Samsung Galaxy Chromebook Go ကို စတင် မိတ်ဆက်

Samsung က laptops အသစ်များကို ဆက်လက် ထုတ်လုပ် နေပြီး၊ latest addition ဖြန့်ချိသည့် laptops မှာ Galaxy Chromebook Go ဖြစ်ပါတယ်။

Galaxy Chromebook Go သည် အဆင့်မြင့် Chromebook laptop တစ်ခု ဖြစ်ပါတယ်။၎င်းသည် 14-inch TFT display နှင့် 1366×768-pixel resolution ရှိသည့် 720p webcam ပါဝင်သည့် entry-level Chromebook ဖြစ်ပါတယ် ။

ဤနေရာတွင် big feature မှာ လွယ်ကူစွာ ဆက်သွယ်နိုင်ခြင်း အတွက် LTE အထောက်အပံ့ပဲ ဖြစ်ပါတယ်။

သတ်မှတ်ချက်များ အရ Galaxy Chromebook Go ကို အသုံးပြု ခြင်းသည် Intel UHD graphics များ နှင့် တွဲဖက်ထားသော Intel Celeron N4500 chipset ဖြစ်ပါတယ်။

4 (သို့မဟုတ်) 8GB LPDDR4X RAM နှင့် 32GB, 64GB (သို့မဟုတ်) 128GB eMMc storage ရှိပါတယ်။

အလေးချိန် 1.45kg ရှိပြီး backlit keyboard ပါဝင် ပါတယ်။ I / O တွင် 2x USB type-C port များ ၊ USB 3.2 တစ်ခု ၊ headphone / mic jack အပြင် microSD နှင့် nano-SIM ကဒ် အထိုင်များ ပါဝင် ပါတယ်။

Galaxy Chromebook Go တွင် USB မှ တဆင့် အားသွင်း နိုင်သည့် USB-C port 45 W power ပါရှိ ပါတယ်။၎င်းတွင် 45W type-C charger ဖြင့် အားသွင်း နိုင်သည့် 42.3Wh battery တစ်ခု ပါ၀င် ပါတယ် ။

သို့သော် Samsung သည် Galaxy Chromebook Go ၏ စျေးနှုန်း နှင့် ထုတ်ကုန်အစီအစဉ်ကို ယခု အချိန်တွင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။ Reference: gsmarena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။