Photoshop အတွက် PugetBench ကို ဘယ်လို ဖွင့်ရမလဲ ?
![Screenshot_2022_06_17_123439.0](https://www.mitelar.com/wp-content/uploads/sites/25/2022/06/Screenshot_2022_06_17_123439.0.jpg)
Puget Systems က Adobe Creative Cloud မှာ အလိုအလျောက် လက်တွေ့ကမ္ဘာက အလုပ် ( real-world tasks ) တွေကို အသုံးပြု၍ PC ကို စမ်းသပ်ဖို့ မတူညီတဲ့ benchmarks များစွာကို ပေးဆောင် ပါတယ်။ ၎င်းတို့ထဲမှ အချို့ ( ဥပမာ Premiere Pro အတွက် ) က အနည်းငယ် ရှုပ်ထွေးပြီး စတင် လည်ပတ်ဖို့ အချိန် အနည်းငယ် ကြာနိုင် ပါတယ်။ သို့သော် ၎င်းတို့ထဲမှ တစ်ခုဖြစ်တဲ့ Photoshop for PugetBench က အလွန် ရိုးရှင်း ပါတယ်။
Photoshop အတွက် PugetBench က မျက်နှာဖုံး ပြုပြင်ခြင်း ( mask refinement ) နှင့် gradient များ အပြင် မှန်ဘီလူး ပြုပြင်ခြင်း ( lens correction ) နှင့် ဆူညံသံ လျှော့ချခြင်း ( noise reduction ) ကဲ့သို့သော စစ်ထုတ်ခြင်း လုပ်ငန်းတွေ ( filter tasks ) အပါအဝင် ကွန်ပျူတာက ဘယ်လောက် မြန်မြန် လုပ်ဆောင် နိုင်တယ် ဆိုတာကို တိုင်းတာ ပါတယ် ။ Puget ရဲ့ အခြား benchmarks တွေနှင့် မတူဘဲ ၊ Photoshop benchmark က စနစ် ထည့်သွင်းဖို့ အမြန် plug-in တစ်ခုသာ လိုအပ် ပါတယ်။
Note : ဒီ benchmark က Photoshop ရဲ့ M1-native version အတွက် support မရရှိ သေးပါဘူး။
- Creative Cloud Desktop app က Stock and Marketplace -> Plugins သို့ သွားပါ။
- Photoshop အတွက် PugetBench ကို ရှာပြီး Install ကို နှိပ်ပါ ။ Plug-in မထည့်သွင်းမီ Photoshop ကို ပိတ်ထား ရမှာပဲ ဖြစ်ပါတယ်။
- plug-in ကို install လုပ်ပြီးတာနှင့် Photoshop ကို ဖွင့်ပါ။
- Photoshop အတွက် Window -> Extensions -> PugetBench သို့ သွားပါ။ ပေါ်လာတဲ့ window မှာ license code ရိုက်ထည့်ကာ အလိုရှိတဲ့ အခြား settings တွေကို စီစဉ် သတ်မှတ်ပါ။
- Run Benchmark ကို နှိပ်ပါ။
PugetBench ကို ဒီနေရာမှ ယူရပါ လိမ့်မယ်။ မောက်စ်ကို လည်ပတ် နေချိန်မှာ မရွှေ့ရပါဘူး။
![Screenshot_2022_06_17_123738](https://www.mitelar.com/wp-content/uploads/sites/25/2022/06/Screenshot_2022_06_17_123738.png)
Here’s where the menu is.
![Screenshot_2022_06_17_123439](https://www.mitelar.com/wp-content/uploads/sites/25/2022/06/Screenshot_2022_06_17_123439.png)
And here’s what it looks like while it’s running.
Benchmark ပြီးတာနှင့်၊ ရလဒ်တွေက PugetBench window တွင် ပေါ်လာ ပါလိမ့်မယ် ။ ၎င်းတို့ကို public PugetBench database သို့လည်း အပ်လုဒ် လုပ်မှာပဲ ဖြစ်ပါတယ်။ ဒီ page မှာ ရလဒ်တွေကို အခြား PCs တွေ ရရှိတဲ့ ရလဒ်တွေနှင့် နှိုင်းယှဉ် နိုင်ပါတယ် ။ စနစ် တစ်ခုစီမှာ အလုံးစုံ ရမှတ် အပြင် GPU နှင့် စစ်ထုတ်တဲ့ လုပ်ဆောင်စရာတွေ အတွက် သီးခြား ရမှတ်တွေ ပါရှိ ပါတယ်။
Reference: The Verge
သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။