Mozilla’s Firefox browser ဟာ Windows store ကို ရောက်ရှိလာပြီ

Image: Mozilla

Mozilla ဟာ ယနေ့တွင် Firefox ကို Microsoft ရဲ့ Windows store ဆီကို ယူဆောင် လာပါတယ်။ Firefox က Microsoft Store မှာ ရရှိ နိုင်တဲ့ ပထမဆုံး third-party alternatives တွေ ထဲမှ တစ်ခု ဖြစ်ပြီး ၎င်းဟာ Opera ကဲ့သို့ Chromium alternatives တွေ ဒါမှ မဟုတ် Microsoft ရဲ့ Edge webview ကို လွှမ်းမိုးနေတဲ့ အခြား alternatives တွေ အစား ၎င်းရဲ့ ကိုယ်ပိုင် Gecko browser engine ကို အသုံးပြု ထားပါတယ်။

Microsoft ရဲ့ open store policies အသစ်က နောက်ဆုံးမှာ Firefox ကဲ့သို့သော third-party browsers တွေ အတွက် Microsoft Store တွင် ရောက်ရှိ လာခဲ့ ပြီပဲ ဖြစ်ပါတယ်။Chrome ရောက်ရှိ လာတာကို မမြင်တွေ့ ရသေး သော်လည်း၊ Opera က ၎င်း၏ ကိုယ်ပိုင် browser ကို Windows store မှာ စာရင်း သွင်းထားကြောင်း သေချာ စေဖို့ အမြန် လုပ်ဆောင်ခဲ့ ပါတယ်။

“ယခင်က Windows မှာ ရှိပြီးသား Firefox ကို အသုံးပြု လိုပါက ၎င်းကို အင်တာနက် ကနေ download လုပ်ပြီး Microsoft မှ ရှုပ်ထွေးတဲ့ process ( clunky process ) ကို ဖြတ်ပြီးမှ ရရှိမှာ ဖြစ်တဲ့ အကြောင်း ” Mozilla က ရှင်းပြ ထားပါတယ်။ ဒါပေမယ့် ” ယခု အခါ Microsoft က ၎င်း၏ Store policies တွေကို ပြောင်းလဲ ခဲ့ပြီး desktop browser က ပိုပြီး အဆင်ပြေ ချောမွေ့စေ တာကြောင့် Firefox ကို ရွေးချယ်ပြီး ၎င်းဟာ နောက်ဆုံးပေါ် latest Firefox features အားလုံး ပါ၀င် လာခဲ့ ပါတယ်။”

Mozilla က Microsoft ရဲ့ default browser protections တွေကို Windows မှာ အနိုင် ယူပြီး နောက် လ အနည်းငယ် အကြာတွင် Microsoft Store ဆီ Firefox စတင် ရောက်ရှိ လာခြင်း ဖြစ်ပါတယ်။ Mozilla က Microsoft မှ လွဲ၍ အခြား ဘယ်သူ့ အတွက်မှ တရားဝင် မရနိုင်တဲ့ one-click process နှင့်အတူ Windows မှာ Firefox ကို switch လုပ်ဖို့ လွယ်ကူအောင် တိတ်တဆိတ် ပြုလုပ် ထားပါတယ် ။ Mozilla က ယနေ့ခေတ် Windows 10 မှာ ရှိတဲ့ multi-prompt process အစား click တစ်ချက် နှိပ်ရုံဖြင့် Windows မှာ Microsoft Edge ကို default အဖြစ် သတ်မှတ်ဖို့ လုပ်ဆောင် နိုင်တဲ့ အရာကို reverse engineered လုပ်ထားပုံ ရပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတာက အဲဒီ one-click process ဟာ Firefox ရဲ့ Microsoft Store version မှာ အလုပ် လုပ်တဲ့ပုံ မပေါ်ပါဘူး။ ဆိုလိုတာက Mozilla က Firefox ရဲ့ workaround version ကို တင်ပြမှုမှ ရှောင်ကြဉ်တာ (သို့မဟုတ်) Microsoft မှ ၎င်းကို Microsoft Store မှ ပယ်ချ ခဲ့ပြီး ကုမ္ပဏီက default browser workaround ကို ဖယ်ရှားဖို့ ဖိအားပေး ခံခဲ့ရပါတယ်။

Microsoft က Windows 11 မှာ default browser ကို setting ရဲ့ process ကို ပိုမို ခက်ခဲ စေခဲ့ပြီး Mozilla က 2015 ခုနှစ်တွင် Microsoft သို့ ၎င်း၏ open letter မှ စတင်၍ Windows မှာ ၎င်းရဲ့ default browser settings တွေကို ပိုမို ကောင်းမွန် လာစေဖို့ Microsoft အား ဆွဲဆောင်ရန် ကြိုးစား နေပါတယ်။

Firefox ကို ယခု Windows 10 နှင့် Windows 11 နှစ်မျိုးလုံး အတွက် Microsoft Store မှာ ရနိုင်ပြီပဲ ဖြစ်ပါတယ်။

Firefox is available in both the Windows 10 and Windows 11 app stores.

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။