Qualcomm မှ Apple M1 သည်တကယ်ကောင်းကြောင်းထောက်ခံ

Qualcomm သည် Snapdragon 8cx chipset ၏ဒုတိယမျိုးဆက်ကို ဖြန့်ချီခဲ့ပြီး တိုးတက်မှုသည်ယခင် version ထက်ပိုမိုကောင်းမွန်ကြောင်းကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့်သူက Apple M1 ကိုတော့ မမှီနိုင်သေးပါဘူး။

ထို့အပြင် Qualcomm မှ Apple ၏ Processor တိုးတက်မှုသည် ကောင်းမွန် ပြီးဖြစ်သင့်ကြောင်း ကိုလဲထောက်ခံထားပါတယ်။ နိုင်ငံခြား မီဒီယာမှ သတင်းအချက်အလက်များအရ  Qualcomm သည်မျိုးဆက်သစ် Chips များအတွက်ကြိုးပမ်း လုပ်ဆောင် နေကြောင်းသိရပါတယ်။

WinFuture မှဖော်ပြခဲ့သည်မှာ Qualcomm ဟာ Snapdragon SC8280 ဟုအမည်ပေးထားတဲ့ processor အသစ်ကိုစမ်းသပ်နေပြီး ၎င်းဟာ Snapdragon 8cx ထက် ပရိုဆက်ဆာပိုများပြီး ၁၄ လက်မအရွယ် laptop တွင်ထည့်သွင်းစမ်းသပ်ခဲ့ပါတယ်။ Tester Notebook တွင်လည်း Snapdragon X55 ကိုတပ်ဆင်ထားပါသေးတယ်။

 

Qualcomm သည် Snapdragon 8cx chipset ၏ဒုတိယမျိုးဆက်ကိုဖြန့်ချီခဲ့ပြီးတိုးတက်မှုသည်ယခင် version ထက်ပိုမိုကောင်းမွန်ကြောင်းကိုသိသိသာသာတွေ့မြင်နိုင်ပါတယ်။

အဆိုပါပစ္စည်းသည် 8GB LPDDR5 RAM ကိုအသုံးပြုထားပြီးအများဆုံး 32GB ဖြင့်ထောက်ပံ့ပေးထားပါတယ်။ သို့သော် LPDDR4X အမျိုးအစားဖြစ်နေပါတယ်။  Apple M1 ဘက်တွင် RAM 16GB အထိထောက်ပံ့ ပေးနိုင်တော့ memory များဖြင့် စုစည်း ထားပါတယ်။ ဂဏန်းအနေနဲ့ ကြည့်မယ်ဆိုရင်တော့ Snapdragon 8cx ဘက်ကပိုပြီးတော့ အားသာနေပါတယ်။

ဒါပေမယ့် Apple ဘက်ကလည်း ဒီလောက်နဲ့ မရပ်တန့်နေပါဘူး။ Apple ကဒီနှစ် နှောင်းပိုင်းမှာ cores 12 နဲ့အထက်ရှိတဲ့ Apple M1 ရဲ့ version အသစ်ကိုဖြန့်ချီပါလိမ့်မယ်။ အရည်အသွေးမြင့်မားသော MacBook Pro နှင့် iMac lineup တို့တွင်အသုံးပြု သွားမယ်လို့ မျှော်လင့်ရပါတယ်။ Qualcomm ဘက်တွင်လည်း Apple M1 ထက်ပိုမိုအားကောင်းသည့် chip ကိုပြုလုပ်နိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။

Source : WCCFTECH

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။