Samsung ရဲ့ Galaxy S22 စီးရီးက တရားဝင်မဟုတ်သော ပေါက်ကြားမှုတွေရဲ့ ဒီဇိုင်း ပုံသဏ္ဍာန်

Unbox Therapy မှ ဗီဒီယို တစ်ခုက Samsung ရဲ့ ထွက်ရှိ လာမယ့် Galaxy S22 စီးရီး ဖုန်းတွေရဲ့ အမိုက်စား ဖုန်းသုံးလုံးအား ပြသ ထားပြီး ဟန်းဆက်တွေရဲ့ ဒီဇိုင်း ပုံသဏ္ဍာန်ကို စောစောစီးစီး ကြည့်ရှု နိုင်စေခဲ့ပါတယ် ။

ဗီဒီယိုကို ယခု စာရင်းမှ ပယ်ဖျက် လိုက်သော်လည်း ၊ ၎င်းကို အခြား ချန်နယ်တွေမှာ ပြန်လည် အပ်လုဒ် လုပ်ပြီ 9to5Google မှ screenshot ဓာတ်ပုံကို ရိုက်ယူ ထားခဲ့ပါတယ်။

ကင်မရာ specs နှင့် fast charger အသစ်တွေရဲ့ ပုံတွေ အပါအဝင် ထွက်ရှိ လာမယ့် ဖုန်းတွေရဲ့ အခြား အသေးစိတ် အချက်အလက်တွေ နှင့်အတူ ဗီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။

Galaxy S22 ရဲ့ အရွယ်အစားလေးတွေ အွန်လိုင်းမှာ ပေါက်ကြားလာတာဟာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။

Twitter မှ ပေါက်ကြားသူ OnLeaks က ပြီးခဲ့တဲ့ လ အလယ်လောက်က အလားတူ ဗီဒီယိုဖိုင်ကို တင်ခဲ့ပါတယ် ။ Unbox Therapy ရဲ့ ဗီဒီယိုက အဲ့ဒီ ယခင် ဒီဇိုင်းတွေကို ခိုင်ခံ့စေမယ့် ပုံပေါ်ပြီး ဟန်းဆက်တွေကို ပိုမို ရှင်းလင်းစွာ ပြသထားပါတယ်။

Unbox Therapy ရဲ့ ဗီဒီယိုမှာ ပြသထားတဲ့ ဟန်းဆက် သုံးလုံးက S22 Ultra ၊ S22 Plus နှင့် regular S22 တွေဟု ယူဆခဲ့ကြပါတယ်။ S22 နှင့် S22 Plus က မနှစ်က S21 စက်တွေနှင့် ဆင်တူတဲ့ ဒီဇိုင်းတွေ ထွက်ပေါ် လာပြီး ၎င်းတို့ရဲ့ ကျောဘက် ၊ ဘယ်ဘက် ၊ အပေါ်ဘက်မှာ ကင်မရာ အဖုလေးတွေ ပါရှိ နေပုံ ရပါတယ် ။ Model ယူနစ် နှစ်ခုစလုံးမှာ ကင်မရာ သုံးလုံး တပ်ဆင်ထားပုံပါပဲ။

မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ spec sheet မှာ regular S22 က ပိုပြီး ကျစ်လစ်တဲ့ 6.1-လက်မ မျက်နှာပြင် ( 6.1-inch display) အရွယ်အစား ရှိပါလိမ့်မယ်။ ( အကိုးအကားအရ S21 တွင် 6.2-inch display ပါရှိပါလိမ့်မယ် )။ ၎င်းက S22 Plus အတွက် အစီရင်ခံစာမှာ တင်ပြထားတဲ့ 6.55 လက်မ မျက်နှာပြင် ( 6.55-inch display ) နှင့် နှိုင်းယှဉ် ပြသ ထားပါတယ်။ ယခင် ထွက်ရှိချက်တွေ အရ နှစ်ခု စလုံးတွင် 50-megapixel အဓိက ပင်မ ကင်မရာတွေ ပါရှိမှာ ဖြစ်ပြီး extra ultra wide နှင့် telephoto cameras တွေ ပါရှိမှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက ထွက်ပေါ်ခဲ့တဲ့ ယခင် ပေါက်ကြားမှုတွေ နှင့်အညီ S22 Ultra မှာ အလွန် ကောင်းမွန်တဲ့ Galaxy Note စတိုင် ဒီဇိုင်း ပါရှိပြီး အပေါ်နှင့် အောက်ခြေ နှစ်ထပ်နှင့် S Pen stylus အတွက် built-in ကိုင်ဆောင် ထားပုံရပါတယ။ ဖုန်းရဲ့ အစီရင်ခံ တင်ပြထားတဲ့ ကင်မရာ လေးလုံးမှာ ကင်မရာ အဖုလေးတွ မရှိပါဘူး။ ပေါက်ကြားခဲ့တဲ့ spec sheet မှာ ၎င်းတို့တွင် အဓိက 108-megapixel sensor ၊ 12-megapixel ultrawide ၊ 10-megapixel 3x telephoto နှင့် 10-megapixel 10x periscope တို့ ပါဝင်မယ်ဟု အကြံပြု ရေးသား ဖော်ပြ ထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီ အဓိက ပင်မ 108-megapixel sensor မှာ Gorilla Glass တစ်မျိုး အတွက် brand တံဆိပ် တပ်ထားပုံရတဲ့ “Super Clear Glass” နဲ့ ပြုလုပ်ထားသော မှန်ဘီလူး တစ်ခု ရှိနိုင်တယ် ဆိုတာ စိတ်ဝင် စားစရာကောင်းတဲ့ spec sheet မှာ ဖော်ပြထားပါတယ်။ ပေါက်ကြားလာတဲ့ Spec Sheet နဲ့ တွဲထားတဲ့ ဗီဒီယို တစ်ခုမှာတော့ Zaryab Khan က ဒီမှန်ဘီလူး အသစ်ဟာ ညဘက် ရိုက်ကူးထားတဲ့ ကင်မရာ မှတ်တမ်းတွေမှာ ပေါ်လာနိုင်တဲ့ တောက်ပတဲ့ အစက်လေးတွေကို လျှော့ချဖို့ ဒီဇိုင်း ထုတ်ထား နိုင်တယ်လို့ Zaryab Khan က ခန့်မှန်းထား ပါတယ်။

နောက်ဆုံးမှာ WinFuture ရဲ့ Roland Quandt က S22 Ultra အတွက် အားသွင်းမြန်တဲ့ ပုံပေါ်တဲ့ images တွေကို မျှဝေ ခဲ့ပါတယ် ။ ၎င်းတွင် 45W ရှိပြီး USB-C အားသွင်းပေါက် တစ်ခုတည်းသာ ပါရှိတာကြောင့် 25W S21 Ultra နှင့် နှိုင်းယှဉ်ပါက အားသွင်း အမြန်နှုန်း တိုးလာမည်ကို အကြံ ပြု ရေးသား ဖော်ပြထားပါတယ် (Samsung ဟာ ယခင်က Note 10 Plus မှာ 45W နဲ့ အားသွင်းပေးပါတယ်)။

ဒီဖုန်းတွေ အားလုံးကို ဘယ်အချိန်မှာ ကြေညာမယ်ဆိုတာ အတိအကျ မသိရ သေးပါဘူး။ Samsung က ယမန်နှစ် ဇန်နဝါရီ လအလယ်မှာ S21 စီးရီးကို မိတ်ဆက်ခဲ့ သော်လည်း ယေဘုယျ အားဖြင့် ယခင် စီးရီးတွေ အတွက် ဖေဖော်ဝါရီလမှာ ဖြန့်ချိမှုတွေကို ပြုလုပ်ဖို့ ရွေးချယ် ခဲ့ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။