Throttlestop application ဆိုတာ ဘယ်လိုမျိုးလဲ ?

နောက်ပိုင်း ခေတ်စားလာတဲ့ Computer အမျိုးအစား တွေကတော့ Laptop တွေပါ ။ Desktop computer တွေက စွမ်းဆောင်ရည်မှာ Laptop တွေထက် သိသိသာသာ မြန်ပါတယ် ။ ဒါပေမဲ့ Laptop တစ်လုံးလိုတော့ အလွယ်တကူယူ ဆောင်သွားနိုင်တာတွေ မီးပျက်ရင်တောင် အချိန်ကြာကြာ အလုပ် ဆက်လုပ်နိုင်တာတွေ မရှိပါဘူး ။ဒါ့ကြောင့်လည်း Laptop computer တွေက ပိုပိုပြီး လူသုံးများတာကို တွေ့လာရပါတယ် ။ Laptop တွေမှာ CPU အနေနဲ့ Intel မှာကိုပဲ အမျိုးအစား နှစ်မျိုး ရှိပါတယ် ။ U Processor နှင့် H Processor ပါ U Processor ကိုတော့ Laptop အပါးတွေမှာ သုံးလေ့ ရှိပါတယ် ။ ဘာဖြစ်လို့လည်းဆိုတော့ U Processor တွေက Power စား သက်သာပြီး အပူလည်းအရမ်း မထွက်ပါဘူး ။ အဲ့ဒါကြောင့် ပေါ့ပေါ့ပါးပါး သယ်သွားလို့ရတဲ့ Ultrabook လို Laptop တွေမှာသာ အသုံးပြုလေ့ ရှိပါတယ် ။ Wattage လည်း နည်းတာကြောင့် Battery လည်း အရမ်းခံပါတယ် ။ H Processor တွေကိုတော့ Gaming Laptop တွေမှာ အသုံးများပါတယ် ။ Power လည်းပိုစားသလို ပိုလည်းပူပါတယ် ။ အဲ့ဒါကြောင့် Gaming Laptop တွေက ပုံမှန်အားဖြင့် Battery ခံလေ့မရှိပါဘူး ။ တော်ရုံလည်း ပါးပါးလေးတွေ ထုတ်လေ့မရှိပါဘူး ။ အရမ်းပူတဲ့အတွက် Cooling Design ကောင်းကောင်း နဲ့ ထူထူလေးတွေ လာလေ့ရှိပါတယ်။ နောက်ဆုံး Generation ဖြစ်တဲ့ 10th Gen Core i7 နှင့် လာရင်တောင်မှ Cooling System မကောင်းတဲ့အခါကျရင် Cooling System ကောင်းကောင်း ပါဝင်တဲ့ 10th Gen Core i5 ကို မမှီနိုင်ပါဘူး ။

ဒါကြောင့် Computer ဝယ်တဲ့အခါ နောက်ဆုံးပေါ်် Processor ဘယ်လောက် မြန်တယ် ဆိုတဲ့ စာရွက် ပေါ် မှာပါလာတဲ့ Marketing တွေကို မကြည့်ပဲ Review Channel တွေရှိတဲ့ Youtube ဒါမှမဟုတ် Facebook အစရှိတဲ့ Social Media တွေမှ သေချာကြည့်ပြီးမှသာ ဝယ်ယူ သင့်ပါတယ် ။ ဒီလိုပြောလို့ computer ပါးပါးလေးတွေကို specification မြင့်မြင့်နှင့် မသုံးရတော့ဖူး ဆိုပြီး ဝမ်းနည်းစရာတော့ မလိုပါဖူး ။ Laptop လေးက i7 နဲ့လာတာ ဖြစ်နေတာတောင် Cooling မနိုင်တာကြောင့် ‌မြန်သင့်သလောက် မမြန်ဖူးဆိုရင် လုပ်လို့ရတာ လေးတွေ ရှိပါတယ် ။ ဥပမာအနေနဲ့ ပြောရရင် Laptop တွေက Custom made မဟုတ်ပါဘူး ။Mass Production ထုတ်လုပ်တာ ဖြစ်ပါတယ် ။ ကို့အတွက် သီးသန့်မှာယူမှ လုပ်ဆောင်ပေးတာမဟုတ်တဲ့အတွက် Processor နဲ့ Heat Pipe ကို အပူစီးကူးအောင်လုပ်ပေးတဲ့ thermal paste တွေကလည်း အရမ်း အကောင်းကြီး မဟုတ်ပဲ အဆင်ပြေတယ် ဆိုရုံလောက်မျိုးနှင့် လုပ်ပေးလိုက်တာမျိုးဖြစ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ Thermal paste apply လုပ်တဲ့အချိန်မှာ သေချာ Apply မလုပ်ဖြစ်တာကြောင့် ပူသင့်တာထက် ပိုပူတာမျိုး ဖြစ်တတ်ပါတယ် ။ တကယ်လို့ ကိုကသာ ဟိုဖြုတ် ဒီဖြုတ် လုပ်ချင်တဲ့သူမျိုး ကလိတတ်တဲ့ သူမျိုးဆိုရင်တော့ Youtube မှာဖြစ်ဖြစ် ကို့ Model အတိုင်းရိုက်ပီး ရှာလိုက်ရင် Thermal paste ကိုပြန်ပီး ကောင်းကောင်း လုပ်ပေးလို့ရပါတယ် ။

Thermal paste မှာ ‌ပိုကောင်းတဲ့ နောက်တစ်မျိုးရှိပါတယ်။ Liquid Metal ပါ သူက ပုံမှန် Thermal paste ထက်ပိုပြီး အပူစီးကူးအား ကောင်းတာကြောင့် သာမန် ထက်ဆိုင်ရင် ပိုမို အေးစေပါတယ်။ ဒါပေမဲ့ သူ့မှာ လည်း မကောင်းတဲ့အချက်လေးတွေရှိပါတယ် ။ Liquid Metal က ပြဒါးလိုပါပဲ သူကသေချာ Apply မလုပ်မိဘူးဆိုရင် လိုက်ရွေ့နေတတ်ပါတယ်။ တကယ်လို့သာ Motherboard လိုနေရာမျိုးကို ပေသွားသည်ဖြစ်ရင် ပေတဲ့နေရာကို စားသွားတတ်ပါတယ်။ ပြီးတော့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြန်ဖွင့်ပြီး အသစ် ပြန်လဲ တာမျိုး လုပ်ပေးနိုင်မှသာ ရည်ရှည် စိတ်ချရမှာပါ ။ နောက်တစ်ခုကတော့ Laptop ကိုသုံးတိုင်းမှာ အနည်းငယ် စားပွဲမျက်နှာပြင် အထက်ကို မြှောက်ပြီး အသုံးပြုတာဖြစ်ပါတယ်။ Laptop အများစုက အောက်ခြမ်းမှာ လေစုတ်တဲ့ Intake Fan တွေပါပါတယ်။ အဲ့ဒါတွေကို ကာမထားပဲ လေဝင်လေထွက် ကောင်းအောင် လုပ်ပေးတာမျိုး လည်း ပြုလုပ်နိုင်ပါတယ်။

နာမည်ကြီး Asus Company မှ ထုတ်သည့် Laptop အချို့ဆိုရင် Laptop lid ကိုဖွင့်လိုက်တာနှင့် အောက်ခြေ Cover ကို အနည်းငယ် ဟပေးတာမျိုုး လုပ်ပေးနိုင်တဲ့အတွက် ကမ္ဘာ့ အပါးဆုံး Gaming Laptop ကို ထုတ်လုပ်နိုင် ခဲ့ပါတယ်။ Laptop နဲ့သင့်တော် နိုင်တဲ့ Fan တွေကိုလည်း အသုံးပြုပေး နိုင်ပါတယ်။

Throttlestop

နောက်ဆုံး တစ်နည်းကတော့ Throttlestop လို့ခေါ်တဲ့ Software ကို အသုံးပြုပြီး CPU ကို Undervolt လုပ်နည်းဖြစ်ပါတယ်။ Undervolt လုပ်ခြင်းကြောင့် CPU မှ ပုံမှန်ထက် အေးပြီး Turbo boost ကို ပိုကြာကြာ Maintain လုပ်ထားနိုင်တာကြောင့် ပိုမြန်စေပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။