OPPO မှ နောက်ထပ် Brand တစ်ခုအနေနဲ့ကြိုးမဲ့အားသွင်းစနစ်ကို မိတ်ဆက်

MWC ပွဲတွင် OPPO သည် Xiaomi နှင့် Motorolaတို့ဘက်မှအစောပိုင်းတွင်မိတ်ဆက် ပေးသွားတဲ့ အတိုင်းစစ်မှန်သော ကြိုးမဲ့အားသွင်းစနစ် (Wireless Air Charging) ကိုစတင်မိတ်ဆက် ပေးခဲ့ပါတယ်။

OPPO မှပြသသွားတဲ့သရုပ်ပြ ဗွီဒီယိုကလစ်တွင်ကုမ္ပဏီသည် OPPO X 2021 သို့မဟုတ် ဆွဲဆန့်နိုင်သောမျက်နှာပြင်ပါသည့်စမတ်ဖုန်းကိုအသုံးပြုပြသသွားတာဖြစ်ပါတယ်။ Video Clip တွင်ရိုးရှင်းသော  သာမာန် ကြိုးမဲ့အားသွင်းစနစ်လို့ထင်ရပေမယ့် စမတ်ဖုန်းကို ၎င်းအားသွင်းစက်မှ ဆွဲဖြုတ်ပြသခဲ့သော်လည်း အားသွင်းနေဆဲဖြစ်ပါတယ်။

ဒီကြိုးမဲ့အားသွင်းစနစ်ပြသခြင်း၊ ကြိုးမဲ့အားသွင်းခြင်း ကိုပြသတဲ့ဗွီဒီယို ကလစ်တွင် လက်မအနည်းငယ်အတွင်း OPPO X 2021 ကြိုးမဲ့အားသွင်းခြင်းသာပြသသွားတာဖြစ်ပါတယ်။

MWC ပွဲတွင် OPPO သည် Xiaomi နှင့် Motorolaတို့ဘက်မှအစောပိုင်းတွင်မိတ်ဆက်ပေးသွားတဲ့ အတိုင်းစစ်မှန်သော ကြိုးမဲ့အားသွင်းစနစ် (Wireless Air Charging) ကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။

ကုမ္ပဏီဘက်မှဘယ်လောက်အကွာအဝေး ဘယ်လောက်ထိအားသွင်းနိုင်သည်ကို အသေးစိတ် ဖော်ပြထားခြင်းမရှိသေးပါ။ အနာဂတ်မှာပိုမိုကောင်းမွန်တဲ့ update သတင်း အချက်အလက်များထွက်လာရန် OPPO ကိုစောင့်ဆိုင်းရအုန်းမှာဖြစ်ပါတယ်။အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း OPPO သည်ကြိုးမဲ့အားသွင်းစနစ်အားပထမဆုံးထုတ်လုပ်သည့် OEM အမှတ်တံဆိပ်တော့မဟုတ်ပါဘူး ။

Xiaomi ဘက်ကလည်း Mi Air Charge လို့ခေါ်တဲ့ကြိုးမဲ့အားသွင်းစက်ကို ထုတ်လုပ် ထားပြီး  2-3 မီတာအကွာအဝေးအတိုင်းအတာဖြင့် အခန်းတစ်ခန်းထဲမှာအားသွင်းနိုင်တဲ့ ကြိုးမဲအားသွင်းစနစ်ကိုထုတ်လုပ်ထားတာပါ။နောက်ဆုံးရသတင်းအနေဖြင့် OPPO အားသွင်းနိုင်တဲ့  power နဲ့ပတ်သတ်ပြီးသတင်းအချက်အလက်တွေကို ထပ်မံ ပြောကြား ခဲ့ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် Wireless Air Charging တွင် Xiaomi ထက်အနည်း ငယ်ပိုသော 7.5W စွမ်းအင်ကိုထောက်ပံ့ပေးလိမ့်မယ်လို့ထုတ်ပြန်ထားပါတယ်။

Photo : 91Mobiles

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။