OnePlus 11 Pro ပေါက်ကြားမှုမှာ alert slider နှင့် ကြီးမားသော camera ဒီဇိုင်းကို ပြသ

Leaked renders of the OnePlus 11 Pro show a rounded camera and the return of the alert slider Image: OnLeaks / Smartpix / OnePlus

မျှော်လင့်ထားတဲ့ OnePlus 11 Pro ရဲ့ ထွက်ပေါ် နေတဲ့ renders တွေကို Smartprix ( OnLeaks နှင့် ပူးပေါင်း၍ ) မှ circular camera housing နှင့် အထင်ကရ alert slider အား ပြန်လည် ပြသခြင်း တို့ကို ပြသ ထားပါတယ် ။

အဆိုပါ renders တွေက OnePlus 11 Pro ရဲ့ အစောပိုင်း ရှေ့ပြေး ပုံစံအပေါ် အခြေခံထားပုံ ရပြီး ဒီဇိုင်းက နောက်ဆုံး ထုတ်ကုန်ကို ထင်ဟပ်စေမှာ မဟုတ်သော်လည်း 2023 မှာ တစ်ချိန်ချိန် ဖုန်းထွက်ရှိလာတဲ့ အခါမှာ ဘယ်လို ဖြစ်လာမလဲ ဆိုတဲ့ မျှော်လင့်ချက်ကို ပေးစွမ်း နိုင်မှာပဲ ဖြစ်ပါတယ် ။

မကြာသေးမီက ထွက်ရှိခဲ့တဲ့ OnePlus 10T တွင် ဖယ်ရှားခဲ့သည့် feature မှာ Hasselblad-endorsed camera ပဲ ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ renders တွေကို ယုံကြည်ရမယ် ဆိုပါက OnePlus 11 Pro ကင်မရာဟာ Hasselblad ဟူသော အမည်ကို တစ်ဖန် ပြန်လည်ရရှိမှာ ဖြစ်သော်လည်း ၎င်းက ဆွီဒင်ကင်မရာ ထုတ်လုပ်သူ နှင့် ပူးပေါင်းဖို့ နောက်ဆုံး OnePlus flagship ဟန်းဆက် ဖြစ်လာနိုင်ခြေ ရှိပါတယ် ။ 2021 ခုနှစ်တွင် OnePlus 9 စီးရီးနှင့်အတူ ကြေညာပြီးနောက် သုံးနှစ်သာ လက်တွဲမယ်ဟု ခန့်မှန်းရပါတယ် ။

နောက်တစ်ခု ကတော့ OnePlus 10 Pro မှာ ပါတဲ့ စတုရန်း ပုံသဏ္ဍာန် နဲ့ ဝေးကွာ သွားတဲ့ ဒီဇိုင်း ထုတ်ထားတဲ့ ကင်မရာအိမ်ဟာ ပိုကြီးပြီး စက်ဝိုင်း ပုံသဏ္ဍာန် နဲ့ တစ်ဝက်လောက် ပုံသဏ္ဍာန်ရှိတဲ့ အဝိုင်း ပုံစံကို ဦးစားပေး ထားပါတယ် ။ OnePlus က ၎င်းရဲ့ ဖုန်းတွေမှာ စက်ဝိုင်းပုံ ကင်မရာကို အသုံးပြုခြင်းမှာ ပထမဆုံး အကြိမ် မဟုတ်ပါ။ ( OnePlus 7T တွင် ပါရှိတဲ့ ထင်ရှားသော ဥပမာတစ်ခုနှင့် အတူ)၊ သို့သော် renders တွေမှာ ကင်မရာသုံးလုံး တပ်ဆင်မှုဟာ ယခင် ထွက်ရှိမှုတွေထက် များစွာ ကြီးမား ပါတယ်။

နောက်ဆုံးတွင်၊ ပေါက်ကြားလာတဲ့ renders တွေက OnePlus 10T တွင် မပေါ်ဘဲ future models တွေ အတွက် တစ်ကျော့ပြန် ဖြစ်လာမယ်ဟု OnePlus မှ ကတိပြု ထားတဲ့ နှစ်သက်ဖွယ် alert slider ကို ပြသ ထားပါတယ် ။ မဖြန့်ချိမီမှာ OnePlus flagship တွေ အားလုံးက အသံ ၊ တုန်ခါမှု နှင့် အသံတိတ်မုဒ် တွေကြား အလွယ်တကူ ပြောင်းနိုင် စေမယ့် slider တစ်ခု ပါရှိ လာပါတယ်။

Leaked renders of the OnePlus 11 Pro redesign Image: OnLeaks / Smartprix / OnePlus

OnePlus flagship တိုင်းထက် Pro-branded ဟန်းဆက် တွေမှာ slider ကို ကန့်သတ် ထားမယ် ဆိုတာကို စိုးရိမ်မှုတွေ ရှိသော်လည်း တရားဝင် အချက်အလက် အချို့ကို ထုတ်ပြန်ဖို့ နီးကပ်လာချိန် အထိ သေချာ မသိရသေးပါ။ အဆိုပါ ပေါက်ကြားမှုတွေ အတွင်း အသေးစိတ် အချက်အလက်တွေ ( သို့မဟုတ် ) စျေးနှုန်းတွေ နှင့် ပတ်သက်ပြီး နောက်ထပ် အသေးစိတ် အချက်အလက် တွေကို မဖော်ပြ ထားသော်လည်း မကြာသေးမီက ထွက်ပေါ်နေတဲ့ သတင်းတွေ အရ OnePlus 11 Pro က Qualcomm ရဲ့ လာမည့် flagship ပရိုဆက်ဆာ ဖြစ်တဲ့ Snapdragon 8 Gen 2 နှင့် မိတ်ဆက် သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။