Social audio app Clubhouse က invite-only platform တစ်ခု မဟုတ်တော့ပါ

NEW YORK – Live audio app Clubhouse ဟာ ၎င်း၏ ဖိတ်ကြားသည့်စနစ် ( invite system )ကို ဖျက်သိမ်းလိုက်ပြီဖြစ်ရာ မည်သူမဆို platform သို့ ၀င်ရောက်နိုင်မည် ဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့ ( ဇူလိုင် ၂၁ ) တွင် ပြောကြားခဲ့ ပါတယ်။

Social audio app Clubhouse ဟာ အသံကို social network အမျိုးအစား အသစ် တစ်ခု ဖြစ်ပါတယ် ။ ကမ္ဘာတဝှမ်းရှိ လူများ အတူတကွ စကား ပြောဆိုရန်၊ နားထောင်ရန် နှင့် အချိန်နှင့်တပြေးညီ လေ့လာရန် အတွက် စုဝေးပါတယ်။

COVID-19 ကူးစက် ပျံ့နှံ့ချိန်အတွင်း မတည်ငြိမ်သော အစောပိုင်း တိုးတက်မှုများကို မြင်တွေ့ခဲ့ရတဲ့ Social audio app Clubhouse ဟာ ယခင်အသုံးပြုသူများ ( existing user ) မှ လူများအား ဖိတ်ကြားရန် ( invite ) ဒါမှမဟုတ် စောင့်ဆိုင်းစာရင်းတစ်ခု ( a waitlist )တွင် ပါ၀င်ရန် တောင်းဆိုဖို့ လိုအပ် ပါတယ်။ blog post တစ်ခုတွင် သူက Application ကို ဖွင့်ရန် အမြဲ စီစဉ် ထားသော်လည်း အသုံးပြုသူ နံပါတ်များကို လျှော့ချဖို့ ဖိတ်ကြားထားကြောင်း ပြောကြားခဲ့ ပါတယ်။

Clubhouse က Facebook ၊ Twitter အပါအ၀င် လူမှုရေး မီဒီယာ ကုမ္ပဏီများ ( social media companies ) နှင့် အလားတူ audio chat services ကို စတင်ခဲ့သော streaming ကုမ္ပဏီ Spotify တို့၏ ပြိုင်ဆိုင်မှု အသစ် နှင့် ရင်ဆိုင် နေရ ပါတယ်။

“We know there will be many more ups and downs as we scale, and competition from the large networks will be fierce,” ကုမ္ပဏီက ၎င်း၏ post ကို ရေးသားခဲ့ ပါတယ်။

မေလ က Android ကို စတင် ထုတ်လုပ်စဉ်က လူပေါင်း ၁၀ သန်း ထည့်သွင်း ထားကြောင်း Clubhouse က ပြောကြားခဲ့ ပါတယ်။ ခွဲခြမ်းစိတ်ဖြာမှု ကုမ္ပဏီ Sensor Tower မှ ခန့်မှန်းချက် အရ အဆိုပါ app ဟာ ပြီးခဲ့သည့် လက ၃.၇ သန်း ရှိခဲ့ရာ ဇွန်လတွင် ၇.၈ သန်းခန့်ရှိ ကမ္ဘာလုံးဆိုင်ရာ install လုပ်မှုများသို့ ရောက်ရှိ ခဲ့သည်ကို တွေ့ရှိရ ပါတယ်။

၎င်း၏ အဖွဲ့ ဟာ ဇန်န၀ါရီ လမှ စ၍ လူ ၈ ဦး မှ ၅၈ ဦး အထိ တိုးချဲ့ခဲ့သည်ဟု ဆိုသော ကုမ္ပဏီက ပြီးခဲ့သည့် အပတ်က တိုက်ရိုက် စာတိုပေးပို့ရေးစနစ် ( direct messaging feature ) တစ်ခုကို စတင်ခဲ့ ပါတယ်။

အသုံးပြုသူများက ယနေ့ Clubhouse app ကို iOS ရော Android အတွက်ပါ download ပြုလုပ်နိုင်ပြီး ရက်သတ္တပတ် ၁-၂ ပတ်တိုင်းတွင် update ပြုလုပ် နိုင်မှာပဲ ဖြစ်ပါတယ်။

Source: Reuters

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။