Open Source နည်းပညာများသည် မြန်မာ Developer များအတွက် ဘယ်လိုအကျိုးရှိသလဲ?

Open Source

နည်းပညာကမ္ဘာကြီးမှာ Open Source ဆိုတာ များပြားတဲ့ Software, Tools နဲ့ Library တွေကို အခမဲ့ အသုံးပြုခွင့်ရပြီး စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့နည်းပညာပုံစံတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း Developer များအတွက် Open Source နည်းပညာတွေက အရေးကြီးတဲ့ အရင်းအမြစ်တစ်ခုအဖြစ် မြင့်မားလာနေပြီ ဖြစ်ပါတယ်။

Open Source နည်းပညာ၏ အဓိကအကျိုးကျေးဇူးများ

  1. အခမဲ့အသုံးပြုနိုင်ခြင်း
    ပုံမှန် Software တွေက ဝယ်ယူရမှာဖြစ်တဲ့အစား၊ Free software တွေကို အခမဲ့ ရယူနိုင်တယ်ဆိုတာ Developer အသစ်တွေ၊ စတင်လေ့လာသူတွေအတွက် အထူးအကျိုးရှိပါတယ်။ ဒီလိုဖြင့် စီးပွားရေးသက်သာပြီး စိတ်ကူးတွေကို လွယ်ကူစွာ စမ်းသပ်နိုင်ပါတယ်။

  2. Open Socure PlatForm Developer တွေက ကူညီပေးခြင်း
    GitHub နဲ့ အခြား platform တွေမှာ Developer တွေက ကိုယ်ပိုင် project များဖန်တီးပေးနေကြပြီး bug fix တွေ၊ feature add တွေကို တွဲဖက်လုပ်ဆောင်ပါတယ်။ ဒီလိုဖြင့် မြန်မာ Developer တွေဟာ နိုင်ငံတကာနဲ့ မျှတတဲ့ နည်းပညာတွေကို အမြန်ရယူနိုင်ပါတယ်။

  3. နည်းပညာလေ့လာရေးအတွက် အကောင်းဆုံးအရင်းအမြစ် ဖြစ်ခြင်း 
    Free Software တွေကို လေ့လာခြင်းက လက်တွေ့ ကျွမ်းကျင်မှုရရှိစေပြီး နည်းပညာပိုင်း အတွေ့အကြုံကို ပိုမိုတိုးတက်စေပါတယ်။ လေ့လာသူတွေဟာ Source Code ကို ကိုယ်တိုင်ဖတ်ရှု့နိုင်ပြီး အကြောင်းအရာအပြည့်အစုံနားလည်ခြင်း၊ Customization လုပ်ခြင်းတို့ကို လွယ်ကူစေပါတယ်။

  4. မြန်မာ Developer များအတွက် လုပ်ငန်းခွင်မှာ အခွင့်အရေးများ ဖန်တီးပေးခြင်း
    Free software နည်းပညာတွေကို အသုံးပြုနိုင်ခြင်းက မြန်မာ Developer တွေကို နိုင်ငံတကာမှာ ယှဉ်ပြိုင်နိုင်ဖို့ အရည်အချင်း မြှင့်တင်ပေးပြီး Freelance နေရာတွေ၊ Global Project တွေမှာပါ ဝင်ရောက်နိုင်စေပါတယ်။

မြန်မာ Developer များအတွက် အကြံပြုချက်များ

  • GitHub ကို အစဉ်အမြဲအသုံးပြုပါ
    GitHub သည် Source Code များကို မျှဝေဖို့နှင့် Project များကို တိုးတက်စေဖို့ အရေးကြီးတဲ့ platform ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ project များကို စတင်ဖန်တီးပြီး ပေါင်းသင်းဆောင်ရွက်ပါ။

  • VS Code နဲ့ Linux စနစ်များကို လေ့လာပါ
    VS Code သည် အခမဲ့ IDE တစ်ခုဖြစ်ပြီး Linux OS သည် နည်းပညာသုံး Developer များအတွက် အထူးအကျိုးရှိသော operating system ဖြစ်ပါတယ်။

  • Firebase Free Plan ကဲ့သို့သော Cloud Service များကို အသုံးချပါ
    Firebase ကဲ့သို့သော cloud service တွေက Developer တွေရဲ့ project တွေကို လွယ်ကူစွာ ဆောက်လုပ်နိုင်စေပြီး အသုံးစရိတ်လည်း သက်သာစေပါတယ်။

နိဂုံးချုပ်

မြန်မာနိုင်ငံမှာ Free software နည်းပညာတွေကို စတင်အသုံးပြုနေသူများ မြင့်တက်လာပြီဖြစ်ပြီး နည်းပညာတိုးတက်မှုတွင် အရေးပါတဲ့ အခန်းကဏ္ဍ ရယူနေပြီဖြစ်ပါတယ်။ Developer အသစ်များနှင့် နည်းပညာစိတ်ဝင်စားသူများအတွက် Free software သည် ပွင့်လင်းပြီး တိုးတက်မှု အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်

Microsoft 365 နဲ့ အခြားသော Products များအကြောင်းစိတ်ဝင်စားပါက သို့မဟုတ် ပိုမို သိရှိလိုပါက Thetys Myanmar သို့ ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျ။

reference website : Fusion Solution

သင်ကျွန်ုပ်တို့နှင့်ဆက်သွယ်လိုပါက ဤနေရာကို နှိပ်ပါ