Top 3 Antivirus Program အကြောင်း

လက်ရှိတွင် ဗိုင်းရပ်စ်နှိမ်နင်းရေးပရိုဂရမ်များစွာသည် သုံးစွဲသူများပိုမိုလုံခြုံမှုရှိစေရန် ရည်ရွယ်ချက်ဖြင့် တီထွင်ခဲ့သည်။ စမတ်ဖုန်း၊ တက်ဘလက်၊ လက်တော့၊ ဝက်ဘ်ဘရောက်ဇာ အစရှိသည့် ပလက်ဖောင်းအသစ်များပေါ်ထွက်လာပြီး ဗိုင်းရပ်စ်များနှင့် malware အန္တရာယ်များမှ လုံခြုံရန် လိုအပ်လာပါသည်။

အသုံးပြုသူထံလာသည့်ခြိမ်းခြောက်မှုအမျိုးမျိုးမှကာကွယ်ရန် ဗိုင်းရပ်စ်နှိမ်နင်းရေး software ထည့်သွင်းခြင်းဖြင့် ကာကွယ်နိုင်ပါမည်။ လက်ရှိဗိုင်းရပ်စ်နှိမ်နင်းရေးပရိုဂရမ်များရှိရမည့် မရှိမဖြစ်လိုအပ်သော software package များသည် အောက်ပါအတိုင်းဖြစ်သည်။

• Operating system အတွက် ဗိုင်းရပ်စ် scanner ။ လက်ရှိတွင် ကုန်အမှတ်တံဆိပ်များစွာမှ ၀ယ်သူများ၏လိုအပ်ချက်ကိုဖြည့်ဆည်းရန် Windows Andriod MacOS (သို့) linux တို့ကဲ့သို့သော operating systems အမျိုးမျိုးကို ထုတ်လုပ်နိုင်ခဲ့သည်။

• ဖိုင်များ lock ကျခြင်း (သို့) စာဝှက်ခြင်းမှကာကွယ်ရန်ပရိုဂရမ်များ။ ဒီအပိုင်းမှာ အသုံးပြုသူများသည် မည်သည့်ဗိုင်းရပ်စ်စကင်နာကို အသုံးပြုမလဲဆိုတာကို ပထမဆုံး ရွေးချယ်ဆုံးဖြတ်ရပါမည်။ လက်ရှိဖိုင် encoding ပရိုဂရမ်ကြောင့် ဤပရိုဂရမ်အမျိုးအစားကို မည်သူမဆိုကူးယူထားသော် ဒေတာဖိုင်များကို ပြန်လည်ရယူဖို့ အခွင့်အလမ်းသည် သုညနီးပါးသာရှိသည်။
• အန္တရာယ်ရှိသော ဟက်ကာများ စနစ်အား တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ပရိုဂရမ်များ။ ဒီအပိုင်းမှာ ရှိတဲ့ပရိုဂရမ်အတွက် system administrator သည် ဟက်ကာများ၏အဓိကပစ်မှတ်ဖြစ်သောကြောင့် သူ့ကို ပိုပြီးအဓိကထားပါမည်။
• အွန်လိုင်းအရောင်းအ၀ယ်များကိုကာကွယ်ရန် ပရိုဂရမ်များ။ ၎င်းသည်ကာကွယ်ရေးစနစ်အတွင်း ထည့်သွင်းရမည့် အခြားအရေးကြီးသောအပိုင်းတစ်ခုဖြစ်သည်။ အသုံးပြုသူများသည် အွန်လိုင်းအရောင်းအ၀ယ်များ ပြုလုပ်သောကြောင့်လုံခြုံရေးပိုမိုလိုအပ်သည်။
• သုံးစွဲသူများအား ကွန်ယက်တိုက်ခိုက်ခံရခြင်းများမှ ကာကွယ်ရန် ပရိုဂရမ်များ။ ကောင်းမွန်သည့် ဗိုင်းရပ်စ်စကင်နာပရိုဂရမ်သည် လူတိုင်းကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရမည်။ အသုံးပြုသူများကို network attack များမှ ကာကွယ်ခြင်းသည်အရေးကြီးသောအချက်တစ်ချက်ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သော software package များ၏ဥပမာမှ အသုံးပြုသူများကို ကာကွယ်သောအခြားအပိုင်းများလည်းရှိပါသည်။ မည်မျှကာကွယ်ပေးမည်ကို ကွဲပြားသော ကုန်အမှတ်တံဆိပ်များပေါ်တွင် မူတည်ပါသည်။

လူကြိုက်အများဆုံးဗိုင်းရပ်စ် scanner စတာတွေကိုကြည့်ကြရအောင်။ အမှတ်တံဆိပ်တစ်ခုချင်းစီမှာ အသုံးပြုသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းရန် လုံလောက်သော လုံခြုံရေးဆော့ဖ်ဝဲဟုတ်မဟုတ်ဆိုတာကို လေ့လာကြည့်ကြပါစို့။

ESET Antivirus

၎င်းသည်လူသိများသော virus scanner အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ သုံးစွဲသူများအပေါ် ယုံကြည်မှု တည်ဆောက်ရန်၀န်ဆောင်မှုပေးရန်အတွက်လက်ရှိတွင်ကွဲပြားခြားနားသောဖြေရှင်းနည်းများကိုထည့်သွင်းထားသည်။ ESET NOD32 ၏ လုံခြုံရေးနည်းပညာသည် ဗိုင်းရပ်စ်အန္တရာယ်များမှ ကာကွယ်ပေးသောကြောင့် ဖောက်သည်များ၏ယုံကြည်စိတ်ချရမှုရထားသောဆော့ဝဲတစ်ခုဖြစ်ပါသည်။

McAfee Antivirus

McAfee Antivirus သည် malware များကို ကောင်းစွာကာကွယ်နိုင်သည့်အားသာချက်ရှိသည်။ လိုအပ်သည့်အတိုင်း လုံခြုံရေးအာရုံစိုက်ထားသော ဆော့ဝဲ(လ်)ဖြစ်သည့်အတွက် ပြည့်စုံသည်။

Kaspersky Antivirus

Kaspersky သည် အသုံးပြုသူများ အလွယ်တကူ ဗိုင်းရပ်စ်စစ်ဆေးနိုင်သည့်ပရိုဂရမ်တစ်ခုဖြစ်သည်။ Ransomware ကာကွယ်မှုကိုလည်းထောက်ပံ့ပေးပါသည်။

ဇယားမှ ယခုစျေးကွက်တွင်ရေပန်းစားသောကုန်အမှတ်တံဆိပ် ၃ ခု၏ ၀န်ဆောင်မှုများကိုနှိုင်းယှဉ်ပြပါမည်။ အချက်အလက်အားလုံးကို pcmag.com ဝက်ဘ်ဆိုက်မှကိုးကားထားပါသည်။

PackageESET AntivirusMcAfee AntivirusKaspersky Antivirus
စျေးနှုန်း/တစ်နှစ်$39.99 – $99.99/td>$19.99 – $39.99$22.99 – $49.99
အသုံးပြုသူတစ်ဦးလျှင် အသုံးပြုနိုင်သည့် device အရေအတွက်1 – 51 – 101 – 5
အစမ်းသုံးစွဲခွင့်ကာလရက် ၃၀ရက် ၃၀ရက် ၃၀
အသုံးပြုနိုင်သည့် စက်အမျိုးအစားWindows, Mac, iOS, AndroidWindows, Mac, iOS, AndroidWindows, Mac, iOS, Android
ဗိုင်းရပ်စ်ကာကွယ်ပေးခြင်းရှိရှိရှိ
Malware ကာကွယ်ပေးခြင်းရှိရှိရှိ
Ransomware ကာကွယ်ပေးခြင်းရှိ
Firewallရှိရှိရှိ
Wifi not safe alertရှိ
Recording unauthorized usersရှိ
Phishing Protectionရှိရှိရှိ
On-Demand Malware scanရှိရှိရှိ
On-Access Malware scanရှိရှိရှိ
ငွေပြန်အမ်းခြင်းရက် ၃၀ရက် ၃၀ရက် ၃၀

ဇယားကနေ ထုတ်ကုန်များကို ၀ယ်ယူသော ဖောက်သည်များအတွက် နယ်ပယ်အမျိုးမျိုးတွင် လုံခြုံရေးမှုရှိကြောင်း ကို virus scanner program တိုင်းလိုလိုနီးပါးမှာ တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ခေတ်အသုံးပြုသူတွေဟာ အထိခိုက်မခံတဲ့သတင်းအချက်အလက်တွေကို ပိုမိုအသုံးပြုလာကြပြီး ကွန်ပျူတာဗိုင်းရပ်စ်အသစ် ဝင်ရောက်ကျူးကျော်နည်းလမ်းများရှိကာ ဗိုင်းရပ်စ် ကို virus scanner program က အရင်ရှာမတွေ့မပေါ် မူတည်ပါသည်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။