Microsoft Office 2021 ကို October 5 ရက်နေ့မှာ စတင်ဖြန့်ချိ ပါလိမ့်မယ်

Microsoft က commercial customers များအတွက် Microsoft Office ၏ နောက်ထပ် perpetual version သစ်ကို September 16 ရက်က စတင် ဖြန့်ချိခဲ့ပြီး October 5 ရက် 2021 တွင် Office 2021 consumer ကို စတင် ဖြန့်ချိမည်ဟု ကတိပြု ထားပါတယ်။ Microsoft Office Long Term Servicing Channel (LTSC) ကို Windows နှင့် Mac အတွက် commercial နှင့် government users များအတွက် September 16 ရက်မှ စတင် ၀ယ်ယူနိုင်ပြီး subscription လုပ်စရာ မလိုသော Office ၏ locked-in time ဖြန့်ချိ ပေးပါတယ်။

Office LTSC ဟာ processes တွေနှင့် application တွေကို လစဉ် ပုံမှန် ပြောင်းလဲ၍ မရသော စည်းမျဉ်း ထုတ်ထားတဲ့ industries တွေမှာ businesses များ အတွက် ဒီဇိုင်း ထုတ်ထားတာ (သို့မဟုတ်) Office ကို မှီခိုပြီး locked-in time ဖြန့်ချိလိုသော စက်ရုံများ အတွက် ဒီဇိုင်း ထုတ်ထားတာပဲ ဖြစ်ပါတယ်။ ၎င်းက Microsoft 365 တွင် တွေ့ရသော AI- နှင့် cloud-powered features များဖြင့် ပို့ဆောင်မှာ မဟုတ်သလို ၎င်းဟာ features အသစ်များလည်း ရရှိမည် မဟုတ်ပါ။ Microsoft က Office LTSC ကို ၅ နှစ်တာ support ပေးမှာ ဖြစ်ပြီး ကုမ္ပဏီက အနာဂတ်အတွက် Office ၏ အခြား perpetual version တစ်ခုကိုလည်း ကတိပြုထားပါတယ်။

Consumer Office 2021 perpetual release နှင့် တော်တော်လေး ဆင်တူမှာ ဖြစ်ပြီး feature updates တွေ မပါဘဲ locked-in time ဖြန့်ချိမှုကို ပေးပါတယ် ။ Microsoft က Office LTSC သို့ အောက်ပါ ဖြည့်စွက်ချက် များကို ဖော်ပြပြီး Office 2021 နှင့်လည်း အကျိုး သက်ရောက်မှု ရှိပါတယ်။

  • Line Focus – distraction တွေကို ဖယ်ရှားဖို့ နှင့် Word documents များကို တစ်ကြောင်းချင်းစီ ရွေ့ဖို့ reading mode တစ်ခုနဲ့ ဆင်တူပါတယ်။
  • XLOOKUP function – Excel worksheet တစ်ခုတွင် row လိုက်စီပါတယ် (သို့) Table ပေါ်က အရာများကို ရှာဖွေဖို့ ကူညီ ပေးပါတယ်။
  • Dynamic array support – dynamic arrays ကို သုံးတဲ့ Excel တွင် functions အသစ်များ ။
  • Dark mode – Office app အားလုံးတွင် dark mode support ပါဝင် ပါလိမ့်မယ်။

Dark mode in Office. Image: Microsoft

Microsoft က businesses နှင့် consumers, နှစ်ခု စလုံးအတွက် Microsoft 365 ကို recommends ပေးနေဆဲပဲ ဖြစ်ပါတယ် ။ ကုမ္ပဏီက commercial ဘက်တွင် Office 365 အတွက် paid seats 300 million ရှိပါတယ်။ Microsoft ဟာ 2022 ခုနှစ် March မှာ စတင်မည့် Microsoft 365 နှင့် Office 365 နှစ်ခုလုံး အတွက် ၎င်း၏ ပထမဆုံး စျေးနှုန်း ( price ) ကို ကြေငြာ ခဲ့ပါတယ်။

Microsoft က Office 2021 အတွက် စျေးနှုန်း အသေးစိတ်ကို မသိရ သေးပေမယ့် ကုမ္ပဏီက Windows 11 စတင် ဖြန့်ချိတဲ့ နေ့နဲ့အတူတူ October 5 ရက်နေ့ တစ်ရက်ထဲမှာပဲ ဖြန့်လိမ့်မယ်လို့ ကုမ္ပဏီက ပြောပါတယ် ။ Office 2021 ၏ features တွေ နှင့် စျေးနှုန်း( price ) တွေကို မကြာမီ အသေးစိတ် သိရမှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။