Twitter Web User တိုင်းဟာ ယခုအခါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ Followers များကို ‘soft block’ လုပ်နိုင်

All Twitter web users can now soft block followers. Image: Twitter

Twitter က web ပေါ်မှာ ရှိတဲ့ အသုံးပြုတဲ့ သူ ဘယ်သူ့ကို မဆို ၎င်းတို့ကို block လုပ်တာမျိုး မဟုတ်ဘဲ Follower ကို remove လုပ်နိုင်တဲ့ feature အသစ် တစ်ခုကို ဖြန့်ချိ လိုက်ပြီး ၎င်း feature အသစ် ကို “ soft block ” ဟု ခေါ်ပါတယ်။

Follower တစ်ဦးကို “ soft block “ လုပ်ဖို့ ဆိုရင် profile သို့ သွားပြီး followers ကို နှိပ်ပါ။ Remove လုပ်ချင်တဲ့ Follower ရဲ့ ညာဘက် အစွန်ဆုံးမှာ ရှိတဲ့ အစက်သုံးစက် ( three-dot menu ) ကို နှိပ် လိုက်ပါက “ Remove this follower ” option ကို တွေ့ပြီ ဆိုရင် ၎င်း option ကို နှိပ်ပါ။

( ဒီ post မှာ ဖော်ပြ ထားတဲ့ Twitter ရဲ့ အဲဒီ option ဟာ ဘယ်လို ပုံစံလဲ ဆိုတာ image မှာ ကြည့်နိုင် ပါတယ်။ ) Remove လုပ်လိုက်တဲ့ Follower တစ်ဦးဟာ သူ့ကို remove လိုက်တယ် ဆိုတာကို အကြောင်းကြား လိမ့်မည် မဟုတ်ပါ။

“ Soft block “ တစ်ခု ဟာ အသုံးပြုသူက tweets တွေကို တိုက်ရိုက် message ပို့ခွင့် ရနေတုန်း ဆိုပေမယ့် feed ပေါ်မှာ tweets တွေကို သူတို့ မြင်နိုင်မှာ မဟုတ်သောကြောင့် block တစ်ခုနဲ့ မတူတဲ့ ကွဲပြား ခြားနားမှုပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ follower တစ်ဦး ကို remove လိုက်တဲ့ အခါ သူတို့က ကိုယ့်ကို ပြန်ပြီး follow လုပ်ချင်တယ် ဆိုရင် လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

THE NEW METHOD IS EASIER THAN THE PREVIOUS ONE

“ Soft block ” feature ဟာ full-on block တစ်ခု ပုံစံမျိုး လုပ်ချင်တာ မဟုတ် သော်လည်း အခြား အသုံးပြု သူ တစ်ဦး ဆီကနေ space အချို့ create လုပ်လိုတဲ့ အခါ မျိုးမှာ ဆိုရင် ဒီ feature က အသုံး ဝင်ပါ လိမ့်မယ်။

Twitter က ဒီ method အသစ် ဟာ တစ်စုံ တစ်ယောက် အား ကိုယ်တိုင် block လုပ်ဖို့ နှင့် unblock လုပ်ဖို့ လိုအပ်တဲ့ ယခင် method တွေ ထက် အနည်းငယ် ပိုပြီး လွယ်ကူ စေမှာပဲ ဖြစ်ပါတယ်။

Follower တစ် ဦး ကို remove လုပ်နိုင်မှုက အလွဲ သုံးစားမှု ( abuse ) နှင့် နှောင့်ယှက်မှု ( harassment )ကို တားဆီးတဲ့ နေရာမှာ ကူညီဖို့ သုံးစွဲသူ များအား ၎င်းတို့၏ အတွေ့အကြုံ (experience)ကို ပိုပြီးတော့ control လုပ်ခွင့် ပေးဖို့ Twitter ရဲ့ နောက်ဆုံးပေါ် latest feature ပဲ ဖြစ်ပါတယ်။

September လမှာ ကုမ္ပဏီက လုံခြုံ စိတ်ချ ရတဲ့ ( Safety Mode feature) အသစ် တစ်ခုကို စတင် စမ်းသပ် ခဲ့ပါတယ်။

သို့သော် ၎င်းဟာ အလွဲ သုံးစား လုပ်ထားတဲ့ အကောင့်တွေ ( abusive accounts တွေ) ကို ယာယီ autoblocks ပြုလုပ်ခြင်း၊ ၎င်းအား ဘယ်အချိန်မှာ ပိုပြီး ကျယ်ပြန့်စွာ ဖြန့်ဝေမလဲ ဆိုတာကို သဲသဲကွဲကွဲ မသိရှိ ရသေးပါဘူး။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။