Microsoft Teams က တစ်ဦးချင်း ခေါ်ဆိုမှုတွေမှာ end-to-end encryption ကုဒ်ဝှက်စနစ် အထောက်အပံ့ကို ရရှိ

Microsoft က Microsoft Teams အတွက် end-to-end encryption (E2EE) ကုဒ်ဝှက်စနစ် အထောက်အပံ့ကို ထုတ်ပေး လိုက်ပြီပဲ ဖြစ်ပါတယ်။ ယခုနှစ် အစောပိုင်းက အဆိုပါ feature ကို ကြေငြာပြီး အောက်တိုဘာ လမှ စတင်၍ အများပြည်သူသုံး ကြိုတင် စမ်းသပ်မှု တွေကို ပြုလုပ် ပြီးတဲ့နောက် ၊ Microsoft Teams က တစ်ဦးချင်း ခေါ်ဆိုမှု အားလုံးအတွက် ထပ်လောင်း E2EE လုံခြုံရေး ပံ့ပိုးမှု ကိုပါ ရရှိ နေပါတယ်။

Teams အသုံးပြုသူ အားလုံး အတွက် အပ်ဒိတ် တစ်ခု စတင် ပြုလုပ် နေတာ ဖြစ်ပြီး IT admins တွေကို E2EE မှ တစ်ကြိမ် ခေါ်ဆိုမှု အတွက် ဖွင့်ပေးဖို့ နှင့် ထိန်းချုပ်ဖို့ ရွေးချယ်ခွင့် ကိုလည်း ပေးထား ခဲ့ပြီပဲ ဖြစ်ပါတယ်။

” အာကာသယာဉ် ၊ ကုန်ထုတ်လုပ်မှု ၊ ဆက်သွယ်ရေး နှင့် ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုတွေ ကဲ့သို့သော စက်မှု လုပ်ငန်းခွင်မှာ ရှိတဲ့ လုပ်ငန်း အများအပြားက US နှင့် Europe ရှိ လုပ်ငန်း ဖောက်သည် တွေဟာ Teams ခေါ်ဆိုမှု အတွက် E2EE ကို စတင် လုပ်ဆောင် နေပြီ ” ဆိုတာကို Microsoft မှ နည်းပညာပိုင်း ဆိုင်ရာ ထုတ်ကုန် မန်နေဂျာ John Gruszczyk က ရှင်းပြ ခဲ့ပါတယ်။

Microsoft Teams က လက်ရှိတွင် အကူးအပြောင်းမှာ ဒေတာကို စာဝှက် ထားပြီး ကျန်တဲ့ အချိန် တွေမှာ ဒေတာ သိမ်းဆည်းခြင်း မှတ်တမ်း ရည်ရွယ်ချက်တွေ အတွက် အကြောင်းအရာကို စာဝှက် ဝှက်ဖို့ ခွင့်ပြု ထားတဲ့ ဝန်ဆောင်မှု တွေကို အသုံးပြုခွင့် ရရှိ နေပြီပဲ ဖြစ်ပါတယ်။

Microsoft Teams တွင် သိမ်းဆည်း ထားတဲ့ မှတ်စုတွေ အတွက် ( at-rest files ) ဖိုင်တွေ နှင့် OneNote ကုဒ်ဝှက်ခြင်း တို့ကို လုံခြုံစေဖို့ အတွက် SharePoint ကုဒ်ဝှက် စနစ်ကိုလည်း အသုံးပြု ထားပါတယ်။ Teams မှာ ရှိတဲ့ စကား ပြောဆိုထားသော အကြောင်းအရာ အားလုံးကို အကူးအပြောင်း နှင့် အနား ယူချိန်တွင်လည်း ကုဒ်ဝှက်ထား ပေးပါတယ်။

ဤ E2EE ကုဒ်ဝှက်ခြင်း အသစ်က Teams အတွင်း တစ်ဦးချင်း ခေါ်ဆိုမှု တွေကို ပိုပြီး လုံခြုံစေမှာ ဖြစ်သော်လည်း IT admins တွေက ၎င်းအား ဖွင့်ပါက အချို့သော Teams features တွေကို ပိတ်ထား မှာပဲ ဖြစ်ပါတယ်။ အသံသွင်းခြင်း ၊ တိုက်ရိုက် စာတန်း/စာသား မှတ်တမ်း ၊ ခေါ်ဆိုမှု လွှဲပြောင်းခြင်း ၊ ခေါ်ဆိုမှု ရပ်နားခြင်း ၊ ခေါ်ဆိုမှု ပေါင်းစည်းခြင်း နှင့် အခြား စက်တစ်ခု ဆီကို ခေါ်ဆိုမှုတွေ လွှဲပြောင်းခြင်း ( သို့မဟုတ် ) အဖွဲ့လိုက် ခေါ်ဆိုမှု ပြုလုပ်ဖို့ အတွက် ပါဝင်တဲ့ သူတွေ ထည့်ခြင်း ကဲ့သို့သော features တွေ အားလုံးကို E2EE အသုံးပြုတဲ့ တစ်ခုတည်းသော ခေါ်ဆိုမှုတွင် ပိတ်သွားမှာပဲ ဖြစ်ပါတယ်

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။