Microsoft Office (365 Office) ဘယ်နှစ်မျိုးရှိသလဲ?

Microsoft Office (365 Office)ကို တခါမှ အသုံးမပြုဖူးသေးသောသူတွေကတော့ ဒီ 365 office ဗားရှင်းဟာ ဗားရှင်းအသစ်ဟုတ်လား မဟုတ်ဖူးလားဆိုတာ သံသယရှိနေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်က Microsoft ဟာ ဗားရှင်းအမျိုးမျိုးကို ထုတ်လုပ်တဲ့ ခုနှစ်အလိုက် အမည်ပေးလေ့ရှိပါတယ် ဥပမာ office 2010, office 2016, office 2019 တို့ဖြစ်ပြီး function အမျိုးအစားများတိုးပြီး ဒီဇိုင်းပုံစံများပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ ယခင်က Microsoft မှ ထုတ်လုပ်ခဲ့သော မော်ဒယ်အမျိုးအစား အားလုံးကို ရောင်းချရာတွင် တခါတည်းငွေပေးချေရသည့်စနစ်ဖြင့်သာ ယနေ့အချိန်အထိ ရောင်းချခဲ့ပါတယ်။ သူ့ပလက်ဖောင်းတော်တော်များများရဲ့ Software service ရဲ့ အရောင်းစနစ်က ပထမဆုံးစတင်သုံးစွဲသူကို အခမဲ့သုံးစွဲခွင့်ပေးပါတယ်။ အခမဲ့သုံးစွဲခွင့်ကာလကုန်ဆုံးသွားပြီးနောက် customer က Pro version ကို ဆက်လက်သုံးစွဲလိုပါက လစဉ်ငွေပေးချေရပါမယ်။

ဒီလိုအရောင်းစနစ်မျိုးက ဝယ်ယူသုံးစွဲမည့်သူတွေအတွက် ငွေကြေးအမြောက်အမြားတခါတည်းပေးချေစရာမလိုပဲ ငွေကုန်ကြေးကျသက်သာစေပါတယ်။ မသုံးစွဲလို တော့ပါက မည်သည့်အချိန်တွင်မဆို cancel လုပ်နိုင်ပါသေးတယ်။ အဓိကအရေးကြီးဆုံး အချက်ကတော့ ခိုးကူးဆော့ဗ်ဝဲကိုသုံးစွဲသူတွေကို ဒီစနစ်ကို အသုံးပြုအောင် ဆွဲသွင်းဖို့ပါပဲ။ ရလဒ်အနေဖြင့် software ထုတ်လုပ်သူများက ဤပုံစံကို ပိုမိုရောင်း၀ယ်လာကြပါတယ်။

ဥပမာအားဖြင့် Adobe သည် Adobe Creative Cloud ကိုရောင်းချခြင်းနှင့်လိုက်လျောညီထွေဖြစ်အောင် customer များက သူတို့အသုံးပြုလိုသော ပရိုဂရမ်များကိုသာ ၀ယ်ရန် ခွင့်ပြုထားပြီး လစဉ်စနစ်ဖြင့် ငွေပေးချေရပါတယ်။ မိုက်ကရိုဆော့ဖ်သည်လည်း ဆော့ဝဲငှားရမ်းခြင်း၀န်ဆောင်မှုပေးပြီး Microsoft Office 365 ကို လစဉ်ပေးချေမှုအဖြစ် သတ်မှတ်ထားပါတယ်။ ဤ office 365 သည် ၎င်း၏ယခင်ပုံစံနှင့် ဆင်တူပါတယ်။ သို့သော် အွန်လိုင်းအလုပ်အတွက် အပြည့်အဝထောက်ခံပေးသည့် ထပ်ဆင့်အားသာချက်ရှိပြီး ၎င်းသည်တူညီသော docs စာရွက်ပေါ်တွင် လူများစွာနှင့်အလုပ်လုပ်နိုင်ပြီး အွန်လိုင်းမှတဆင့် autosave လုပ်ပေးသည့်အပြင် လုပ်ဖော်ကိုင်ဖက်များနှင့်ဖိုင်များကို လွယ်ကူစွာမျှဝေနိုင်သည်။ အဖွဲ့တစ်ဖွဲ့အနေဖြင့် အလုပ်လုပ်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် လုပ်ငန်းဆောင်တာများစွာရှိပါတယ်။

Microsoft Office 365 ကိုအဓိကအားဖြင့် အမျိုးအစားလေးမျိုးခွဲခြားထားပါတယ်။ အိမ်သုံးအမျိုးအစား၊ စီးပွားရေးလုပ်ငန်းသုံးအမျိုးအစား၊ အဖွဲ့အစည်းတွင် အသုံးပြုရန် အမျိုးအစားနှင့် ပညာရေးအတွက်အသုံးပြုရန်အမျိုးအစားတို့ဖြစ်ပါတယ်။ ဖောက်သည်များ၏လိုအပ်ချက်ကိုဖြည့်ဆည်းရန် အမျိုးအစားများကို အောက်ပါပုံအတိုင်း ထပ်ခွဲထားပါတယ်။

အိမ်တွင်းအသုံးပြုရန်အမျိုးအစား

ဤအမျိုးအစားတွင် ပုဂ္ဂိုလ်ရေးအရအသုံးပြုလိုသောဖောက်သည်များ သို့မဟုတ် မိသားစုအတွင်း အသုံးပြုလိုသူများအတွက်ဖြစ်သည့်အတွက် အခြားအရာများနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအလွန်မြင့်မားမှုမရှိပါ။ အဓိက software ၏ function အားလုံးနီးပါးကိုအသုံးပြုနိုင်ပြီး ဇယားထဲမှာပြထားတဲ့အတိုင်းအမျိုးမျိုးသော packages များနှိုင်းယှဉ်ပြထားပါတယ်။

Feature/ Package ဗားရှင်း Personal Family Home & Student 2019
အသုံးပြုသူအရေအတွက် ၂ – ၆ ဦး ၁ ဦး PC ၁ ခု
Word, Excel, PowerPoint, OneNote (online) ပရီမီယမ် ပရီမီယမ် Classic
OneDrive အမြင့်ဆုံး6TB
(၁ ဦးလျှင် 1TB )
1TB
Microsoft Family Safety ပရီမီယမ်
Outlook ပရီမီယမ် ပရီမီယမ်
Windows, macOS, iOS နှင့် Android အသုံးပြုရရှိနိုင်မှု
အီးမေးလ်နှင့်ဖိုင်အတွက်လုံခြုမှုရှိခြင်း ရှိ ရှိ
လက်ရှိနည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှု ရှိ ရှိ
လစဉ်ငွေပေးချေရမည့်ပမာဏ $9.99 $6.99 $149.99
နှစ်စဉ်ငွေပေးချေရမည့်ပမာဏ $99.99 $69.99 *တစ်ကြိမ်ဝယ်ယူမှု

စီးပွားရေးအတွက်အသုံးပြုမှုအမျိုးအစား

ဤအမျိုးအစားတွင် အသေးစားနှင့်အကြီးစားစီးပွားရေးလုပ်ငန်းများသို့ရောင်းချခြင်းကိုအဓိကထားသည်။ စီးပွားရေးလုပ်ငန်းတိုင်းရှုထောင့်ကိုထောက်ပံ့ပေးပြီး Package ၏ အသေးစိတ်အချက်အလက်များ အောက်ပါအတိုင်းဖြစ်ပါသည်။

Feature/Package ဗားရှင်း Basic Standard Premium Apps
အများဆုံးအသုံးပြုနိုင်သည့်အရေအတွက် (User) 300 300 300 300
Word, Excel, PowerPoint, OneNote *online ရှိ ရှိ ရှိ ရှိ
Desktop Apps (Outlook, Word, Excel, PowerPoint, OneNote) *offline ရှိ ရှိ ရှိ
Publisher and Access (PC only) ရှိ ရှိ ရှိ
Mobile Application ရှိ ရှိ ရှိ ရှိ
1 user Install apps on up to 5 PCs/Mac + 5 tablets + 5 smartphones ဖုန်းတစ်လုံးအတွက်သာ ရှိ ရှိ ရှိ
Exchange (Email) 50Gb 50Gb 50Gb
Public folder & Resource mailbox ရှိ ရှိ ရှိ
Chat, Meetings, Social, and Calling ရှိ ရှိ ရှိ
Microsoft Teams ရှိ ရှိ ရှိ
OneDrive Storage (User တယောက်လျှင်) 1 TB 1 TB 1 TB 1 TB
Project and task management ရှိ ရှိ ရှိ
Windows Defender ရှိ
စျေးနှုန်း $5.00 user/month $12.50 user/month $20.00 user/month $8.25 user/month

အဖွဲ့အစည်းတွင်အသုံးပြုရန်အမျိုးအစား

အဖွဲ့အစည်းတွင်အသုံးပြုရန်အမျိုးအစားကို ကိုယ်ပိုင်စနစ်များရှိသော ကြီးမားသောကော်ပိုရေးရှင်းများ (သို့မဟုတ်)အစိုးရများသို့ရောင်းချခြင်းကိုအာရုံစိုက်ပြီးအကန့်အသတ်မရှိအသုံးပြုမှုကိုထောက်ပံ့သောဖြေရှင်းနည်းများနှင့်ဆော့ဖ်ဝဲများကိုထောက်ပံ့ပေးပါသည်။ အသေးစိတ်ကိုအောက်ပါအတိုင်းကြည့်ရှုနိုင်သည်။

Feature/Package ဗားရှင်း F3 E3 E5
အများဆုံးအသုံးပြုနိုင်သည့်အရေအတွက် (User) Unlimited Unlimited Unlimited
Word, Excel, PowerPoint, OneNote *online ရှိ
၁၀.၁ လက်မ မကျော်သောပြသမှုပံ့ပိုးမှုမျက်နှာပြင်
ရှိ ရှိ
Desktop Apps (Outlook, Word, Excel, PowerPoint, OneNote) *offline ရှိ ရှိ
Publisher and Access (พีซี เท่านั้น) ရှိ ရှိ
Mobile Application ရှိ ရှိ ရှိ
1 user Install apps on up to 5 PCs/Mac + 5 tablets + 5 smartphones Mobile app only ရှိ ရှိ
Microsoft Editor premium features ရှိ ရှိ
Exchange (Email) 2Gb 100Gb 100Gb
Email archiving Unlimited Unlimited
Microsoft Shifts ရှိ ရှိ ရှိ
Microsoft Bookings ရှိ ရှိ
Public folder & Resource mailbox/td> ရှိ ရှိ
Live Events ရှိ ရှိ
Microsoft Teams ရှိ ရှိ ရှိ
Yammer ရှိ ရှိ ရှိ
Phone System & Audio Conferencing 6 ရှိ
OneDrive Storage (ต่อ User) 2 TB 5 TB 5 TB
Project and task management ရှိ ရှိ ရှိ
Power Automate, Power Apps ရှိ ရှိ ရှိ
MyAnalytics ရှိ ရှိ
PowerBi Pro ရှိ
Endpoint and app management ရှိ ရှိ ရှိ
Windows Defender ရှိ ရှိ ရှိ
Defender for Endpoint & Identity ရှိ
စျေးနှုန်း $8.00 user/month $32.00 user/month $57.00 user/month

ပညာရေးအတွက် အသုံးပြုရန်အမျိုးအစား

ပညာရေးအတွက် အသုံးပြုရန် အမျိုးအစားအတွက် မိုက်ကရိုဆော့တွင် ပညာရေးဆိုင်ရာ ထုတ်ကုန်များ အများစုပါဝင်သည်။ ပညာရေးဆိုင်ရာအဖွဲ့အစည်းများအတွက် အလွန်အကျိုးရှိစေပါသည်။ ပညာရေးအတွက် Package အမျိုးအစားများသည် အောက်ပါအတိုင်းဖြစ်သည်။

Feature/Package ဗားရှင်း A1 A3 A5
Office Online: web-based document editing ရှိ ရှိ ရှိ
Office client applications: Word, Excel, PowerPoint, Outlook ရှိ ရှိ
Email and calendar, instant messenger (IM), persistent chat, Yammer ရှိ ရှိ ရှိ
Files and content management: file storage, sharing, information discovery, Groups, Planner ရှိ ရှိ ရှိ
Minecraft: Education Edition with ရှိ ရှိ
Minecraft: Education Edition with
Microsoft Teams with classroom experiences, professional learning communities (PLC), and staff teams ရှိ ရှိ ရှိ
OneNote Class Notebook, Sway ရှိ ရှိ ရှိ
Learning Tools, Accessibility Checker, Office Lens
Skype for Business ရှိ ရှိ ရှိ
PSTN (public switched telephone network) Conferencing, Cloud PBX (private branch exchange) ရှိ
Legal Hold, eDiscovery search and export ရှိ ရှိ ရှိ
Advanced eDiscovery, Customer Lockbox, Advanced Data Governance ရှိ
Delve ရှိ ရှိ
Power BI Pro, MyAnalytics ရှိ
Intune for Education ရှိ ရှိ ရှိ
School Data Sync, Data Loss Prevention, Office 365 Rights Management ရှိ ရှိ ရှိ
Office 365 A3: Advanced Security Management, Skype Meeting Broadcast ရှိ ရှိ
Windows 10 Education A1 ရှိ
Windows 10 Education A3: Windows Defender Antivirus, Device Guard ရှိ ရှိ
Advanced Security ရှိ
Server & CAL Benefits ရှိ ရှိ

Microsoft Office 365 သည် သုံးစွဲသူများအုပ်စုအစိတ်အပိုင်းအားလုံးအတွက် ပြည့်စုံသော ထုတ်ကုန်များ ရှိပါသည်။ စျေးကွက်ဝေစုမဆုံးရှုံးရန်အတွက် ဖောက်သည်များ၏ကုန်ကျစရိတ်ကို လျှော့ချရန် လိုအပ်ပါလိမ့်မည်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။