Microsoft က Task Manager shortcut ကို Windows 11 Taskbar သို့ ပြန်ယူလာ

Windows 11 Insider Preview Build 25211 went live on September 29th. Image: Microsoft

Microsoft က နောက်ဆုံးမှာ Task Manager ကို Windows Taskbar ရှိ ၎င်းရဲ့ မှန်ကန်တဲ့ home သို့ ပြန်ပေးခဲ့ ပါတယ်။

Windows Insider updates တွေရဲ့ Dev Channel ကို စာရင်းသွင်း ထားတဲ့ အသုံးပြုသူတွေက Preview Build 25211 ကို အဆင့်မြှင့် ပြီးနောက် Taskbar ကို right-click နှိပ်သောအခါ option အသစ်ကို တွေ့ပါလိမ့်မယ်၊၊ Task Manager ကို အမြန် ခေါ်နိုင် စေမှာပဲ ဖြစ်ပါတယ်။

၎င်းဟာ နောက်ဆုံးထွက် မွမ်းမံမှုဖြင့် ထွက်ရှိလာတဲ့ တစ်ခုတည်းသော feature မဟုတ်သော်လည်း ၎င်းက အထင်ကြီးဆုံး ဖြစ်ပါတယ်။

ချွတ်ယွင်းချက် ပြင်ဆင်မှုတွေက ဒီတည်ဆောက်မှုနှင့် အတူ ပါလာ သော်လည်း အသုံးပြုသူတွေ သတိထားသင့်တဲ့ rougher spots အချို့ ရှိပါတယ် ။

ဒီအထူး အပ်ဒိတ်က Dev Channel တွင်သာ ထွက်ရှိထားပြီး Beta Channel ကို အသုံးပြုသော Windows Insider စာရင်းသွင်းသူတွေ (သို့မဟုတ်) Windows ရဲ့ Release Preview builds တွေကို မထိခိုက် စေသင့်ပါ။

ဒီမှာ Preview Build 25211 တွင် ထွက်ရှိ ထားသော များပြားလှတဲ့ အပ်ဒိတ်တွေပဲ ဖြစ်ပါတယ်။

  • Widgets board ပေါ်ရှိ Behaviors တွေကို ယခု ချိန်ညှိနိုင်ပြီပဲ ဖြစ်ပါတယ်။ Widgets board က ၎င်းအပေါ်မှာ hover တင်တဲ့ အခါမှာ ဖွင့်ခြင်း ရှိ၊ မရှိ၊ Taskbar က Widgets အတွက် taskbar displays notification badges ရှိ၊ မရှိ (သို့မဟုတ်) Taskbar က Widgets မှ taskbar displays rotating updates ရှိ၊မရှိ ရွေးချယ် နိုင်ပါပြီ။
  • Task Manager ကို ယခု Taskbar ပေါ်တွင် right-click နှိပ်ခြင်းဖြင့် ခေါ်ယူ နိုင်ပါပြီ။
  • Snipping Tool က screenshots တွေကို ယခု အလိုအလျောက် သိမ်းဆည်း ပေးပါတယ်။

Features အသစ်တွေက လက်တစ်ဆုပ်စာ bug fixes တွေနှင့်အတူ ပါလာသော်လည်း၊ ဒီအရာ အားလုံးက ရင်းနှီးပြီးသား သတိပေးချက် တစ်ခု ပါရှိ ပါတယ်။ ထည့်သွင်းထားတဲ့ ဒီ update ပါရှိသော စက်တွေက အပြန်အလှန် မှီခိုမှုဖြင့် Win32 app တွေကို uninstall (သို့မဟုတ်) repair တို့ကို ပြုလုပ်နိုင်မှာ မဟုတ်ပါ။

အတိုချုပ် အားဖြင့်၊ ၎င်းက Steam client (သို့မဟုတ်) Steam ကိုယ်တိုင်မှ ထွက်သော ဂိမ်းများစွာကို uninstall လုပ်နိုင်မှာ မဟုတ်ပါ။ သို့သော်၊ ဒီ bug က Windows Insider တည်ဆောက်မှုတွေ ကြားမှာ အတော်လေး အဖြစ်များ သောကြောင့် ယခုထိတော့ ထိတ်လန့်နေစရာ မလိုအပ်သေးပါ။

Microsoft Store က မူရင်း Win32 app တွေကို စတင် ပံ့ပိုးပေးတဲ့ အချိန်မှ စ၍ ၎င်းတို့ရဲ့ applications တွေကို ပိုမို စိတ်ကြိုက် ပြင်ဆင်ပြီး ထိန်းချုပ်လိုသော developers တွေနှင့် game developers တွေ သာမက ပိုမို ရေပန်းစား လာပါတယ် ။ Win32 ကို မှီခိုရတဲ့ ဂိမ်းတွေနှင့် applications တွေ စာရင်းဟာ ပိုမို ကြီးမား လာသောကြောင့် ဒီကန့်သတ်ချက်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။

Microsoft က ၎င်းရဲ့ Dev Channel updates တွေက မကြာခဏ အလွန် rough ဖြစ်ပြီး မတည်ငြိမ်ကြောင်း အမြဲ သတိပေးထားပါတယ် ။ နည်းလမ်းကို ctrl+alt+deleting မလုပ်ဘဲ Taskbar ကို ဆင့်ခေါ် နိုင်မှုက ဆွဲဆောင်မှု ရှိနေသော်လည်း၊ အရေးကြီးသော App တွေ (သို့မဟုတ်) documents တွေကို မထိခိုက်စေဘဲ Windows Insider အပ်ဒိတ်တွေကို ပြန်လည် ရုပ်သိမ်းခြင်းက အနည်းငယ် ခက်ခဲ နိုင်သောကြောင့် ဒီ update ကို ထည့်သွင်းဖို့ အကြံပြုမည်မဟုတ်ပါ။

Preview Build 25211 ဖြင့် ထုတ်ထားတဲ့ features တွေနှင့် bug fixes စာရင်း အပြည့်အစုံကို Windows Insider blog မှာ ရနိုင် ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။