Samsung Galaxy Watch အသစ်ကသွေးထဲမှသကြားဓာတ်ကိုတိုင်းတာနိုင်မည်

ET News, တောင်ကိုရီးယားမီဒီယာများအရ  Apple နှင့် Samsung သည်စမတ်နာရီသစ်အတွက် သွေးဂလူးကို့စ်စောင့်ကြည့်စစ်ဆေးသည့်စနစ်ကို တီထွင်နေကြတယ်လို့ ဖော်ပြထားပါတယ်။

သတင်းအရ ၂၀၂၁ ခုနှစ်ဒုတိယနှစ်ဝက်ခန့်မှာကျင်းပမည့်ဒုတိယအကြိမ် Unpacked ပွဲတွင် Samsung မှ၀တ်ဆင်နိုင်သောစက်ပစ္စည်းသုံးမျိုးကိုထုတ်လုပ်ဖြန့်ချီသွားမယ်လို့ မျှော်လင့်ရပါတယ်။

Galaxy Watch 4 နှင့် Galaxy Watch Active 3 တို့ပါ၀င်မည်ဟုမျှော်လင့်ရပြီး၎င်းတွင်သွေးဂလူးကို့စ်အာရုံခံ ကိရိယာပါရှိမှာဖြစ်ပါတယ် (အထူးသဖြင့် ဆီးချိုရောဂါရှိသူများ အတွက်သင့်လျော်ပါတယ်) သို့သော်အထက်ဖော်ပြပါ နာမည်နဲ့ထွက်လာမလား ဆိုတာနဲ့ပတ်သက်ပြီး အသေးစိပ်ရှင်းလင်းချက်ကိုတော့ ဖော်ပြမထားပါဘူး။

 

ET News, တောင်ကိုရီးယားမီဒီယာများအရ  Apple နှင့် Samsung သည်စမတ်နာရီသစ်အတွက် သွေးဂလူးကို့စ်စောင့်ကြည့်စစ်ဆေးသည့်စနစ်ကိုတီထွင်နေကြတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါအာရုံခံကိရိယာများကို Samsung နှင့် MIT (Massachusetts Institute of Technology) မှသုတေသီများကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ထိုသတင်းအချက်အလက် များကို လေဆာရောင်ခြည်များနှင့် ထိတွေ့သောအခါအရာဝတ္ထု၏တုန်ခါမှုမှ ထုတ်လွှတ်သည့် လှိုင်းအလျားများမှ အချက်အလက်များကိုစုဆောင်း ထားခြင်းဖြစ်ပါတယ်။

သို့သော် Apple နှင့် Samsung တို့အနေဖြင့် ECG (Electrocardiogram) တိုင်းတာခြင်းအင်္ဂါရပ်နှင့်အတူ Apple Watch Series 6 နှင့် Samsung Galaxy Watch 3 တို့ကိုထုတ်ဝေခဲ့ခြင်းသည် နိုင်ငံအတွင်း ဖြန့်ချီရောင်းချခြင်းမလုပ်ခင် ပြည်ပမှာ ဆေးဘက်ဆိုင်ရာကြီးကြပ်ရေးအေဂျင်စီထံမှခွင့်ပြုချက်ကိုရယူရန်လိုအပ်ပါတယ်။ ထို့ကြောင့် သွေးဂလူးစောင့်ကြည့်မှုအင်္ဂါရပ်ကို လည်းခွင့်ပြုချက်ထောက်ခံမှု ကိုရဖို့လိုအပ်ပါတယ်။

Source : gsmarena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။