Pixel Phones တွေဟာ Emergency တစ်ခုမှာ video ကို အလိုအလျောက် record ယူပြီး upload တင်နိုင်ပါတယ်

Google က ၎င်း၏ Pixel Android phones တွေ မှတဆင့် သီးသန့် ကမ်းလှမ်းတဲ့ features တွေထဲက တစ်ခုမှာ Personal Safety app ဖြစ်ပါတယ်။ ဖြတ်သန်းလာခဲ့တဲ့ နှစ်တွေ တစ်လျှောက်မှာ emergency contacts တွေကို အချိန်မီ မတုံ့ပြန် နိုင်ရင် emergency contacts တွေကို အလိုအလျောက် အကြောင်း ကြားပေးတာ နှင့် ကား မတော်တဆမှု တစ်ခု ဖြစ်ခဲ့ကြောင်း သိရှိပါက ၉၁၁ သို့ အလိုအလျောက် ခေါ်ဆိုနိုင်မယ့် safety check-in လိုမျိုး features တွေ ပါ၀င် လာပါတယ်။

XDA-Developers များနှင့် Android Police တို့က Emergency SOS ကို ဖွင့်ထားရင် video ကို အလိုအလျောက် မှတ်တမ်း တင်ပေးနိုင်တဲ့ feature အသစ် တစ်ခုကို ထောက်ပြ ထားပါတယ်။

Google Play မှ update ကို Pixel device တစ်ခုမှာ ထည့်သွင်း ခဲ့ပါတယ်။ ၎င်းဟာ Phone မှာ လုံလောက်တဲ့ storage ရှိတယ်လို့ ယူဆပါက ၎င်းကို စဖွင့်ပြီးတာနဲ့ ၄၅ မိနစ် အထိ အဆက်မပြတ် record လုပ်နိုင်ပါတယ် ဟု users တွေကို အသိပေးထား ပါတယ်။

Internet connection တစ်ခု ချိတ်ဆက်မှု ရှိတယ်ဆိုရင် video ဟာ Google Account သို့ အလိုအလျောက် back up လုပ်မှာ ဖြစ်ပြီး ၎င်းကို ခုနစ်ရက် အထိ သိမ်းထား နိုင်ပါလိမ့်မယ်။

အလိုအလျောက် Share ဖို့ app ကို ပြောပါက ၎င်းဟာ ရွေးချယ် ထားတဲ့ Emergency Contacts တွေဆီကို ထို video file အတွက် link တစ်ခုကို ပို့ပေး ပါလိမ့်မယ်။

Pixel phone တစ်လုံး ရှိတယ် ဆိုရင် Personal Safety app ၏ settings တွေမှာ ထို feature ကို တွေ့နိုင် ပါတယ်။ Emergency SOS ကို activate လုပ်ဖို့ users တွေက phone ၏ power button ကို ငါးကြိမ် နှိပ်ပေး ရမှာပဲ ဖြစ်ပါတယ်။

၎င်းဟာ active ဖြစ်နေ စဉ်မှာ recording တစ်ခု ဖြစ်ပေါ် နေတာကို ညွှန်ပြဖို့ phone ကို minimized viewfinder နှင့် notification icon တို့ နှင့်အတူ phone ကို အသုံးပြုဖို့ အသင့် ရှိနေဆဲပဲ ဖြစ်ပါတယ်။

Emergency SOS ဟာ 911 ကို ခေါ်ဆိုခြင်း ၊ activate လုပ်ပြီးတဲ့ အခါ alarm sound တစ်ခု မြည်စေဖို့ ( သို့မဟုတ် မမြည်စေဖို့ ) ရွေးချယ်ခြင်း ဒါမှမဟုတ် emergency contacts တွေနှင့် သတင်း အချက်အလက် ကို share နိုင်တာတို့ အပါအ၀င် settings ပေါ်မှာ မူတည်၍ အခြား အရာတွေကို လုပ်ဆောင် နိုင်ပါတယ်။

အခြား phones တွေ အတွက် Google ဟာ Android 12 အတွက် အစောပိုင်း Beta မှာ Emergency SOS version ကို စမ်းသပ် ခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ ဒီ app နှင့် feature set ဟာ Pixel line အတွက်သာ ဖြစ်ပါတယ်။

Reference: The Verge

Pixel Emergency SOS settings screens Image: Cameron Faulkner

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။