Microsoft Edge က Price tracking features နှင့် Leaked passwords features တွေ ရရှိနေပါပြီ

Illustration by Alex Castro / The Verge

Microsoft က ၎င်း၏ Edge browser မှာ price tracker အသစ် တစ်ခုကို ထည့်သွင်းဖို့ စီစဉ် နေပြီး အွန်လိုင်းမှာ ပေါက်ကြား နေပါက လူတွေဟာ ၎င်းတို့၏ passwords တွေကို အလွယ် တကူ ပြောင်းလဲ နိုင်စေမယ့် feature အသစ် တစ်ခုလည်း ဖြစ်ပါတယ်။

Price tracking feature ကို မကြာမီ ရရှိ နိုင်တော့မှာ ဖြစ်ပြီး မကြာသေးမီက ကြည့်ခဲ့ ( recent viewed ) တဲ့ products တွေကို track လိုက်ကာ price changes တွေကို alert ပြပေးရန် ဒီဇိုင်း ထုတ်ထား ပါတယ်။

Microsoft က ၎င်းရဲ့ Edge browser ဖြင့် shopping improvements အပေါ် များစွာ focus ထားပြီး Edge မှာ စျေးနှုန်း နှိုင်းယှဉ်မှု ( price comparison ) ၊ စျေးနှုန်းမှတ်တမ်း ( price history ) နှင့် built-in coupons တွေ ပါရှိ ပြီးသားပဲ ဖြစ်ပါတယ်။

“ ဒီ feature ဟာ မကြာမီ ရောက်ရှိ လာတော့မှာ ဖြစ်ပြီး browser မှာ ထည့်သွင်းလာတော့မှာပဲ ဖြစ်ပါတယ်။ ပုံမှန် အတိုင်း browse လုပ်ဖို့ လိုအပ်ပြီး မကြာသေးမီက ကြည့်ရှုခဲ့တဲ့ အရာများတွေ ထဲမှ စျေးနှုန်း price ပြောင်းလဲ သွားတယ် ဆိုပါက Microsoft Edge က အသိပေး ပါလိမ့်မယ်” လို့ ကုမ္ပဏီရဲ့ “Modern Life” initiative လုပ်ဆောင် နေတဲ့ Microsoft အမှုဆောင် အရာရှိ Liat Ben-Zur က ရှင်းပြ ထားပါတယ်။

အွန်လိုင်းမှာ ရှာဖွေ နေတဲ့ ၎င်းရဲ့ browser tracking products တွေ နှင့် ၎င်းတို့၏ ဆက်စပ် နေတဲ့ စျေးနှုန်း prices တွေကို Microsoft က ဘယ်လို ကိုင်တွယ် ဖြေရှင်းရမယ် ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရ သေးပါ။ Microsoft က အစဉ်အလာ အားဖြင့် Edge မှာ privacy-focused controls အများအပြားကို ကမ်းလှမ်း ထားတာကြောင့် အလားတူ options တွေကို ဒီနေရာတွင် မြင်တွေ့ ရဖို့ မျှော်လင့် ပါတယ်။

Privacy အကြောင်း ပြောရရင် Edge က အသုံးဝင်တဲ့ password tool အသစ် တစ်ခု ကိုလည်း ရရှိ နေပါတယ် ။ Microsoft က အွန်လိုင်း ပေါက်ကြားမှု ရှိလာပါက passwords တွေကို update လုပ်ဖို့ လွယ်ကူ စေမယ့် feature အသစ် တစ်ခုကို Edge မှာ စမ်းသပ် နေပါတယ်။

ဒီလို လုပ်ဆောင် နိုင်ဖို့ ခွင့်ပြု ပါက Edge က ပေါက်ကြား လာတဲ့ passwords တွေကို စောင့်ကြည့် နေပြီး မကြာမီမှာ ထိခိုက်တဲ့ credentials တွေ အတွက် website ရဲ့ password page ဆီ password ပြောင်းနိုင်ဖို့ တိုက်ရိုက်သွား နိုင်မှာပဲ ဖြစ်ပါတယ်။

ထို့နောက် Edge က password အသစ် တစ်ခု ၊ ထူးခြား ကောင်းမွန်တဲ့ password တွေနဲ့ ခိုင်မာတဲ့ password တွေကို ဖန်တီး နိုင်ပါ လိမ့်မယ်။ “Easy update is only available across a limited number of sites to start, but we will be working diligently to expand this list in the coming months,” ဟု Ben-Zur က ပြောပါတယ်။

Image : microsoft

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။