Samsung Galaxy Chromebook 2

ပြီးခဲ့တဲ့လပိုင်းလောက်က Samsung သည်ဇန်နဝါရီလတွင် Galaxy Chromebook 2နာမည်နဲ့ ထုတ်ကုန်တစ်ခု ဖြန့်ချီမည်ဟုခန့်မှန်းထားပြီး Premium Chrome OS အစိတ်အပိုင်းထုတ်ကုန်တွေနဲ့အတူ အလုပ်လုပ်နေကြောင်းကောလာဟာလများထွက်ပေါ်လာခဲ့တယ်။မကြာသေးမီက Evan Blass (@evleaks) Fiesta အနီရောင်နှင့် Mercury မီးခိုးရောင်ရှိ Samsung Galaxy Chromebook 2 ၏ render များကိုထုတ်ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် စက်ရဲ့ ဘေးဘက်အရောင် နှင့် ကီးဘုတ်အရောင်ကဲ့သို့သော အရင်ထွက်ထားတဲ့ စက်ထက် ပြောင်းလဲသွားတာကိုလဲတွေ့နိုင်ပါတယ်။

မျက်နှာပြင်ပတ်ပတ်လည်တွင် bezel များဖြင့် ပြုလုပ်ထားပြီးပါးလွှာနေဆဲဖြစ်ပါတယ်။ အံ့သြစရာကောင်းတာက Chrome OS shelf မှာမြင်နိုင်တဲ့ touchscreen နဲ့ stylus menu နှစ်ခုပါ ၀င်ပါတယ်။ Canvas app ကိုလည်း ပြသထားတဲ့ Google Workspace icon များအတူမြင်နိုင်ပါတယ်။ပုံမှကြည့်လျှင်စက်၏အောက်ခြေမျက်နှာပြင်မှာ နဲနဲထူလာတာကလွဲလို့ စက်၏အနားများသည် အရင်ကဲ့သို့ပါးလွှာနေဆဲဖြစ်ပါတယ်။ ဖုန်း၏ဘယ်ဘက်ခြမ်းတွင် USB-C port တစ်ခု၊ ၃.၅ မီလီမီတာနားကြပ် port တစ်ခု၊ microSD audio jack နှင့် volume up / down ခလုတ်များပါရှိပါတယ်။

ပြီးခဲ့တဲ့လပိုင်းလောက်က Samsung သည်ဇန်နဝါရီလတွင် Galaxy Chromebook 2နာမည်နဲ့ ထုတ်ကုန်တစ်ခု ဖြန့်ချီမည်ဟုခန့်မှန်းထားပြီး Premium Chrome OS အစိတ်အပိုင်းထုတ်ကုန်တွေနဲ့အတူ အလုပ်လုပ်နေကြောင်းကောလာဟာလများထွက်ပေါ်လာခဲ့တယ်။

စက်နောက်ပြန်ခေါက်နိုင်ပြီး အနောက်ဘက်မှ အအောက်ဘက်သို့ ဖြတ်သွားမယ့် လေဝင်ပေါက်တွေတပ်ဆင်ထားပါတယ်။၂၀၂၁ ခုနှစ်တွင် Galaxy Chromebook 2 ကို CES 2021 တွင်ပြသလိမ့်မည်ဟုမျှော်လင့်ရပါတယ်။

  • ၎င်းတွင် ၁၃.၃ လက်မအရွယ် QLED (Quantum dot LED) မျက်နှာပြင်တပ်ဆင်ထားပြီး Samsung ကကမ္ဘာ့ပထမဆုံး Chromebook panel တစ်ခုရှိသည်ဟုဆိုထားပါတယ်။ ၎င်းတွင် DCI-P3 အရောင် ၁၀၀% ပါဝင်ပါတယ်။
  • ဘက်ထရီစွမ်းဆောင်ရည်တိုးတက်ကောင်းမွန်ပြီး ၁၂ နာရီကျော်ကြာအောင်အသုံးပြုနိုင်ပါတယ်။
  • Series 10 Intel Core i3 နှင့် Core i5-10210U ပရိုဆက်ဆာများ
  • Wi-Fi 6 ဆက်သွယ်မှုများဖြင့်ထောက်ပံ့ပေးပါတယ်။
  • Premium အသံစနစ်
  • ပါးလွှာသောကိုယ်ထည်
  • အလေးချိန် ၂.၇၅ ပေါင် (၁.၂၅ ကီလိုဂရမ်)

Samsung Galaxy Chromebook 2 ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Best Buy ဝက်ဘ်ဆိုက်နှင့် Samsung.com တို့တွင်စတင်ရောင်းချမည်ဖြစ်ပြီးဈေးနှုန်းမှာ ၆၉၉ ဒေါ်လာ မှစ၍အမြင့်ဆုံး ၉၉၉ ဒေါ်လာ အထိကျသင့်မှာဖြစ်ပါတယ်။

Photo:GizmoNova,ComputerWorld

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။