Oculus Quest အသစ်တွင် မူလနားကြပ်အတွက် multitasking နှင့် wireless streaming များကို ထည့်သွင်းထား

Facebook သည် ၎င်း၏ v30 update ကို Oculus Quest နှင့် Quest 2 VR နားကြပ်များသို့ စတင် ဖြန့်ချိ လိုက်ပါတယ်။ ယခု သီတင်းပတ် အစောပိုင်းက Mark Zuckerberg မှ တင်ပြခဲ့သည့်အတိုင်း v30 တွင် Browser၊ Oculus TV, Oculus Move၊ စတိုးနှင့်စသည်တို့ပါဝင်ပြီး Applications များစွာကို side by side အသုံးပြုနိုင်သည့် Infinite Office အတွက် multitasking interface အသစ် တစ်ခု ပါ ၀ င် ပါတယ်။

များစွာသော Oculus Quest features များကဲ့သို့ပင် ၎င်းကို ပထမ ဦး ဆုံး အနေဖြင့် settings menu ၏ Experimental section တွင် တွေ့ရပါမယ်။ multitasking ကို enable လုပ်ပြီးသည်နှင့် apps များကို menu bar မှ (သို့မဟုတ်) app library မှ ဆွဲယူပြီး အနေအထားသို့ ရယူ နိုင်ပါတယ်။

V30 update သည် မူရင်း Quest နားကြပ် အတွက် Air Link ကို ပြုလုပ် နိုင်ပါတယ်။ Air Link သည် ဧပြီလ တွင် Quest 2 သို့ ရောက်လာပြီး stream VR games များကို PC ကနေ နားကြပ်သို့ ကြိုးမဲ့ဖြင့် လွှင့်ရန် ခွင့်ပြု ခဲ့ပါတယ်။ Oculus Link နှင့်မတူဘဲ USB-C ကြိုးဖြင့် လုပ်ဆောင်ပါတယ်။ မူလ Quest ပိုင်ရှင်များသည် PC ဂိမ်းများကို third-party Virtual Desktop နှင့်အတူ ကြိုးမဲ့စနစ်ဖြင့် လွှင့်နိုင်ပါတယ်။

အခြား features အသစ်များတွင် height adjustment ကို ခွင့်ပြုသည့် settings menu ထဲသို့ accessibility tab တစ်ခု ထည့်သွင်းခြင်း ပါဝင် ပါတယ်။ သို့မှသာ ဂိမ်းများကို ထိုင်ခုံပေါ်တွင် ထိုင်နေစဉ် ရပ်ကြည့် နေသကဲ့သို့ တွေ့ကြုံ ခံစားနိုင်ပဲ ဖြစ်ပါတယ်။

အရင်လိုပဲ တုန်လှုပ်စေသော ကြေငြာချက် ထွက်ပေါ်လာခြင်းကြောင့် update လုပ်ခြင်းသည် နားကြပ်ကို ချက်ချင်း မရောက်နိုင်ပါ ။ ၎င်းသည် လာမည့် ရက်သတ္တပတ်တွင် ရောက်ရှိမည်ဟု Facebook က ပြောပါတယ်။ Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။