Microsoft Office License ကို အမြဲတမ်းသုံးလို့ရအောင် ဘယ်လိုလုပ်မလဲ?

စာရွက်စာတမ်းစီမံခန့်ခွဲရာတွင် အသုံးပြုသော နာမည်ကြီးပရိုဂရမ်ဖြစ်သည့် Microsoft Office သည် လူအသုံးအများဆုံး လိုင်စင်ဝယ်မသုံးသောပရိုဂရမ်များထဲမှတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကအလုပ်လုပ်တဲ့အခါ အဓိကအသုံးပြုရတဲ့ ပရိုဂရမ်ဖြစ်ပြီး လိုင်စင်ဝယ်သုံးရင်လဲ စျေးနှုန်းအတော်လေး မြင့်မားသောကြောင့်ဖြစ်ပါတယ်။ ရလဒ်အနေဖြင့် အသုံးပြုသူများသည်အခမဲ့သုံးနိုင်ရန် သို့မဟုတ် ရုံးသုံးရန်ပြုပြင်ထားသော Microsoft Office ပရိုဂရမ်များကို အလွန်အမင်းခိုးကူးလိုက်သောကြောင့် အသုံးပြုသူများ၏ကွန်ပျူတာအချက်အလက်များဖျက်ဆီးခံရခြင်း သို့မဟုတ် ဗိုင်းရပ်စ် (သို့) mulware များ၏ပစ်မှတ်များ ဖြစ်လာခဲ့ပါတယ်။

ထို့ကြောင့် Microsoft ဘက်မှ ဖောက်သည်များအနေဖြင့် စျေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်ရန်အတွက် လိုင်စင်ကြေးလစဉ်ပေးဆောင်နိုင်သည့် Office 365 ထုတ်ကုန်ကို ဖြန့်ချိခြင်းဖြင့် ဖြေရှင်းခဲ့ပါတယ်။
သို့သော် လစဉ်ငွေမပေးလိုသော အမြဲတမ်း Microsoft Office လိုင်စင်လိုသော ဖောက်သည်အုပ်စုအတွက် Microsoft သည် အောက်ပုံစံအတိုင်း ရောင်းရန်ရှိပြီး အမြဲတမ်း Microsoft Office လိုင်စင်ကို ထည့်သွင်းအသုံးပြုရန်အတွက် အောက်ပါအတိုင်းကြည့်ရှုနိုင်ပါတယ်။

Microsoft Office ဗားရှင်

သင်အသုံးပြုလိုသော Microsoft Office ဗားရှင်းကိုရွေးချယ်ပါ။ ဇယားတွင် ဖော်ပြထားသည့်အတိုင်း မော်ဒယ်တစ်ခုစီ၏စျေးနှုန်းများကွဲပြားလိမ့်မည်။

အမျိုးအစား စျေးနှုန်း
Office Home & Student 2019 4,299 ฿
Office Home & Business 2019 10,999 ฿
Office Standard 2019 13,530 ฿
Office Professional Plus 2019 18,447 ฿
Office Professional 2019 19,999 ฿

ဇယားမှာ Office Home & Student 2019 က စျေးအသက်သာဆုံးဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် Package အတွင်း ပါရှိတဲ့လုပ်ဆောင်နိုင်စွမ်းနှင့် subprograms လည်း တခြားဟာတွေထက် ပိုလျော့နည်းပါလိမ့်မယ်။ ထို့ကြောင့် သူကတော့ အခြေခံလုပ်ဆောင်ချက်များကို အသုံးပြုသောသူများ အတွက် ပိုမိုသင့်တော်ပါတယ်။
• လိုချင်သောမော်ဒယ်ကိုရွေးချယ်ပြီးနောက် အသုံးပြုသူများသည်၎င်းကို မိုက်ခရိုဆော့ဖ်စတိုးတစ်ခု သို့မဟုတ် ကိုယ်စားပြန်လည်ရောင်းချသူများထံမှတဆင့် ၀ယ်ယူနိုင်ပါတယ်။ အကယ်၍ Microsoft စတိုးတွင် ၀ယ်ယူပါက ၀ယ်သူ၏ အီးမေးလ်သို့ ပို့မည့် serial key ပါသော download link ကို သင်ရရှိလိမ့်မယ်။ သင် ကိုယ်စားလှယ်ရောင်းချသောဆိုင်မှ ဝယ်ယူပါက download link နှင့် serial key တစ်ခုပါသော box တစ်ခုကိုသင်ရရှိလိမ့်မယ်။
• တပ်ဆင်ပြီးနောက် အသုံးပြုသူက အင်တာနက်သုံးပြီး Box သို့မဟုတ် အတည်ပြုအီးမေးလ်တွင် ပါရှိသော Key ကို အသုံးပြုပြီး Key Activate လုပ်ပါ။ ဤနည်းဖြင့် သုံးစွဲသူများသည် လစဉ်သက်တမ်းတိုးရန်မလိုပဲ Microsoft Office လိုင်စင်ကို အမြဲတမ်းအသုံးပြုနိုင်ပါတယ်။
• အကယ်၍ နောင်တွင် အသုံးပြုသူသည် ကွန်ပျူတာကို အသစ်ပြောင်းလဲသုံးလိုပါက ကွန်ပျူတစက်အသစ်တွင်လဲ Microsoft Office လိုင်စင်ကိုအမြဲတမ်းတပ်ဆင်ထားနိုင်ပါတယ်။ သုံးစွဲသူများက စက်အဟောင်းတွင် ပထမဆုံး Office ကို Deactivate အရင်လုပ်ပါ။ ထို့နောက် စက်အသစ်ပေါ်၌ Office ကို Activate တပ်ဆင်သည့်အခါ၊ ဖုန်းမှတစ်ဆင့် လုပ်ဆောင်ရပါမယ်။ မိုက်ကရိုဆော့ဖ်၏မျက်နှာပြင်ပေါ်ရှိ သင် Activate လုပ်ခဲ့စဉ်က ဖွင့်ထားသောဖုန်းနံပါတ်ကို ပြလာပါမယ်။

Microsoft Office လိုင်စင်ကိုအမြဲတမ်းအသုံးပြုလိုသူများသည် ဤနည်းဖြင့် လစဉ်ကြေးလုံးဝမလိုအပ်ဘဲ ပရိုဂရမ်ကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါတယ်။ ပြီးတော့ လိုင်စင်မရှိတဲ့ Office နဲ့လိုင်စင်ဝယ်သုံးထားတဲ့ Office ကို နှိုင်းယှဉ်ရင် အသုံးပြုသူတွေအတွက် အလွန်လုံခြုံမှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ်တွေ မဝင်နိုင်သောကြောင့် အချက်အလက်ခိုးယူခံရတဲ့ အန္တရာယ်မှ ကင်းဝေးပါတယ်။ ယခုအချိန်မှာဆိုရင် financial နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မသမာသူဟက်ကာများက ခိုးယူမှုရှိတဲ့အတွက် လုံခြုံမှုရှိတဲ့ Program များကိုသာ သုံးသင့်ပါတယ်။ ဒါကြောင့် Microsoft Office License နဲ့ License မရှိတဲ့ နှိုင်းယှဉ်ဇယားကို ကြည့်ပြီး ဘာကွာခြားချက်လဲဆိုတာကြည့်ရအောင်။

နှိုင်းယှဉ်ချက် Microsoft Office License No Microsoft Office License
တပ်ဆင်ခြင်း License Microsoft Store မှ License ဝယ်ယူပြီး တပ်ဆင်နိုင်ခြင်း။ အင်တာနက်မှ ရှာဖွေရန်လိုအပ်ပြီး ဗိုင်းရပ်စ် (သို့) malware သယ်ဆောင်တဲ့ပရိုဂရမ်တခုနဲ့ကြုံတွေ့ရနိုင်ခြင်း။
လုံခြုံမှု လုံခြုံမှုမြင့်မားခြင်း။ အချက်အလက်ခိုးယူခံနိုင်ခြေများကြောင့်လုံခြုံရေးနိမ့်ခြင်း။
သုံးစွဲနိုင်သည့်သက်တမ်း တစ်သက်တာအသုံးပြုနိုင်ခြင်း။ Serial သက်တမ်းကုန်ဆုံးပါက အသစ်ပြန်ရှာထည့်ရပြီး ပရိုဂရမ်က ဗိုင်းရပ်စ်ကို စကန်ဖတ်ပြီး Crack file ကို ဖျက်လိုက်မိလျှင် ဆက်လက်သုံးလို့ မရနိုင်တော့ပါ။
New function updates (သို့) security patches ထောက်ပံ့ပေးသည့် အချိန်ကာလအတွင်း မည်သည့်အချိန်တွင်မဆို update လုပ်နိုင်ခြင်း။ Update ပြုလုပ်လို့ မရပါ။ အကယ်၍ Update ပြုလုပ်လိုက်ပါက လိုင်စင်မရှိသောကြောင့် feature locked ကျနိုင်ပါတယ်။

အထက်ဖော်ပြပါအချက်များအရ Microsoft Office လိုင်စင်ကို အသုံးပြုခြင်းသည် အားသာချက်များစွာရှိပါတယ်။ ထို့အပြင် အရေးကြီးသည်မှာ အနာဂတ်တွင် အသုံးပြုရန်အတွက် ထိရောက်သော ပရိုဂရမ်တစ်ခု တည်ဆောက်နိုင်ဖို့အတွက် ရန်ပုံငွေများရရှိရန် developer များအား တဖက်တလမ်းမှ ကူညီထောက်ပံ့ပေးနိုင်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။