OnePlus Nord CE 5G Launch တွင် ဘာတွေ အဆင့်မြှင့်တင်ထားသလဲ?

OnePlus သည်“ the core OnePlus experience , for less” ဟူသော ဆောင်ပုဒ်အောက်တွင် OnePlus Nord CE 5G ဖြင့် စမတ်ဖုန်း အသစ်တစ်မျိုးကို Nord စီးရီးတွင် စတင် မိတ်ဆက်လိုက်ကြောင်း ကြေငြာခဲ့ပါတယ်။

ဆိုလိုသည်မှာအသုံးပြုသူများသည် OnePlus အသုံးပြု နေရသကဲ့သို့ စမတ်ဖုန်း အတွေ့အကြုံ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းကတော့ အရင်ကထက် နိမ့်မှာ သေချာပါတယ်။

CE = Core Edition

OnePlus Nord CE 5G တွင် 6.43 လက်မအရွယ် AMOLED screen ရှိပြီး 90Hz Refresh Rate နှင့်အတူ HDR10 + ကို အထောက်အပံ့ ပေးပြီး တောက်ပသော display ပါ ရှိပါသည်။ Processor ကို Qualcomm ရဲ့ Snapdragon 750G 5G chipset ဖြင့် ယခင် generationနှင့် နှိုင်းယှဉ်လျှင် 20% ပိုမို ကောင်းမွန်သော CPU (Kryo 570) processing နှင့် 10 % ပိုမို မြင့်မားတဲ့ GPU (Adreno 619) processing တို့ကို အသုံးပြုထားပါသည်။ ထို့အပြင် အဆင့်မြင့် AI computingကို develop ထားပြီး 6/8/12GB RAM နှင့် Internal Storage 128/256 GB တို့ ပါရှိပါသည်။

နောက်ကင်မရာ ၃ ခုရှိပြီး resolution 64 million pixelsရှိသည့် အဓိက ကင်မရာ၊ f / 1.79 ၏ ကြီးမားသော aperture၊ 8 million pixels နှင့်အကျယ် 119 ဒီဂရီ (degrees)ရှိသည့် Ultra-wide-angle မှန်ဘီလူး ပါဝင်ပါသည်။ ကြည်လင်သော ပုံများကို ရိုက်ကူးရန် Depth Camera 2 megapixel resolution နှင့် ရှေ့ကင်မရာ 16 megapixel resolutionတို့ ပါရှိပါသည်။

ထိုအပြင် Battery က 4500 mAh ပါဝင်ပြီး Warp Charge 30T Plus မြန်သောအားသွင်းစနစ်ဖြစ်ပါတယ်။ ၎င်းသည် OnePlus Nord အသုံးပြုသည့် တူညီသောအားသွင်းစနစ်ဖြစ်ပြီး မိနစ် ၃၀ အတွင်း ၀.၀% မှ ၇၀% အထိ အားသွင်းနိုင်ပါတယ်။

operating system ဘက်တွင် OxygenOS11 ပါဝင်ပြီး Dark Mode, Zen Mode၊ Always On Display မျက်နှာပြင်အသစ် အစရှိတဲ့ feature အသစ်တွေလဲ ပါဝင်ပါသေးတယ်။ Flagship ဖုန်းတစ်လုံးမှာလိုမျိုး Android update အတွက် ၂ နှစ်၊ Security updates (သို့) security patches အတွက် ၃ နှစ်ထိ ရရှိနိုင်ပါတယ်။

ထို OnePlus Nord CE 5G ကို မီးသွေးရောင် (Charcoal Ink)၊ ငွေရောင် ( Silver Ray )နှင့် Blue Void အပါအ ၀ င် အရောင် (၃) မျိုးဖြင့် ရရှိနိုင်သည်။ စျေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
• 6/128GB price 300 euros or about 11,400 baht
• 8/128GB price 330 euros or about 12,500 baht
• 12/256GB price 400 euros or about 15,200 baht
reference : PhoneArena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။