Qualcomm ၏ချစ်ပ်အသစ်အချက်အလက်များပေါက်ကြား

Qualcomm မှပထမဆုံး desktop device ဖြစ်သော Snapdragon 8cx ARM chipset ကိုမိတ်ဆက်ခဲ့ ပါတယ်။ သို့သော်စွမ်းဆောင်ရည်အရ မျှော်လင့်ထားတာနဲ့အရမ်းကိုကွာဝေးနေပါတယ်။ အထူးသဖြင့် Apple မှစွမ်းရည်မြင့် Apple M1 ကိုမိတ်ဆက်လိုက်သောအခါ ကွာဟမှုများရှိနေပါတယ်။

သို့သော်မကြာသေးမီက WinFuture မှသတင်းရရှိသည်မှာ Qualcomm သည် SC8280 နာမည်ဖြင့် ARM ဗိသုကာအခြေပြု chipsets အသစ်နှစ်ခုကိုတီထွင်နေတာဖြစ်ပါတယ်။

စိတ်ဝင်စားစရာမှာ Qualcomm သည်စွမ်းအင်ချွေတာသည့်ပရိုဆက်ဆာများမှရွေးချယ်အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် chipset တွင်စွမ်းအင်နိမ့်သည့်ပရိုဆက်ဆာပါဝင်ပြီး စွမ်းအားမြင့်ပရိုဆက်ဆာ Core များနှင့်အတူတူရောနှောနေတာဖြစ်ပါတယ်။

Qualcomm မှပထမဆုံး desktop device ဖြစ်သော Snapdragon 8cx ARM chipset ကိုမိတ်ဆက်ခဲ့ ပါတယ်။ သို့သော်စွမ်းဆောင်ရည်အရ မျှော်လင့်ထားတာနဲ့အရမ်းကိုကွာဝေးနေပါတယ်။

ဆိုလိုသည်မှာ Snapdragon chipset အသစ်သည် အပြည့်အဝစွမ်းရည်ကို ပြသနိုင်ရန်အတွက် အလယ်အလတ်စွမ်းအင်မှအဆင့်မြင့်ပရိုဆက်ဆာ core များပေါ်တွင်အထူးအာရုံစိုက်ထုတ်လုပ်နေခြင်းဖြစ်ပါတယ်။

WinFuture ရဲ့ဖော်ပြချက်အရ မော်ဒယ်နှစ်မျိုးထွက်လာမှာဖြစ်ပြီး တစ်မျိုးမှာ SC8280XP အမည်ဖြင့် 2.43GHz အမြန်နှုန်း , အဆင့်မြင့်သော 4-core ပရိုဆက်ဆာနှင့် 2.7GHz အမြန်နှုန်း Gold +  series ပရိုဆက်ဆာတို့ပါဝင်လာမှာပါ ။ အမြင့်ဆုံးအမြန်နှုန်း 3.0GHz အထိမြန်နိုင်ပါတယ်။

၎င်း Chipset တွေကို ၁၄ လက်မမျက်နှာပြင်နှင့် 32GB RAM ပါဝင်သည့်လက်ပ်တော့တွင်စမ်းသပ်အသုံးပြုခဲ့ပါတယ်။ ဆိုလိုသည်မှာ၎င်း Chipset အသစ်နှစ်ခုလုံးသည်ပရီမီယံစျေးကွက်အတွက်ပိုပြီးအာရုံစိုက်ဖြန့်ချီမှာဖြစ်ပါတယ်။

အကယ်၍ ကိန်းဂဏန်းများကိုကြည့်ပါက Qualcomm ဟာပေါ့သေးသးနဲ့လာတာမဟုတ်ကြောင်းကိုကြိုတင် ခန့်မှန်းနိုင်ပါတယ်။  Intel ဘက်မှ Windows ထုတ်ကုန်များအတွက် ARM ဈေးကွက်ကို Qualcomm ဘက်ကိုဆုံးရှုံးနိုင်ဖွယ်ရှိနေပါတယ်။သို့သော်စိတ်ဝင်စားစရာအချက်အနေဖြင့် စွမ်းရည်ပိုင်းလည်းမလျော့ပဲ  အပူကိုကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်း စွမ်းအင်ထုတ်လွင့်မှုစီမံခန့်ခွဲနိုင်ခြင်းရှိတဲ့ Apple M1 သည်လည်း အံ့အားသင့်စွာစွမ်းဆောင်နိုင်တာဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။