Microsoft က Linux အတွက် Windows Subsystem ကို Windows 11 app တစ်ခု အဖြစ် ပြောင်းလဲ

Microsoft က Linux အတွက် Windows Subsystem (WSL) ကို Windows 11 တွင် Microsoft Store မှ download လုပ်ပြီး install လုပ်နိုင်တဲ့ app တစ်ခု အဖြစ် အသွင် ပြောင်းလဲ လိုက်ပါတယ်။ Microsoft ၏ Linux integration ဟာ ယခုအခါ Microsoft Store မှာ ရှိပါတယ်။

Application ရဲ့ preview version တစ်ခုကို ယခု ရရှိ နိုင်မှာပဲ ဖြစ်ပြီ Windows 11 users တွေဟာ Linux အတွက် Windows Subsystem ကို install လုပ်ဖို့ programs တွေကို add / remove လုပ်ပြီး Windows အတွက် optional inbox component တစ်ခု အဖြစ် WSL ကို ရွေးစရာ မလိုဘဲ ထည့်သွင်းခွင့် ပြုပေး ထားပါတယ်။

ယခု ဒီ separate app ကို ယခု store ကနေ တဆင့် ၀န်ဆောင်မှု ပေးပါလိမ့်မယ်။ ဆိုလိုတာ ကတော့ Microsoft ဟာ Windows ကနေ လွတ်လပ်စွာ WSL ကို update လုပ်နိုင်ပြီး WSL users များအား နောက်ဆုံးပေါ် latest WSL updates များ နှင့် features တွေ ပိုမို မြန်ဆန်စွာ ရယူ နိုင်ပြီး Windows version ကို modify လုပ်ဖို့ မလိုအပ်ဘဲ ” ခွင့်ပြု ပေးမှာပဲ ဖြစ်ပါတယ်။

ဤ Store app version တွင် အပြောင်းအလဲ အသစ်တွေ မရှိသေး သော်လည်း ၎င်းဟာ ပိုပြီး ကြီးမားတဲ့ Windows ဖြန့်ချိမှု ( သို့မဟုတ် ) update ကို စောင့်စရာ မလိုဘဲ future updates တွေ ပေါ်လာ နိုင်တယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

Microsoft ဟာ ယမန် နှစ်က developer တွေ အတွက် Windows 10 တွင် Linux GUI app တွေကို ဖွင့်ပေး ခဲ့ပြီ အနာဂတ်မှာ Microsoft Store တွင် ဤ ကဲ့သို့သော features တွေ ချက်ချင်း ရရှိ နိုင်မှာပဲ ဖြစ်ပါတယ်။

WSL အတွက် အဲဒီ Microsoft Store app ဟာ Windows 11 မှာသာ အလုပ် လုပ်ပါ လိမ့်မယ် ။ Microsoft က ၎င်း၏ blog post မှာ Windows 10 ကို ဖော်ပြ ထားခြင်း မရှိဘဲ Microsoft Store app ကနေ အကျိုး ရှိစေဖို့ update လုပ်ရန် လိုအပ် ပါတယ် လို့ အကြံပြု ထားပါတယ်။ Windows 11 users တွေ အတွက် သတင်းကောင်း ဖြစ်သော်လည်း အထူးသဖြင့် နောက်ဆုံး latest Windows versions တွေ ရဖို့ enterprise environments မှာ အနည်းငယ် ပိုပြီး ကြာတတ် ပါတယ်။

Microsoft က WSL ၏ inbox version ကို support ပေး နေဆဲ ဖြစ်ပြီး သူတို့ကို ဘေးချင်း ယှဉ်ပြီး run နိုင်စေမှာ ဖြစ်ပြီး Windows 11 users တွေကို နောက်ဆုံးတွင် Microsoft Store version ကို ပြောင်းဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ “Our goals are to make WSL in the Microsoft Store the best way to install and use WSL, as you’ll be able to get the latest updates fastest through that route, and in the long term we’d like to move WSL users to use the store version,” ဟု Windows developer platform အတွက် program manager တစ်ယောက် ဖြစ်တဲ့ Craig Loewen က ရှင်းလင်း ဖော်ပြ ထားပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။