Microsoft Office က အမှတ်တံဆိပ် ပြုပြင်မှုမှာ Microsoft 365 ဖြစ်လာ

Image: Microsoft

Microsoft က ၎င်းရဲ့ Microsoft Office brand ကို အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ် နေပါတယ် ။ အနှစ် 30 ကျော် အကြာမှာ Microsoft Office က software giant’s collection ရဲ့ ကုန်ထုတ် စွမ်းအား apps တွေ စုစည်းမှုကို အထိမ်းအမှတ် အဖြစ် “Microsoft 365” ဟု အမည် ပြောင်းလိုက် ပါတယ် ။

Excel ၊ Outlook ၊ Word နှင့် PowerPoint ကဲ့သို့သော Office apps တွေဟာ ပျောက်ကွယ်သွားခြင်း မရှိ သော်လည်း၊ ယခုအခါ Microsoft က Microsoft Office အစား Microsoft 365 ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ဒီ apps တွေကို အများအားဖြင့် ရည်ညွှန်း မှာပဲ ဖြစ်ပါတယ်။

Microsoft က လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က Office 365 စာရင်းသွင်းမှု တွေကို Microsoft 365 သို့ အမည် ပြောင်းပြီးနောက် ဒီ အမှတ်တံဆိပ် အသစ်ကို နှစ်အတော်ကြာ တွန်းအား ပေးခဲ့ သော်လည်း ယခုအခါ ပြောင်းလဲမှုတွေဟာ ပိုမို နက်ရှိုင်း လာပါတယ် ။ “လာမည့်လ တွေမှာ Office.com ၊ Office mobile app နှင့် Windows အတွက် Office app က icon အသစ် ၊ အသွင်အပြင် အသစ် နှင့် အခြား features တွေ ပါရှိတဲ့ Microsoft 365 app ဖြစ်လာ လိမ့်မယ် ” ဟု Microsoft မှ FAQ တစ်ခုက ရှင်းပြ ထားပါတယ်။

ဆိုလိုကတတော့ သီးခြား Office app တွေကို အသုံးပြု ပါက၊ ၎င်းတို့ အားလုံးကို မကြာမီ Microsoft 365 နှင့် logo အသစ်ဖြင့် အမှတ်အသား ပြုမယ်ဟု ဆိုလို ပါတယ် ။ ပထမဆုံး logo နှင့် ဒီဇိုင်း ပြောင်းလဲမှု တွေက နိုဝင်ဘာလမှာ Office.com မှာ ပေါ်လာမှာ ဖြစ်ပြီး၊ ထို့နောက်မှာ Office app က Windows၊ iOS နှင့် Android အားလုံးကို ဇန်နဝါရီလမှာ ပြန်လည် အမှတ်တံဆိပ် သတ်မှတ်ခြင်း အဖြစ် ပြောင်းလဲ မှာပဲ ဖြစ်ပါတယ် ။

Microsoft 365 က ယခုအခါ Teams ၊ Word ၊ Excel ၊ PowerPoint ၊ Outlook ၊ Loop ၊ Clipchamp ၊ Stream နှင့် Microsoft ရဲ့ Designer app အသစ်တို့ရဲ့ home ဖြစ်မှာပဲ ဖြစ်ပါတယ်။ Mobile နှင့် desktop နှစ်ခုလုံး အတွက် central ဖြစ်သော Microsoft 365 app မှာ သက်ဆိုင်ရာ colleagues တွေ နှင့် meetings တွေ ၊ files တွေနှင့် စာရွက်စာတမ်း အားလုံး အတွက် အချက်အချာ ကျတဲ့ နေရာ၊ အကြောင်းအရာ တွေကို group နှင့် စုစည်းဖို့ အတွက် စိတ်ကြိုက် tag လုပ်ခြင်းတို့ ပါဝင်မှာပဲ ဖြစ်ပါတယ်။

Microsoft Office အမှတ်တံဆိပ်က ချက်ချင်း ပျောက်ကွယ် သွားမှာ မဟုတ်ပေ။ Microsoft က Office 2021 နှင့် Office LTSC အစီအစဥ်တွေ မှတစ်ဆင့် သုံးစွဲသူတွေနှင့် စီးပွားရေး လုပ်ငန်းတွေ ထံ ၎င်းရဲ့ Office app အစုအဝေးကို one-time purchases တွေကို ဆက်လက် ကမ်းလှမ်း သွားမှာပဲ ဖြစ်ပါတယ် ။ Microsoft Office က ယခုအခါ Microsoft အတွက် အမွေအနှစ် အမှတ်တံဆိပ် တစ်ခု ဖြစ်ပြီး ဆိုလိုကတော့ features အသစ်တွေ ကြေငြာတဲ့ အခါ ၎င်းတို့က Microsoft Office မဟုတ်ဘဲ Microsoft 365 သို့ ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။

new Microsoft 365 app on Windows. Image: Microsoft

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။