Microsoft ရဲ့ Outlook Lite app အသစ်ကို Android မှာ ယခု ရရှိနိုင်ပါပြီ

Outlook Lite for Android. Image: Microsoft

Microsoft က Android အတွက် ပိုမို သေးငယ်ပြီး ပိုမို မြန်ဆန်တဲ့ Outlook Lite app အသစ်ကို ယခု သီတင်းပတ်မှာ ထုတ်ပြန် ကြေငြာ ခဲ့ပါတယ် ။ Outlook ရဲ့ ပေါ့ပါးတဲ့ ဗားရှင်းဟာ ပုံမှန် Microsoft Outlook mobile app ရဲ့ အဓိက features တွေ အပါအဝင် app အရွယ်အစား ၊ ပိုမို မြန်ဆန်တဲ့ performance စွမ်းဆောင်ရည် နှင့် ဘက်ထရီ အသုံးပြုမှု နည်းပါးစေဖို့ ဒီဇိုင်း ထုတ်ထားတာပဲ ဖြစ်ပါတယ်။

Outlook Lite က ဒေါင်းလုဒ် အရွယ်အစား 5MB ဝန်းကျင်ပဲ ရှိပြီး Microsoft က “uses extremely low storage on your phone.” ဟု ဆိုထား ပါတယ် ။ ၎င်းကို Android devices တွေ အားလုံးနှင့် RAM 1GB သာ ရှိတဲ့ devices တွေ အားလုံးမှာ လျင်မြန်စွာ အသုံးပြုနိုင်ဖို့ အကောင်းဆုံး ပြင်ဆင် ထားပါတယ်။

၎င်းက အနည်းငယ် ပိုပေါ့ပါးတာကြောင့်၊ phone resources တွေကို နည်းပါးစေပြီး battery usage ကို သက်သာ စေသင့်ပါတယ် ။ အရေးအကြီးဆုံးမှာ၊ ၎င်းက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ များစွာမှာ အသုံးပြုဆဲ ဖြစ်တဲ့ 2G နှင့် 3G အပါအဝင် mobile networks တွေ အားလုံးမှာ ကောင်းမွန်စွာ အလုပ်လုပ်ဖို့ ဒီဇိုင်း ထုတ်ထား ပါတယ်။

Microsoft က Outlook Lite ကို အာဂျင်တီးနား ၊ ဘရာဇီး ၊ ချီလီ ၊ ကိုလံဘီယာ ၊ အီကွေဒေါ ၊ အိန္ဒိယ ၊ မက္ကဆီကို ၊ ပီရူး ၊ ဆော်ဒီအာရေဗျ ၊ တောင်အာဖရိက ၊ ထိုင်ဝမ် ၊ ထိုင်း ၊ တူရကီနှင့် ဗင်နီဇွဲလား တို့မှာ ရရှိ နိုင်ပါတယ် ။ Outlook Lite ဟာ Outlook.com ၊ Hotmail ၊ Live ၊ MSN ၊ Microsoft 365 နှင့် Microsoft Exchange Online accounts တွေကို ပံ့ပိုးပေးမှာပဲ ဖြစ်ပါတယ်။

Meta က ၎င်း မူရင်း Facebook Android App ရဲ့ slimmed-down version ကို ဖန်တီးတဲ့ ပထမဆုံးသော နည်းပညာ ကုမ္ပဏီတွေ ထဲမှ တစ်ခု ဖြစ်ပါတယ် ။

Facebook Lite က ဖွံ့ဖြိုးဆဲ စျေးကွက်တွေ အတွက် တိုက်ရိုက် ရည်ရွယ်တဲ့ 1MB App တစ်ခု အဖြစ် 2015 ခုနှစ်မှာ ပေါ်လာခဲ့ ပါတယ်။

Google က 2018 ခုနှစ်မှာ Gmail Go အပါအဝင် lightweight Android apps တွေကို ၎င်းရဲ့ နောက်မှာ လိုက်ခဲ့ပါတယ်။

Microsoft က ၎င်းရဲ့ mobile email app ကို “ကမ္ဘာတစ်ဝှမ်းရှိ lightweight mobile devices တွေမှာ အသုံးပြုသူတွေ ပိုမို အသုံးပြုနိုင်စေဖို့ အတွက် Outlook Lite ကို မိတ်ဆက် ပေးထားတာ” ဟု Microsoft မှ အကြီးတန်း ထုတ်ကုန်မန်နေဂျာ Pradeep Elavarasan က ပြောကြားခဲ့ ပါတယ်။

Microsoft က Windows App အတွက် Outlook အသစ်ကိုလည်း ဆက်လက် စမ်းသပ်နေ ပါတယ်။

App အသစ်က စမ်းသပ်နေပြီး Web ပေါ်ရှိ Outlook ကို အခြေခံ ထားပါတယ် ။ ၎င်းက ရှေ့နှစ်တွေမှာ Windows အတွက် Outlook App ကို နောက်ဆုံးမှာ အစားထိုးမှာပဲ ဖြစ်ပါတယ်။

Outlook Lite supports all of the main Outlook features. Image: Microsoft

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။