Software Development အတွက် Public Key Infrastructure (PKI)

PKI ရဲ့ သဘောတရားက ရိုးရှင်းတယ်လို့ ထင်ရ သော်လည်း software နှင့် ပတ်သက်တဲ့ အသုံးပြုမှု ကိစ္စတွေမှာ အသုံးပြုဖို့ ပြည့်ပြည့်၀၀ လိုက်လျောညီထွေမှု ရှိပြီး အစွမ်းထက်ပါတယ်။ ဥပမာအားဖြင့် web developers တွေက web development အတွက် certificate (SSL/TLS) validation ကို အသုံးပြုနိုင် ပါတယ်။ ဒါ့အပြင်၊ ၎င်းတို့ဟာ Multi-factor authentication ကို လွယ်ကူချောမွေ့စေဖို့ PKI ကို သုံးနိုင်ပါတယ်။

ဒီ feature က အသုံးပြုသူ အထောက်အထား( user credentials )တွေကို traditional databases တွေ (သို့မဟုတ်) ဖိုင်တွေမှာ သိမ်းဆည်းထားခြင်းမရှိတဲ့ ခေတ်မီ ဆန်းပြားသော log-in processes တွေကို ဖန်တီး နိုင်စေမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ source code ကို ဝင်ရောက်ခွင့် (access) လုံခြုံစေဖို့ အတွက် PKI ကို အသုံးပြုပြီး repositories တွေနှင့် ဖိုင်တွေရဲ့ တိကျတဲ့ အထောက်အထားများကို ကန့်သတ် ထားတာကြောင့်ပဲ ဖြစ်ပါတယ်။ဒါ့အပြင်၊ PKI က developer များအား source code encryption နှင့် source code decryption အပြင် code-signing ကို အသုံးပြုပြီး ၎င်းတို့ရဲ့ software ကို စီမံခန့်ခွဲရာမှာ ကူညီ ပေးနိုင်ပါတယ်။

Developers တွေ အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ development process တွင် PKI ကို တတ်နိုင်သမျှ အဆင်ပြေပြေ ထည့်သွင်းနိုင်မှုပဲ ဖြစ်ပါတယ်။ PKI အတွက် DevOps ကို အသုံးချ နိုင်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်။ PKI-based validation တွေကို လုပ်ငန်းသုံး ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုတွေမှာ ပေါင်းစည်းဖို့ DevOps methodology ကို အသုံးပြုနိုင်ပါတယ် ။ တနည်းအားဖြင့် DevOps ကို အသုံးပြုပြီး PKI deployment နှင့် PKI configuration ကို အလိုအလျောက် လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ် ။ အဆင်ပြေ ချောမွေ့ဖို့ အတွက် မှန်ကန်တဲ့ tools တွေ လိုအပ် ပါလိမ့်မယ်။

Public Key Infrastructure (PKI)

PKI က ၎င်းရဲ့ လက်ရှိ ရေပန်းစားမှုဟာ မကြာသေးမီက ဖြစ်လာခဲ့တယ်လို့ ထင်ရပါတယ်။ သို့သော်လည်း ၎င်းဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ ကတည်းက တည်ရှိ နေခဲ့တာပဲ ဖြစ်ပါတယ်။ အခြား တစ်ဖက်မှာ DevOps က agile ကဲ့သို့သော development pipeline methodologies အဟောင်းတွေကို အစားထိုးဖို့ အတွက် 2008 ခုနှစ်မှာ စိတ်ကူး ပုံဖော်ခဲ့ပါတယ် ။ နည်းပညာ နှစ်မျိုးလုံးကို နှစ်ပေါင်းများစွာ စေ့စေ့စပ်စပ် စမ်းသပ် ၊ စစ်ထုတ်ထားတာပဲ ဖြစ်ပါတယ်။

ယနေ့မှာ ၊ Developer တွေက DevOps ဖြင့် PKI ကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ ကျယ်ကျယ်ပြန့်ပြန့် tools တွေနှင့် instruments တွေကို အသုံးပြုခွင့် ရရှိနေတာပဲ ဖြစ်ပါတယ်။

Reference: GlobalSign

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။