NBCUniversal နှင့် Snapchat ရဲ့ သဘောတူညီချက်ဟာ The Office၊ SNL၊ Shrek နှင့် အခြား အရာတွေမှ audio တွေကို snaps ဆီသို့ ယူဆောင်လာ

NBCUniversal နှင့် Snapchat ရဲ့ အသစ် ချုပ်ဆို ထားတဲ့ သဘော တူညီချက်ဟာ The Office ၊ Bridesmaids ၊ Parks and Recreation ၊ Saturday Night Live နှင့် အခြား သော platform ( via The Hollywood Reporter ) မှ အသံ ( audio ) တွေကို ယူဆောင် လာမှာပဲ ဖြစ်ပါတယ်။

အသုံးပြု သူတွေဟာ TikTok ကဲ့သို့ ၎င်းတို့၏ snaps တွေမှာ အသံဖိုင် audio clips တွေကို ပေါင်းထည့် နိုင်ပြီး ၎င်းတို့၏ သူငယ်ချင်း တွေဆီ ပေးပို့ နိုင်မှာပဲ ဖြစ်ပါတယ်။

NBC title မှ အသံ audio ပါတဲ့ clip တစ်ခု ကို လက်ခံ ရရှိတဲ့ သူတိုင်းဟာ အကြောင်းအရာ နှင့် ပတ်သက်တဲ့ နောက်ထပ် အချက်အလက် တွေကို ကြည့်ရှုဖို့ အပေါ်သို့ ပွတ်ဆွဲ နိုင်ပါတယ် ။

Play This Sound button ကို နှိပ်ခြင်းဖြင့် show ( သို့မဟုတ် ) ရုပ်ရှင် ( movie ) ကြည့်ဖို့ အသုံးပြု သူတွေအား ၎င်းတို့ အသုံးပြု နိုင်တဲ့ streaming services တွေကို ပြသ မှာပဲ ဖြစ်ပါတယ်။

Snapchat ၏ အကြောင်း အရာတွေ နဲ့ မိတ်ဖက်တွေ ဆိုင်ရာ အကြီးတန်း ဒုတိယ ဥက္ကဌ ( Snapchat’s senior vice president of content and partnerships ) Ben Schwerin က The Hollywood Reporter ကို ကြေငြာချက် တစ်ခုတွင် “NBCUniversal has an iconic catalog and we know Snapchatters will love adding quotes from their favorite movies and series to their Snaps to help perfectly express the moment.” လို့ ပြောကြား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလက Snapchat ဟာ Warner Music Group ၊ Universal Music Publishing Group ၊ Warner Chappell Music နဲ့ အခြား အရာတွေ နှင့် သဘောတူညီချက်တွေ ချုပ်ဆို ခဲ့ပြီး သုံးစွဲသူတွေကို ၎င်းတို့၏ snaps တွင် music တွေ ထည့်သွင်း နိုင်စေခဲ့ပါတယ်။

Platform ဟာ သုံးစွဲသူများအား short videos များကို vertical stream နဲ့ ကြည့်ရှု နိုင်စေတဲ့ Spotlight လို့ ခေါ်သော TikTok-like feature ကိုလည်း ထုတ်ပေး ခဲ့ပါတယ် ။

လူကြိုက် အများဆုံး Spotlight clips တွေ ဖန်တီးဖို့ အတွက် သုံးစွဲသူများကို ပေးဆောင်တဲ့ အပြင် Snapchat က ရွေးချယ်ထားတဲ့ Lenses များကို အသုံးပြုသူ ၊ အချို့သော လုပ်ဆောင်ချက်တွေမှာ ပါဝင်ဖို့ နှင့် ၎င်းတို့၏ Spotlights များတွင် specific sounds တွေ အသုံးပြုသူတွေကို ဆုချတဲ့ “challenges” တွေ ထည့်သွင်းခြင်းဖြင့် ဖန်တီးသူ creators များကို ဆွဲဆောင် ထားပါတယ်။

Snapchat ၏ audio ကမ်းလှမ်းမှုတွေကို ချဲ့ထွင်ဖို့ လှုပ်ရှားမှုဟာ TikTok ၏ လူကြိုက်များမှု ( TikTok’s growing popularity ) ကို တုံ့ပြန်ဖို့ အတွက် ဖြစ်နိုင်ခြေ ရှိပါတယ်။ 2021 ခုနှစ် အထိ TikTok အသုံးပြုသူ 1 ဘီလီယံ ( 1 billion users ) ရှိပြီး Snapchat ၏ အသုံးပြုသူ 293 သန်း ( 293 million ) သာ ရှိပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။

Photo by Snap