Twitter က ပို့စ်တွေမှာ အကြောင်းအရာ သတိပေးချက် တွေကို ထည့်ခွင့်ပြုဖို့ နည်းလမ်း အသစ်ကို စမ်းသပ်

Illustration by Alex Castro / The Verge

Twitter က အသုံးပြုသူ တွေအား တွစ်တာမှာ တင်ထားတဲ့ ဓာတ်ပုံ တွေ နှင့် ဗီဒီယို တွေကို တစ်ဦးချင်း သတိပေးချက် တွေကို ထည့်သွင်း နိုင်စေမယ့် အင်္ဂါရပ် အသစ်ကို စမ်းသပ် နေပြီပဲ ဖြစ်ပါတယ်။ စမ်းသပ် နေစဉ် အတွင်း အဆိုပါ အင်္ဂါရပ်ကို “အချို့” အသုံးပြုသူ တွေ အတွက် ရနိုင်မှာ ဖြစ်ကြောင်း ပလပ်ဖောင်းမှ မှတ်သား ထားခဲ့ ပါတယ်။

Twitter တွင် အခု လောလောဆယ်မှာ အကြောင်းအရာ သတိပေးချက် တွေကို tweets တေါမှာ ထည့်ဖို့ နည်းလမ်း ရှိသော်လည်း ၊ ၎င်းကို လုပ်ဆောင်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ tweets တွေ အားလုံးတွင် သတိပေးချက်ကို ထည့်ခြင်းသာ ဖြစ်ပါတယ် ။

တစ်နည်း ဆိုရသော် တင်ထားတဲ့ ဓာတ်ပုံ ( သို့မဟုတ် ) ဗီဒီယိုတိုင်းမှာ သတိထား ရမယ့် အရာတွေ ပါဝင်တာ ဖြစ်စေ မပါဝင်တာ ဖြစ်စေ အကြောင်းအရာ သတိပေးချက် ပါရှိ မှာပဲ ဖြစ်ပါတယ် ။

စမ်းသပ် နေတဲ့ အင်္ဂါရပ် အသစ်ဟာ သတိပေးချက်ကို တွစ်တာ တစ်ခု တည်းမှာ ပေါင်းထည့် နိုင်ပြီး ၎င်း သတိပေးချက်မှာ သီးခြား အမျိုးအစား တွေကို အသုံးပြု နိုင်မှာပဲ ဖြစ်ပါတယ်။

တွစ်တာမှာ တင်ထားတဲ့ ဗီဒီယိုမှာ ပြထားတဲ့ အတိုင်း ရုပ်ပုံ ( သို့မဟုတ် ) ဗီဒီယို တစ်ခုကို တည်းဖြတ်တဲ့ အခါ toolbar ရဲ့ အောက်ခြေ ညာဘက် ထောင့်ရှိ အလံ အိုင်ကွန်ကို နှိပ်ပြီး အကြောင်းအရာ သတိပေးချက် တစ်ခု ထည့်သွင်း နိုင်တယ် ဆိုတာကို မြင်တွေ့ ရမှာပဲ ဖြစ်ပါတယ်။

နောက် screen တစ်ခုမှာ “အဖော်အချွတ်တွေ” ၊ “အကြမ်းဖက် မှုတွေ” ( သို့မဟုတ် ) “sensitive” အပါအဝင် ရွေးချယ် စရာ တွေဖြင့် သတိပေးချက် ကို အမျိုးအစား ခွဲခြား သတ်မှတ် နိုင်စေ မှာပဲ ဖြစ်ပါတယ်။

tweet ကို တင်လိုက်တာ နှင့်၊ ပုံ ( သို့မဟုတ် ) ဗီဒီယိုက မှုန်ဝါး လာမှာ ဖြစ်ပြီး ၎င်းကို အလံတင် ထားတဲ့ အကြောင်းရင်းကို ရှင်းပြတဲ့ အကြောင်းအရာ သတိပေးချက် တစ်ခု နှင့် ထပ်ထား ပါတယ် ။

အသုံးပြုသူ တွေက အကြောင်းအရာကို ကြည့်ရှု လိုပါက သတိပေးချက် မှတစ်ဆင့် နှိပ်ပြီး ကြည့်ရှု နိုင်ပါတယ်။

အရေးကြီးတဲ့ အကြောင်းအရာကို တင်တဲ့ အခါမှာ အကြောင်းအရာကို အလံပြဖို့ ပျက်ကွက် ပါက၊ Twitter က သတိပေးချက် ဖြစ်သင့်တာ ရှိ / မရှိ ဆုံးဖြတ်ဖို့ သုံးစွဲသူ အစီရင်ခံ စာတွေ အပေါ်မှာ မူတည်မှာပဲ ဖြစ်ပါတယ်။

၎င်းရဲ့ အကြောင်းအရာ သတိပေးချက် စမ်းသပ်မှု အပြင် Twitter က အစီရင်ခံခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ “human-first” နည်းလမ်းကို စမ်းသပ် နေကြောင်း ယမန်နေ့ က ကြေညာခဲ့ ပါတယ် ။

tweet က ဘယ်ကဲ့သို့ စည်းမျဉ်းတွေ ချိုးဖောက် နေတယ် ဟု သုံးစွဲသူအား မေးမယ့် အစား၊ ၎င်းက အသုံးပြုသူအား ဖြစ်ပျက်ခဲ့တာ တွေကို အတိအကျ ဖော်ပြဖို့ အခွင့်အရေး ပေးမှာ ဖြစ်ပြီး ထိုတုံ့ပြန်မှု အပေါ် အခြေခံ၍ တိကျတဲ့ ချိုးဖောက်မှုကို ဆုံးဖြတ်မှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။