‘significant demand’ ကြောင့် Microsoft က Windows 365 cloud PC စမ်းသပ်မှုများကို အခမဲ့ ရပ်ဆိုင်း

Microsoft က ၎င်း၏ Windows 365 cloud PC service အသစ်ကို ယခု သီတင်းပတ် အစောပိုင်းတွင် ဖြန့်ချိ ခဲ့ပြီး ကုမ္ပဏီက ၀ယ်လိုအားကြောင့် အခမဲ့ စမ်းသပ်မှုများကို ခဏ ရပ်နားထားပြီး ဖြစ်ပါတယ် ။

Windows 365 က CPU ၊ RAM နှင့် storage options အမျိုးမျိုး ရှိသော cloud PC တစ်ခုကို ငှားရမ်း စေပြီး Windows 10 (သို့) Windows 11 ကို web browser မှ တဆင့် လွှင့်ပေး နိုင် ပါတယ် ။ စာရင်း ပေးသွင်းပြီး တစ်ရက်သာ အကြာတွင် service က အမြင့်ဆုံး စွမ်းရည်သို့ ရောက်ရှိ ပါတယ်။

Microsoft 365 Twitter account မှ ကြေညာချက် တစ်ခုတွင် “ သိသာ ထင်ရှားသည့် တောင်းဆိုမှုကြောင့် ကျွန်ုပ်တို့သည် Windows 365 စမ်းသပ်မှုများ အတွက် စွမ်းရည်ကို ရောက်ရှိခဲ့သည် “ဟု ဖတ်လိုက် ရပါတယ် ။ Windows 365 program management director Scott Manchester က “ ငါတို့က Windows 365 ကို မယုံနိုင် စရာ တုန့်ပြန်တာကို တွေ့ခဲ့ရတယ်” ဟု ရှင်းပြ ထားပါတယ်။

Windows 365 ကို စီးပွားရေး လုပ်ငန်းများ တွင်သာ ရရှိ နိုင်ပါတယ် ။ အကယ်၍ ကုမ္ပဏီက အခမဲ့ စမ်းသပ်မှုများ ပြီးပြီးချင်း တစ်ရက် အလိုတွင် ကုမ္ပဏီက စွမ်းဆောင်ရည် ပြသနာများ ကြုံလာလျှင် Microsoft မျှော်မှန်း ထားသည်ထက် ပိုမို လိုအပ်ချက်များ ရှိနေ ပါတယ် ။ Microsoft ဟာ service တစ်ခု အနေနှင့် တနင်္လာနေ့တွင် vCPU တစ်ခုအတွက် $20 ၊ RAM 2GB ၊ storage 64GB နှင့် bandwidth 12GB ရှိပါက Windows 10 license ရှိပြီးသား ဖြစ်လျှင် စျေးနှုန်း သက်သာ စွာဖြင့် service ကို စတင် ခဲ့ပါတယ်။

eight vCPUs ၊ 32GB RAM နှင့် 512GB storage ပမာဏတို့ ပါ ၀ င်သော Windows 365 အတွက် configurations အမျိုးမျိုး ရှိပါတယ် ။ ကွဲပြား ခြားနားသော စျေးနှုန်း ရွေးချယ်မှုများ အားလုံးကို Windows365.com တွင် ရနိုင် ပါတယ်။ သို့သော် Microsoft က အစွမ်းထက် သွားပြီ ဖြစ်သောကြောင့် ယခု အခမဲ့ စမ်းသပ်မှု တစ်ခုအတွက် စိတ် ၀ င်စားမှုကို register လုပ်ရန် လိုပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။