မြန်မာ့ ရိုးရာမုန့် မုန့်ဦးနှောက် အလွယ်လုပ်နည်း

2024-04-23T07:28:12+00:00

မြန်မာ့ ရိုးရာမုန့် မုန့်ဦးနှောက် အလွယ်လုပ်နည်း မုန့်ဦးနှောက်ကိုနေရာဒေသအလိုက်ပြုလုပ်နည်းရောပုံစံပါကွဲပြားစွာတွေ့ရှိရမှာဖြစ်ပါတယ်။မန္တလေးဘက်မှာ တော့မုန့်ဦးနှောက်ကိုအခုလိုဆီချက်နဲ့ခပ်နုနုစိမ့်စိမ့်လေးသုံးဆောင်ကြပါတယ်။ရန်ကုန်ဘက်ကမုန့်ဦးနှောက် ကိုတော့အုန်းဆီချက်ပြီးအချိုသုံးဆောင်ကြလို့အနံ့ရောအရသာပါမတူကွဲပြားလို့နေပါတယ်။အညာကမုန့်ဦးနှောက်ကအမှန်တကယ်ဦးနှောက်စားရသလိုဘဲနူးညံ့ပြီးစိမ့်စိမ့်လေးမို့စားဖူးသူတိုင်းနှစ်သက်ကြမှာအမှန်ပါ။