Microsoft ရဲ့ Outlook Lite Android app အသစ်က ယခုလမှာ ထွက်လာမှာပဲ ဖြစ်ပါတယ်

Microsoft က Android အတွက် ပိုသေးငယ်ပြီး ပိုမြန်တဲ့ Outlook Lite App ကို လုပ်ဆောင် နေပါတယ် ။ ဆော့ဖ်ဝဲ ကုမ္ပဏီကြီးက ၎င်းရဲ့ Microsoft 365 roadmap မှာ App အား အသေးစိတ် ဖော်ပြ ခဲ့ပြီး Outlook Lite က ” ဘယ် network ကို မဆို low-end devices တွေ အတွက် မြန်ဆန်တဲ့ စွမ်းဆောင်ရည် ( fast performance ) နှင့်အတူ သေးငယ်တဲ့ App အရွယ်အစားဖြင့် Outlook ရဲ့ အဓိက အကျိုးကျေးဇူး တွေကို ဆောင်ကြဉ်း ပေးတဲ့ Android App တစ်ခု” အဖြစ် ဖော်ပြထား ပါတယ် ။

Roadmap တွင် Outlook Lite App ကို ယခုလ တစ်ချိန်ချိန်မှာ ကမ္ဘာ တစ်ဝှမ်းတွင် ရနိုင်မှာ ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။ နိုင်ငံ အနည်းငယ်မှာ Outlook Lite App တစ်ခု ရှိနေပြီဟု ZDNet က အစီရင်ခံ တင်ပြ ထားတာကြောင့် Microsoft က ပိုမို ကျယ်ပြန့်တဲ့ ဖြန့်ချိမှု အတွက် အသင့် ဖြစ်နေပုံ ရပါတယ် ။ Outlook Lite မှာရှိတဲ့ Microsoft ရဲ့ ကိုယ်ပိုင် documentation က App အား Outlook ၊ Hotmail ၊ Live နှင့် MSN အကောင့်တွေသာ ကန့်သတ် ထားမှာ ဖြစ်ပြီး work (သို့မဟုတ်) school accounts တွေကို ပံ့ပိုး ပေးမှာ မဟုတ်ကြောင်း အကြံပြု ဖော်ပြ ထားပါတယ်။

Meta က ၎င်း မူရင်း Facebook Android App ရဲ့ ပေါ့ပါးတဲ့ version ကို ဖန်တီးတဲ့ ပထမဆုံးသော နည်းပညာ ကုမ္ပဏီတွေ ထဲမှ တစ်ခု ဖြစ်ပါတယ် ။ Facebook Lite က ဖွံ့ဖြိုးဆဲ စျေးကွက်တွေ အတွက် တိုက်ရိုက် ရည်ရွယ်တဲ့ 1MB app တစ်ခု အဖြစ် 2015 ခုနှစ်မှာ ပေါ်လာ ခဲ့ပါတယ်။ Google က 2018 ခုနှစ်မှာ Gmail Go အပါအဝင် ပေါ့ပါးတဲ့ Android App တွေကို ၎င်းရဲ့ နောက်မှာ လိုက်ခဲ့ ပါတယ်။

Outlook mobile က Android မှာ လူကြိုက် အများဆုံး email app တွေ ထဲမှ တစ်ခု ဖြစ်ပြီး Google Play Store မှာ ဒေါင်းလုဒ်ပေါင်း သန်း 500 ကျော် ရှိပါတယ်။ The Verge က Outlook ကို အကောင်းဆုံး iOS email app နှင့် Android မှာ top choice အဖြစ် အကြံပြု ထားပါတယ်။

Microsoft က Windows App အတွက် Outlook အသစ် ကိုလည်း စမ်းသပ် နေပါတယ်။ App အသစ်က စမ်းသပ် နေပြီး Web ပေါ်ရှိ Outlook ကို အခြေခံ ထားပါတယ် ။ ၎င်းက ရှေ့နှစ်တွေမှာ Windows အတွက် Outlook App ကို နောက်ဆုံးမှာ အစားထိုး မှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။