Storage 1TB ပါ၀င်တဲ့ ပထမဆုံး iPhone ကို အင်္ဂါနေ့တွင် ထွက်ရှိလာမည်ဟု သတင်းထွက်နေ

Last year’s iPhone 12 Photo by Vjeran Pavic / The Verge

September လ ၁၄ ရက်တွင် Apple ၏ California Streaming event မတိုင်မီ ရက် အနည်းငယ် အလိုတွင် လေ့လာ ဆန်းစစ်သူ Ming-Chi Kuo မှ ပြောကြားချက် အရ သူက iPhone 13 Pro နှင့် iPhone 13 Pro Max တို့တွင် 1TB storage (h/t 9to5Mac) ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါတယ်။

iPhone 13 နှင့် iPhone 13 mini တို့တွင် storage 128GB ၊ 256GB နှင့် 512GB တို့ ပါ၀င် သော်လည်း 64GB ပါ၀င် လာမှာ မဟုတ်ကြောင်း Kuo က ပြောကြား ခဲ့ပါတယ်။

Kuo က သူဟာ Apple အား အင်္ဂါနေ့ event မှာ AirPods 3 ကို ထုတ်ဖော် ပြသရန် မျှော်လင့် သော်လည်း Apple က AirPods 2 ကို ဆက်လက် ထားရှိ လိမ့်မည်ဟု ပြောကြားထား ပါတယ်။

သူက သတိပေး ခဲ့သည်မှာ iPhone 13 က ထောက်ပံ့ရေး ကွင်းဆက် ပြတ်လပ်မှုများ ( supply chain shortages )ကြောင့် ဖြစ်နိုင်ကြောင်း သတိပေး ခဲ့သော်လည်း iPhone 13 တင်ပို့မှု အပေါ် အကန့် အသတ် ရှိလိမ့်မည်ဟု မျှော်လင့် ထားပါတယ်။

ယခင် ပေါက်ကြားမှု များနှင့် ကောလာဟလ များဟာ မနှစ်က မော်ဒယ်များ ကဲ့သို့ အရွယ်အစားတူ မော်ဒယ် လေးမျိုး ပါ၀င်မည့် iPhone 13 lineup ကို ညွှန်ပြပါတယ်။ ဖုန်းအသစ် များတွင် video portrait mode နှင့် astrophotography mode တို့ ပါ၀င်ပြီ တိုးတက် လာသော ultrawide lens နှင့် video recording အတွက် ပိုမို ကောင်းမွန်သော optical zoom တို့ ပါ၀င်မည်ဟု မျှော်လင့် ရပါတယ်။

Apple Watch 7 နှင့် ပတ်သက်သော အခြား ကောလာဟလ များဟာ ပိုကြီးသော screens များနှင့် watchfaces အသစ်များ အပါအဝင် ပိုမို မြန်ဆန်သော processor တစ်ခု နှင့် hardware ဒီဇိုင်း အသစ်ကို ခန့်မှန်း ထားပါတယ်။ iPad Mini က big redesign တစ်ခုလည်း ရလိမ့် မည်ဟု မျှော်လင့် ရပါတယ်။

September 14 ရက် နေ့လည် ၁ နာရီ ET တွင် ကျင်းပမည် ဖြစ်ပြီး Apple Park မှ ထုတ်လွှင့်သော virtual event တစ်ခု ဖြစ်ပါ လိမ့်မယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။