PugetBench for After Effects ကို ဘယ်လို ဖွင့်ရမလဲ ?

ပြီးခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်း၊ PC က စျေးကွက်မှာ အခြားသူတွေထံ ဘယ်လောက် ကောင်းမွန်စွာ စုစည်းထားတယ် ဆိုတာကို ကြည့်ရှုဖို့ လက်ပ်တော့ သုံးသပ်ချက်တွေမှာ လုပ်ဆောင်တဲ့ စံနှုန်းအချို့ကို ဘယ်ကဲ့သို့ လုပ်ဆောင်နိုင်တယ် ဆိုတာကို ပြသထားပါတယ် ။ ယနေ့၊ PC ထုတ်လုပ်သူ Puget Systems မှ ဖန်တီးထားတဲ့ PugetBench for After Effects ကို ကြည့်ရှုနိုင် ပါတယ်၊၊ ကွန်ပျူတာက VFX နှင့် graphics အလုပ်လုပ်ပုံကို ကောင်းစွာ ကိုင်တွယ်နိုင်ပုံကို တိုင်းတာမှာပဲ ဖြစ်ပါတယ် ။

ဒီ benchmark က beta မှာသာ ရှိနေသေးကြောင်း သတိပြုဖို့ အရေးကြီး ပါတယ် ။ ၎င်းက အခြားသော Puget benchmarks တွေထက် ( စောစောကပြောခဲ့တဲ့ Photoshop အတွက် တစ်ခု အပါအဝင် ) အနည်းငယ် ပို၍ လွဲချော် နေပါတယ်။ ။ အကယ်၍ ပြဿနာတွေ ကြုံနေရပါက၊ Puget Systems တွင် ကြိုးစားဖို့ ပြဿနာ ဖြေရှင်းခြင်း အဆင့်တွေ စာရင်း ရှိပါတယ် ။ PugetBench for After Effects လုပ်ဆောင်နေချိန်မှာ system ကို အသုံးမပြုဖို့ ပိုပြီး အရေးကြီး ပါတယ်။ ၎င်းက အခြေခံ benchmark ကို ချိုးဖျက် နိုင်ပြီး ပြန်လည် စတင်ရန် တွန်းအား ပေးနိုင် ပါတယ်။

Benchmark ကို Run ဖို့ ဆိုရင် –

  • After Effects ကို ဖွင့်ပါ။
  • After Effects -> Preferences -> Scripting & Expressions သို့ သွား၍ Allow Scripts to Write Files and Access Network ဘေးရှိ အကွက်ကို အမှန်ခြစ်ပါ။
  • Composition အသစ် တစ်ခု လုပ်ပါ၊၊ ထို့နောက် Composition -> Preview ကြည့်ရှုပြီး အလုပ် မလုပ်တဲ့ အခါမှာ Cache Frames When Idle တွေကို အမှန်ခြစ် ဖြုတ်ပါ။ အဲ့ဒီအရာ လုပ်ပြီးတာနှင့် composition အသစ်ကို ပိတ်နိုင် ပါတယ်။
  • ယခု plug-in ကို အသုံးပြုဖို့ အဆင်သင့် ဖြစ်ပါပြီ ။ Window -> Extensions -> PugetBench for After Effects သို့ သွားပါ။ license key (တစ်ခု ရှိပါက) ရိုက်ထည့် နိုင်ပြီး အလိုရှိတဲ့ အခြား settings တွေကို ပြုပြင် ပြောင်းလဲနိုင်တဲ့ window တစ်ခု ပေါ်လာမှာပဲ ဖြစ်ပါတယ်။
  • Run Benchmark ကို နှိပ်ပါ။

မှတ်ချက်- After Effects အသုံးပြုဖို့ အတွက် အနည်းဆုံး 12GB memory ရှိဖို့ လိုအပ် ပါတယ်။ လုံလုံလောက်လောက်မရှိပါက၊ benchmark က အမှားအယွင်း ဖြစ်ပြီး နောက်ထပ် ခွဲဝေပေးဖို့ ပြောပြပါလိမ့်မယ်။

ပြီးသွားတဲ့ အခါ benchmark က score တစ်ခု ပေးမှာ ဖြစ်ပြီး ( license code မထည့်ပါက ) ၎င်းကို public database သို့ အပ်လုဒ် လုပ်ပါ ။ ဒီနေရာမှာ၊ score က benchmark ကို လုပ်ဆောင်တဲ့ အခြားစက်တွေနှင့် ဘယ်ကဲ့သို့ ပေါင်းစည်းတယ် ဆိုတာကို မြင်နိုင်ပါတယ် ။ Puget Systems ရဲ့ benchmarks တွေ အားလုံး အတွက် ရလဒ်တွေဟာ ဒီနေရာမှာ ရှိပါတယ်။. ထို့ကြောင့် ၎င်းတို့ကို ကြည့်ရှုတဲ့ အခါ After Effects ကို ရွေးချယ် ထားဖို့ လိုအပ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။