Samsung က Galaxy S21 phones တွေ အတွက် Android 12-powered One UI 4

One UI 4 includes redesigned widgets. Image: Samsung

Samsung က Galaxy S21 ၊ S21 Plus နှင့် S21 Ultra တို့ အတွက် ၎င်း၏ One UI 4 software update ကို ဒီနေ့က စတင်၍ ပြုလုပ် နေပြီ ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာ ခဲ့ပါတယ်။

Update က ယခုနှစ် ရဲ့ Android 12 ကို အခြေခံ ထားပြီး စက်တင်ဘာ လက public beta မှာ ဖြန့်ချိ ခဲ့ပြီး theme options တွေ ၊ keyboard tweaks တွေ နှင့် privacy settings အသစ် တွေကိုလည်း ထည့်သွင်း ထားခဲ့ ပါတယ်။

Samsung ရဲ့ software latest version နှင့် အတူ ပါ၀င် လာတဲ့ features အသစ်တွေဟာ Android 12 ရဲ့ အဆင့်မြှင့်တင်မှု upgrades တွေကို လိုက်လျော ညီထွေ ဖြစ်နေ သူတိုင်း နှင့် ရင်းနှီး နေမှာပဲ ဖြစ်ပါတယ် ။

ပထမဦးဆုံး ရွေးချယ် ထားတဲ့ wallpaper အပေါ် အခြေခံ၍ operating system ရဲ့ color scheme ပုံစံကို ပြောင်းလဲ နိုင်မှု အပါအဝင် Material You-style overhaul နှင့် ပြန်လည် ဒီဇိုင်း ထုတ်ထားတဲ့ widgets များလည်း ပါရှိ ပါတယ်။

Privacy-focused features အသစ်မှာ apps တွေက ဖုန်းကနေ sensitive information တွေကို ဘယ်လိုမျိုး မကြာခဏ request တောင်းဆို နေတယ် ဆိုတာကို track လိုက်တဲ့ Privacy Dashboard တစ်ခု ပါ၀င်ပြီး phone ရဲ့ camera ( သို့မဟုတ် ) microphone ကို အသုံးပြု နေချိန်မှာ ပြသတဲ့ indicators အသစ်တွေလည်း ပါရှိ ပါတယ်။

အခြားသော features အသစ်တွေမှာ animated emoji တွေ နှင့် stickers တွေကို ပံ့ပိုး ပေးတဲ့ ပြုပြင် ပြောင်းလဲ ထားတဲ့ keyboard ( tweaked keyboard ) တစ်ခု ပါဝင် ပါတယ်။

One UI 4 update ကို လက်ရှိမှာ Samsung ရဲ့ S21 series များတွင် ကန့်သတ်ထား သော်လည်း ၊ Galaxy S ၊ Galaxy Note နှင့် Galaxy A devices အဟောင်းတွေ ၊ Samsung ရဲ့ ခေါက်နိုင်တဲ့ အခြား devices တွေ ၊ tablets တွေ အပါအ၀င် ၎င်းရဲ့ အခြားသော devices တွေမှာ ၎င်းကို မကြာမီ ရရှိ နိုင်တော့မှာ ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ ပါတယ်။

၎င်းရဲ့ သတင်း ထုတ်ပြန်ချက်တွင် အဆိုပါ ဖုန်းတွေမှာ update’s release အတွက် တရားဝင် အချိန်ကာလ ( official timeframe ) ကို မပေးထား သော်လည်း ၊ ယနေ့ အစောပိုင်းက Korea မှာ ရှိတဲ့ Samsung Members app တွင် တွေ့ရတဲ့ notice တစ်ခုဟာ အချိန်ဇယား ( အချိန်ဇယား ) ကို ပိုမို ကောင်းမွန်စွာ ပေးဆောင် ထားပါတယ်။

Post တင်ပြီး မကြာမီ ဖျက်လိုက်တဲ့ အဲ့ဒီ notice အရ Z Flip 3 ၊ Z Fold 3 ၊ S20 series ၊ Note 20 series ၊ Z Fold 2 နှင့် Z Flip 5G တို့ဟာ ဒီဇင်ဘာလမှာ ၎င်းတို့ရဲ့ One UI 4 updates တွေကို လက်ခံ ရရှိမှာပဲ ဖြစ်ပါတယ်။

Older foldables တွေ အပြင် Note 10 နှင့် S10 devices တွေလည်း ဇန်နဝါရီလတွင် နောက်မှာ ပါ၀င် လာနိုင် သော်လည်း Samsung ရဲ့ tablets တွေ ဖြစ်တဲ့ Tab S7 နှင့် S7 Plus တို့က ဖေဖော်ဝါရီလ မှ စတင်၍ update ကို စတင် လက်ခံ နိုင်မှာပဲ ဖြစ်ပါတယ်။

The Privacy Dashboard shows how often apps are requesting sensitive info. Image: Samsung

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။