Windows 11 ၏ UI အသစ်၊ Start menu နှင့် အခြားအရာများ online ပေါ်တွင် ပေါက်ကြား

The new Windows 11 UI.

Microsoft ၏ လာမည့် Windows 11 operating system ဟာ online ပေါ်တွင် ပေါက်ကြားသွားခဲ့ပါတယ်။ ထိုပေါက်ကြားမှုတွင် Windows 11 ၏ UI အသစ်၊ Start menu နှင့် အခြားအရာများကို ဖော်ပြထားပါတယ်။

Windows 11 UI အသစ်နှင့် Start menu သည် Windows 10X တွင် တွေ့ရသော ပုံစံနှင့် အလွန် ဆင်တူပါတယ်။ Windows ကို favor ပေးဖို့ ဒီ project ကို မဖျက်ခင် Microsoft က dual-screen devices အတွက် Windows ကို လွယ်ကူရိုးရှင်းအောင် ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံး သိသာသော ပြောင်းလဲမှုမှာ အောက်ခြေရှိ Task Bar ဘဲ ဖြစ်ပါတယ်။ Microsoft က ဒီ app icon တွေကို screen ၏ အလယ်တွင် ထားကာ tray area ကို ရှင်းလင်းပြီး Start button နှင့် menu အသစ်တခု ထည့်သွင်းထားပါတယ်။

ဤအသစ်ပြုပြင်ထားသော Start menu သည် Windows 10 တွင် Live Tiles မပါပဲ လက်ရှိ simplified version ဖြစ်ပါတယ် ။ ၎င်းတွင် pinned apps များ၊ recent files များနှင့် Windows 11 devices များ လျင်မြန်စွာ ပိတ်ခြင်း shut down ချနိုင်ခြင်း (သို့) restart လုပ်နိုင်ခြင်းများ ပါဝင်ပါတယ် ။ ယနေ့ Windows 10 တွင် ရှိသည့် အရာများနှင့်နှိုင်းယှဉ်လျှင် ပိုမိုရိုးရှင်းပါတယ်။

အကယ်၍ app icon များနှင့် Start menu ကို အလယ်တွင် မလိုချင်ပါက ၎င်းတို့ အားလုံးကို ဘယ်ဘက်သို့ ပြန်ရွှေ့နိုင်သည့် option တစ်ခု ပါရှိပါတယ်။ ဒါ့အပြင် ရရှိနိုင်သည့် dark mode နှင့်အတူ ချိတ်ဆက်လျက်, Windows 11 ကို သစ်လွင်သောအရာ တစ်ခုထက် ပိုမို ရိုးရှင်းသော Windows 10 version ကဲ့သို့ အသုံးပြုနိုင်ပါတယ်။

You can move the Windows 11 Start menu to the left side.

Microsoft သည် Windows 11 တွင် rounded corners များကိုလည်း အသုံးပြုပါတယ်။ ၎င်းကို context menus များ၊ around apps များနှင့် File Explorer တို့တွင် တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။ Start menu ကိုယ်တိုင်တွင်လည်း rounded corners များ ပါ ၀ င်သည်။ ၎င်းသည် Windows 11 ၏ အွန်လိုင်းတွင် ပေါက်ကြားထားသော အစောပိုင်း version ဖြစ်နေဆဲ ဖြစ်သောကြောင့် အရာအားလုံးမပါဝင်သေးပါ။

Windows 11’s search interface.

The File Explorer in Windows 11.

Windows 11 taskbar တွင် icon အသစ်တစ်ခု ရှိပါတယ်။ ၎င်းကို operating system တွင် Widgets ဟု ခေါ်သည်။ ကောလာဟလများအရ Microsoft က Windows Widgets များကို ပြန်လည်ယူဆောင်လာပါတယ်။
၎င်းသည် Windows 11 ၏ အစောပိုင်း version ဖြစ်သောကြောင့် Widgets များသည် OS ကို အပြည့်အဝ မတင်နိုင်သော်လည်း ၎င်းတို့သည် သတင်းများ၊ ရာသီဥတုနှင့် အခြားဝဘ်ဆိုက်များသို့ လျင်မြန်စွာ ၀ င်ရောက်နိုင်ရန် ဒီဇိုင်း ပြုလုပ်ထားပါတယ်။

Early version of Windows Widgets in Windows 11.

နောက်ထပ် တွေ့ရှိရသည့် အချက် တစ်ချက်မှာ Windows 11 တွင် app များအားလုံးရှိ maximize button မှ ဝင်ရောက်နိုင်သည့် snap control အသစ်များလည်း ပါ ၀ င်သည်။

Window Control သည် Multi Windows ကို အသုံးပြုရန်အတွက် ကွဲပြား ခြားနားသော split-screen, left-right, three-screen နှင့် four-screen (macOS နှင့်တူသော) screen ၏ snap windows ကို ရွေးချယ်နိုင်ပါတယ်။ သို့သော် ထိုအရာကို ဘယ်ဘက် (left) သို့မဟုတ် ညာဘက် (right) screen တွင် ထားရန်သာ ရွေးချယ်နိုင်သည်။

Windows 11’s new snap feature.

ကံမကောင်းစွာနဲ့ပဲ Windows Store မှာ ပြောင်းလဲမှု ကြီးကြီးမားမားများ မရှိသေးပါဘူး။ ၎င်းသည် အစောပိုင်း leaked version ဖြစ်သဖြင့် Microsoft စီစဉ်ထားသည့် မည်သည့် နောက်ဆုံး သတင်းများကိုမျှ ပြသနိုင်ခြင်း မရှိသေးပါဘူး။

Windows Store ၏ interface သည် ယနေ့ခေတ် Windows 10 ရှိ အရာများနှင့် တူတူပါပဲ ။ ယနေ့ ရရှိနိုင်သော Application အားလုံးကို ရယူ အသုံးပြု နိုင်ပါတယ်။

The existing Windows Store in Windows 11.

အခြားတစ်နေရာရာ၌လည်း Microsoft သည် Windows 11 တွင် setup အတွေ့အကြုံ အသစ်တစ်ခုလည်း ထည့်သွင်းထားပါတယ်။ ၎င်းသည် Windows 10X၊ hardware အသစ်အသုံးပြုသူများ (သို့မဟုတ်) Windows 11 သို့ အဆင့်မြှင့်တင်သူများအတွက် Windows ကို ပြုပြင်ရန် အဆင့်များနှင့်အလွန် ဆင်တူပါတယ်။ ဤ out-of-box အတွေ့အကြုံတွင် Windows 11 startup sound အသစ်လည်း ပါ ၀ င်ပါတယ်။ ထို့နောက် ၎င်းသည် boot လုပ်တိုင်း စတင်ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။

Windows 11 တွင် Xbox ၏ အတွေ့အကြုံကိုလည်း Microsoft က တိုးမြှင့် ပေးနေပါတယ်။ Xbox app အသစ်သည် ယခုအခါ Windows 11 သို့ ပေါင်းစည်းလိုက်ပြီပဲ ဖြစ်ပါတယ်။ Xbox Game Pass ဂိမ်းများ၊ Xbox network ၏ social အပိုင်းများ နှင့် Xbox store သို့ လျင်မြန်စွာ ဝင်ရောက်နိုင်ပါတယ် ။ Xbox Game Bar နှင့် Windows Game Mode အားလုံးသည် အစောပိုင်း ပေါက်ကြားခဲ့သော Windows 10 နှင့် အတူတူပင် ဖြစ်သည်။

The new Xbox experience on Windows 11.

The new Xbox app on Windows 11.

ယခု Windows 11 သည် Microsoft အမှန်တကယ် စတင်မည့် နောက်ဆုံး version မဟုတ်သေးပါဘူး။ ဆိုလိုတာက ဒီထွက်ပေါ်လာတဲ့ version မှာ မတွေ့ရသေးတဲ့ features တွေ (သို့) တခြား အစိတ်အပိုင်းတွေ ရှိနိုင်ပါတယ် ။ Microsoft သည် Windows version အတွက် ဇွန်လ ၂၄ ရက်တွင် ဖွင့်ပွဲအခမ်းအနားကို တရားဝင် ကျင်းပမှာပဲ ဖြစ်ပါတယ်။ Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။