားပါတယ် ။

Meta ရဲ့ သတင်း ထုတ်ပြန်ချက် အရ အဆိုပါ feature က “ယနေ့မှ စ၍ နေရာတိုင်းမှာ အသုံးပြုသူတွေ ထံ စတင် အသုံးပြု နိုင်တော့မယ် ” ဟု Meta ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ် ။

WhatsApp ရဲ့ avatars feature က ယခု လအနည်းငယ် ကြာအောင် beta testers တွေထံ ဆက်တိုက် ထွက်ရှိ လာခဲ့ ပါတယ်။

WBetaInfo ရဲ့ အဆို အရ ၎င်းတို့ကို Android နှင့် iOS နှစ်မျိုး စလုံးမှာ အနည်းဆုံး အောက်တိုဘာလ ကတည်းက beta အသုံးပြုသူ အချို့ ( သို့သော်လည်း အားလုံး မဟုတ်ပါ ) အသုံးပြု နိုင်ပြီ ဖြစ်သော်လည်း လာမယ့် ရက်သတ္တပတ်တွေ အတွင်း mobile အသုံးပြုသူ အားလုံး အတွက် ၎င်းတို့ ရရှိနိုင် လိမ့်မယ်ဟု မျှော်လင့် ရပါတယ်။

Meta ရဲ့ avatars တွေက မတူညီသော ပလပ်ဖောင်းတွေ နှင့် စာတို ပေးပို့ခြင်း messaging apps ‌တွေမှာ ရရှိနိုင်တဲ့ virtual customizable characters များစွာထဲမှ တစ်ခု ဖြစ်ပါတယ် ။ လူသိ အများဆုံးမှာ Bitmoji ဖြစ်ပြီး ၊ ယခု Snap ပိုင်ဆိုင်တဲ့ 2D characters တွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ Apple နှင့် Samsung နှစ်ခု စလုံးက Memoji နှင့် AR Emoji ပုံစံဖြင့် system-level avatars တွေကို အသီးသီး ပေးထား ကြပါတယ်။ သို့သော် အဆိုပါ feature ဟာ Meta အတွက် အထူးခြားဆုံး ဖြစ်လာ နိုင်ပါတယ်၊၊ ၎င်းက metaverse ဟုခေါ်တဲ့ တစ်နေ့တွင် ၎င်းရဲ့ အသုံးပြုသူ တွေကို ကိုယ်စားပြုမယ့် အရာ အဖြစ် feature အပေါ် ၎င်းရဲ့ ခံယူချက်ကို မြှင့်တင်နေ ပါတယ်။

p>Reference: TheVerge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။