Microsoft က မိတ်ဆက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ဆိုတဲ့ Surface Pro 8 Tablet

Surface Pro 8 Tablet

The Surface Pro X design. Photo by Amelia Holowaty Krales / The Verge

Microsoft က ၎င်း၏ နောက်ဆုံးပေါ် Surface Pro 8 tablet ကို မနက်ဖြန် မိတ်ဆက်ဖို့ စီစဉ် နေပါတယ်။ Microsoft ၏ အစီအစဉ်များ နှင့် ရင်းနှီးသော သတင်း ရင်းမြစ်များက Surface Pro 8 အသစ်ဟာ လွန်ခဲ့သော ခုနစ်နှစ်ကျော် ကတည်းက Surface Pro 3 ကို biggest hardware design နှင့် specification အပြောင်းအလဲများ နှင့်အတူ တင်ပို့လိမ့်မည်ဟု ပြောကြား ခဲ့ပါတယ်။ Surface Pro 8 ဟာ စောင့်နေတာ ကြာပြီ ဖြစ်တဲ့ Surface Pro ကို ပြန်လည် design ဆင်ထားပုံ ရပါတယ်။

Microsoft က Surface Pro X ၏ sleek design elements အများစုကို Surface Pro ဆီကို ယူဆောင် လာဖို့ စီစဉ် နေပါတယ်။ Tablet ပုံစံက အနားတွေ (edges) မှာ ပိုမို လုံးဝန်း( rounded ) လာမှာ ဖြစ်ပြီး Surface keyboard အသစ်ဟာ Pro X ကဲ့သို့ပင် သေးသွယ်တဲ့ Surface Pen အသစ်ကို ထည့်သွင်း ပေးပါလိမ့်မယ်။ Surface Pro 8 ၏ top နှင့် bottom မှာ ရှိတဲ့ display bezels များကို အပြည့်အ၀ ဖယ်ရှားပစ်မှာ မဟုတ်သော်လည်း ၎င်းတို့က အလွန်သေးငယ်ပြီး ဘေးနှစ်ဖက်မှ edge-to-edge နီးကပ် လာပါ လိမ့်မယ်။ Surface Pro 8 ဟာ Pro X ထက် အနည်းငယ် ပိုပြီး ထူနေပါ သေးတယ်။

Microsoft က Surface Pro 8 display ကို 120Hz panel နှင့် Windows 11 ၏ Dynamic Refresh Rate feature အသစ်ကို အသုံးပြု ထားလိမ့်မယ့် မျှော်လင့် မိပါတယ်။ Dynamic Refresh Rate က Apple ၏ high refresh-rate ProMotion displays များ အလုပ်လုပ်ပုံနဲ့ ဆင်တူပြီး display က tasks တွေပေါ် မူတည်၍ ကွဲပြားသော refresh rates တွေကို အတက်အကျ ဖြစ်စေ ပါတယ်။ Microsoft ဟာ ဤ Surface Pro 8 display အသစ်ကို အဓိက အားဖြင့် device ကို အသုံးပြု၍ performance မြှင့်တင်ပေးပြီး web page များနှင့် အချို့သော app များကို scrolling လုပ်ရာတွင် ပိုမို ချောမွေ့ စေပါတယ်။

Surface Pro 8 တွင် Inking improvements တွေဟာ ဤ display အသစ် နှင့် update လုပ်ထားတဲ့ Surface Pen တို့ကြောင့် သိသာ ထင်ရှား နေပါလိမ့်မယ်။ Pro X တွင် တွေ့ရသော slim stylus design ကို Pro 8 တွင် ရရှိနိုင်မှာ ဖြစ်ပြီး Microsoft က အဲ့ဒီနေရာမှာ solid improvements အချို့ကို ပြုလုပ် နေပါတယ် ။ Surface Pen အသစ်ဟာ haptic feedback ကို support ပေးသောကြောင့် ပုံဆွဲခြင်း ( drawing ) မှ နူးညံ့သော အာရုံခံစားမှုများကို ရရှိစေပြီး ဖိအားကို အာရုံခံနိုင်စွမ်း ပိုမို ကောင်းမွန် စေပါတယ်။

Microsoft က Surface Pro 8 မှာ ရှိတဲ့ Thunderbolt ဆီကိုလည်း ပြောင်းသွားပြီ USB-A port ကို ဖယ်ပစ်ပြီး high-speed data transfers ကို support ပေးမယ့် USB-C port နှစ်ခုသို့ ပြောင်းလဲ သွားပါတယ်။ တစ်ဖန် ၎င်းက Surface Pro X နှင့်လည်း ဆင်တူနေတဲ့ USB-C port နှစ်ခု ပါ၀င် ပါတယ်။

လွန်ခဲ့သော ၂ နှစ်က Surface Pro 7 ကို ပြန်သုံးသပ်တဲ့ အခါ “Surface Pro X ကဲ့သို့ ဖြစ်ပါလိမ့်မယ်” ဟု ပြောပြီး Pro 8 က Pro X improvements အများစုကို ပေးစွမ်းပါတယ်။ Microsoft က Intel’s 11th Gen chips များနှင့်အတူ ကပ်လျက် ရှိနေသောကြောင့် regular Surface Pro နှင့် Surface Pro X တို့ အကြား ကြီးမားတဲ့ ကွာခြားချက်များဟာ battery life နှင့် performance ကို ကျဆင်း စေပါလိမ့်မယ်။

အကယ်၍ Surface Pro 8 က solid battery life ကို ပေးနိုင်ရင် ၎င်းက အစဉ်အဆက် အကောင်းဆုံး Intel-powered Surface Pro ဖြစ်နိုင် ပါတယ်။ Surface Pro 3 ၏ design ကို နှစ်ပေါင်းများစွာ မွမ်းမံပြီးနောက် Surface Pro 8 က Windows 11 အတွက် ၎င်း၏ ပြန်လည် ဆန်းသစ်ထားသော UI ပါ၀င်တဲ့ design ကို ပြုပြင် မွမ်းမံဖို့ သတ်မှတ်ထားပါတယ်။

Surface Pro 8 Tablet

The Surface Pro 8 will include a slim Surface Pen like the Pro X. Photo by Amelia Holowaty Krales / The Verge

မနက်ဖြန် Microsoft ၏ event ပွဲမှာ Surface Pro 8 ၊ Surface Book design အသစ် ၊ Surface Pro X updates များ ၊ Surface Go 3 နှင့် Surface Duo 2 တို့ ကို မျှော်လင့် ပါတယ်။ Microsoft ၏ event ပွဲကို September 22 ရက် မြန်မာ စံတော်ချိန် ည ၉ နာရီ ( 9 pm in Rangoon (or) 11AM Eastern Time (ET) ) တွင် စတင်မှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။