Sony ၏ဆော့ဝဲလ်အသစ် က ၎င်း၏ကင်မရာများကို ဗီဒီယိုခေါ်ဆိုမှုများအတွင်း ဝက်ဘ်ကင်မရာအနေနဲ့ အသုံးပြုနိုင်ရန်ခွင့်ပြုလိုက်ပြီ

Sony ၏ဆော့ဝဲလ်အသစ် Sonyသည် ယခုအခါ ဒီဂျစ်တယ်ကင်မရာများကို ဝက်ဘ်ကင်မရာအနေဖြင့် အသုံးနိုင်ရန် ပြုခွင့်ပေးတော့မည်ဖြစ်သည်။ ယခုအခါ work from homeအလုပ်လုပ်ရခြင်းဟာ သိသိသာသာပုံမှန်ဖြစ်လာပါတယ်။ ဗီဒီယိုကွန်ဖရင့်ခေါ်ဆိုမှုများအတွက် ပိုမိုကောင်းမွန်သောအရည်အသွေး ရှိသော ဝက်ဘ်ကင်မရာများ လိုအပ်လာကြပါတယ်။ Panasonic နှင့် Olympus တို့ကတော့ သူတို့ရဲ့ mirrorless ကင်မရာများကို webcams အဖြစ်ပြောင်းအသုံးပြုနိုင်စေမဲ့ ဆော့ (ဖ်) ဝဲကို launch လုပ်ခဲ့ပြီဖြစ်ပါတယ်။Sony ကတော့ ယခုထိုservice ကိုပေးနိုင်တဲ့ company စာရင်းတွင်ပါ၀င်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် ‘Imaging Edge Webcam’ ဟုခေါ်သည့် desktop application အသစ်ကိုထုတ်ပြန်ခဲ့ပြီး ၎င်း application ကSony user များရဲ့ Sony ဒီဂျစ်တယ်ကင်မရာကို အရည်အသွေးမြင့်တဲ့ webcam တစ်ခုအဖြစ် USB မှတဆင့် PC သို့ဆက်သွယ်ခြင်းဖြင့် အလွယ်တကူ ပြောင်းလဲပေးမည် ဖြစ်သည်။ ဒီ software အသစ်က မကြာသေးမီက မှ ထွက်ရှိထားတဲ့Sony DSLR များနှင့် mirrorless မော်ဒယ်များနှင့် တွဲသုံးလို့ရမှာဖြစ်ပါတယ်။ ဤအက်ပလီကေးရှင်းသည် ယခုတော့ Windows 10 PC (သို့) လက်တော့ပ်တွေမှာသာ သုံးစွဲလို့ရ အုံးမှာ ဖြစ်ပြီး Mac user တွေအနေနဲ့ကတော့ အသုံးပြုလို့ ရအုံး မှာ မဟုတ်ပါဘူး။ Sonyရဲ့ ပြောကြားချက် အရ ကတော့ ‘Imaging Edge Webcam’ app ကို Sonyရဲ့ ကင်မရာမော်ဒယ်35ခုဖြစ်တဲ့ Alpha 9 II, Alpha 9, Alpha 7R IV, Alpha 7R III, Alpha 7R II, Alpha 7S III, Alpha 7S II, Alpha 7S, Alpha 7 III, Alpha 7 II, Alpha 6600, Alpha 6400, Alpha 6100, Alpha 5100, RX100 VII, RX100 VI, RX0 II, RX0, vlog camera ZV-1 နှင့်အခြားဟာတွေ အတွက်ပါ သဟဇာတဖြစ် ပြီး သုံးစွဲနိုင်တယ်လို့ သိရပါတယ်။

Sonyသည် ယခုအခါ ဒီဂျစ်တယ်ကင်မရာများကို ဝက်ဘ်ကင်မရာအနေဖြင့် အသုံးနိုင်ရန် ပြုခွင့်ပေးတော့မည်ဖြစ်သည်။ ယခုအခါ work from homeအလုပ်လုပ်ရခြင်းဟာ သိသိသာသာပုံမှန်ဖြစ်လာတာနှင့်အမျှ ဗီဒီယိုကွန်ဖရင့်ခေါ်ဆိုမှုများအတွက် ပိုမိုကောင်းမွန်သောအရည်အသွေး ရှိသော ဝက်ဘ်ကင်မရာများ လိုအပ်လာကြပါတယ်။ Panasonic နှင့် Olympus တို့ကတော့ သူတို့ရဲ့ mirrorless ကင်မရာများကို webcams အဖြစ်ပြောင်းအသုံးပြုနိုင်စေမဲ့ ဆော့ (ဖ်) ဝဲကို launch လုပ်ခဲ့ပြီဖြစ်ပြီး Sonyကတော့ ယခုထိုservice ကိုပေးနိုင်တဲ့ company စာရင်းတွင် ၀င်ရောက် ပါ၀င်နိုင်ခဲ့ပြီ ဖြစ်သည်။

ဤ Sony ကင်မရာများကိုဝက်ဘ်ကင်မရာအဖြစ်အသုံးပြုနိုင်ရန် ‘Imaging Edge Webcam’ အက်ပ်ကိုသင်၏ Windows 10 PC (သို့) လက်တော့ပ်တွင် ဒေါင်းလုပ်ဆွဲပြီးဆော့ (ဖ်) ဝဲကိုထည့်သွင်းကာ install လုပ်ရမှာဖြစ်ပါတယ်။ install လုပ်ပြီး သင်၏ စိတ်ကြိုက်အတိုင်း camera setting ကို ပြင်ကာ ၎င်းကို USB ကြိုးဖြင့်ကွန်ပျူတာနှင့်ချိတ်ဆက်ပါ။ ချိတ်ဆက်ပြီးတာနဲ့ တစ်ပြိုင်နက် user အနေနဲ့ Zoom (သို့) အခြားလိုက်လျောညီထွေဖြစ်သော video conferencing apps များနှင့် တွဲကာ စတင်လို့ ရရမည်ဖြစ်ကာ user တို့အနေဖြင့် Sony ကင်မရာကို webcam options အတွင်း ၌ ရွေးချယ်စရာတစ်ခုအနေဖြင့်မြင်ရမည် ဖြစ်သည်။ ဒါက ကွန်ဖရင့်ခေါ်ဆိုမှုများတွင် ဗီဒီယိုအရည်အသွေးမြှင့်ရန် ကူညီပေးမှာဖြစ်ပြီး လက်ရှိ high-end laptop တွေတောင်မှ DSLR တွေကပေးတဲ့အရည်အသွေးနဲ့ မကိုက်ညီဘူးဖြစ်နေတဲ့ ပြသာနာ အတွက် လည်း solution တစ်ခုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဖော်ပြခဲ့သည့်အတိုင်း Olympus သည်လည်း အလားတူဆော့ဝဲလ်ကို မိတ်ဆက်ခဲ့ပြီးဖြစ်ကာ ၎င်းဆော့ဖ်ဝဲသည် E-M1X၊ E-M1၊ E-M1 Mark II၊ E-M1 Mark III နှင့် E-M5 Mark II တို့ကဲ့သို့သော Olympus OM-D မော်ဒယ်များနှင့် တွဲသုံးလို့ရမှာဖြစ်ပါတယ်။ Panasonicသည်အလားတူ ဖြေရှင်းနည်းတစ်ခုကို မိတ်ဆက်ခဲ့ကာ ၎င်း softwareသည် ၎င်း၏ mirrorless ကင်မရာခြောက်ခုနှင့်သာ အဆင်ပြေသေးသည်ဟု သိရသည်။ ၎င်းတို့မှာ the Panasonic Lumix DC-GH5, Lumix DC-G9, Lumix DC-GH5S, DC-S1, DC-S1R, and DC-S1H တို့ပင်ဖြစ်သည်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။

Source: https://gadgets.ndtv.com/cameras