Surface Go 3 ဟာ Intel processors အသစ်များကို ရရှိပြီပဲ ဖြစ်ပါတယ်

Image: Microsoft

Microsoft Surface Go 2 ဟာ လူအများ ၀ယ်ယူ နိုင်တဲ့ စျေး အသက်သာဆုံး laptop များ ထဲမှ တစ်ခု ဖြစ်ပြီး Surface Go 3 အသစ် ဟာ ယနေ့ ခေတ်မှာ ၎င်း၏ နောက်ဆက်တွဲ ( sequel ) တစ်ခု ဖြစ်လာ ပါတယ်။

Surface Go 3 device ဟာ Surface Go 2 နှင့် ဆင်တူ ပါတယ်။ ၎င်း device နှစ်ခု စလုံးမှာ တူညီတဲ့ 10.5-inch 1920 x 1280 display ၊ တူညီတဲ့ cameras နှင့် speakers တစ်စုံ ၊ တူညီတဲ့ ports တွေ နှင့် တူညီသော dimensions များ ပါရှိ ပါတယ်။

သိသိသာသာ ခြားနားနေတဲ့ ခြားနားချက် တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ Intel processors အသစ် တွေပဲ ဖြစ်ပါတယ်။ Surface Go 3 ကို Intel Pentium Gold 6500Y တစ်ခု ( သို့မဟုတ် ) Core i3-10100Y တစ်ခု ၊ Gold 4425Y တစ်ခု ဒါမှမဟုတ် Core m3 တစ်ခု ပါ၀င်သော Surface Go 2 ကို ရိုးရှင်းစွာ အဆင့် မြှင့်တင်ခဲ့ ပါတယ်။

Chip bump ဟာ Surface Go ကို ယခင်ကထက် ၆၀ ရာခိုင်နှုန်း ( 60 percent ) ပိုမို မြန်ဆန်ပြီး ပိုပြီး ကောင်းမွန်စွာ အသုံးပြု နိုင်သော device တစ်ခု ဖြစ်အောင် လုပ်လိမ့်မယ် ဟု Microsoft က ပြောပါတယ်။

Device ဟာ Windows 11 ကို အသုံးပြု ထားပြီး camera က Windows Hello facial recognition ကို support ပေး ပါတယ်။ စီးပွားရေး နှင့် ဆိုင်တဲ့ devices ( Commercial devices ) တွေက Windows 10 Pro ( သို့မဟုတ် ) Windows 11 Pro ကို အသုံးပြု ပါလိမ့်မယ်။ Surface Go 3 ဟာ Microsoft Pen Protocol ကို support ပေး သော်လည်း stylus တော့ ပါဝင် လာမှာ မဟုတ်ပါဘူး။ စိတ်ကြိုက် ရွေးချယ် နိုင်တဲ့ LTE ပါရှိပြီး Microsoft က ၎င်းဟာ တစ်နေကုန် ဘက်ထရီ သက်တမ်း ( all-day battery life) ကို ပေးလိမ့် မည်ဟု ပြောကြား ခဲ့ပါတယ်။

Surface Go 3 ကို မြန်မာငွေ ၇ သိန်း ဝန်းကျင်ခန့် ( $399.99 ) ဖြင့် စတင်ပြီး “select markets.” မှာ ရှိတဲ့ Microsoft Store တွင် ကြိုတင် မှာယူ နိုင်ပြီပဲ ဖြစ်ပါတယ်။ LTE models တွေကိုတော့ ဝယ်ယူလို့ မရနိုင် သေးပါဘူး။ ဒါပေမယ့် Microsoft က သူတို့က လာမယ့် လတွေမှာ ( “in the coming months.” ) ရရှိစေဖို့ သူတို့ လာနေပြီလို့ ပြောထား ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။