Microsoft က Windows store ကို third-party app stores တွေအထိ ဖွင့်လှစ်လိုက်ပါပြီ

The new Microsoft Store in Windows 11 will also support third-party app stores. Image: Microsoft

Microsoft က ၎င်း၏ ကိုယ်ပိုင် app store ကို Windows တွင် အခုထက် ပို၍ ဖွင့်လှစ်ခဲ့ပြီး third-party app stores တွေကို Microsoft Store ဆီသို့ ပေါင်းစည်းဖို့ ဖိတ်ခေါ် လိုက်ပါတယ်။ ၎င်းဟာ လာမယ့် လတွေမှာ Amazon နှင့် Epic Games Store နှစ်ခုလုံးတွင် Microsoft Store မှာ တွေ့ရှိ နိုင်မယ့် သိသာ ထင်ရှားသော အပြောင်းအလဲ တစ်ခု ဖြစ်ပါတယ်။

“ အခြား app တွေ လိုပဲ third-party storefront apps တွေမှာ ရှာဖွေခြင်း ( သို့မဟုတ် ) ရှာဖွေခြင်းဖြင့် ထုproduct detail page ရရှိ ပါလိမ့်မယ်။ ဒါကြောင့် users တွေက ၎င်းကို Windows မှာ ရှိတဲ့ Microsoft Store တွင် အခြား ဘယ်လို app မျိုးကိုမဆို တူညီတဲ့ ယုံကြည် စိတ်ချမှုဖြင့် လွယ်ကူစွာ ရှာဖွေပြီး install လုပ်နိုင် ပါတယ် “ လို့ Microsoft Store ၏ general manager , Giorgio Sardo က ရှင်းပြထား ပါတယ်။

“ ဒီနေ့ ငါတို့ Amazon နဲ့ Epic Games က သူတို့ရဲ့ storefront apps တွေကို လာမယ့်လ အနည်းငယ် အတွင်းမှာ Microsoft Store ကို ယူဆောင် လာပါလိမ့်မယ်၊ အနာဂတ်မှာ အခြား stores တွေကိုလည်း ကြိုဆိုဖို့ ငါတို့ မျှော်လင့်တယ် “ လို့ ရှင်းပြထား ပါတယ်။

Microsoft က Microsoft Store သို့ အပြောင်းအလဲ အချို့ကို ကြေငြာပြီးနောက် လအနည်းငယ် အကြာတွင် ထွက်ပေါ်လာ ပါတယ်။ Store ဟာ Windows 11 နဲ့ နောက်ဆုံးမှာ Windows 10 အတွက် ပြန်လည် ပြင်ဆင် မွမ်းမံ ထားရုံသာမက Microsoft က developer များအား အခြား payment platforms တွေကို သုံးရင် app တွေက ၀င်ငွေ၏ ၁၀၀ ရာခိုင်နှုန်းကို ခွင့်ပြု ပေးပါလိမ့်မယ်။ တစ်ခုတည်းသော ခြွင်းချက်က ၎င်းဟာ games တွေနှင့် မသက်ဆိုင်တာပဲ ဖြစ်ပါတယ်။

Windows နှင့် devices များရဲ့ အကြီးအကဲ Panos Panay က Microsoft က ၎င်း၏ Windows 11 app store သစ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ Steam နှင့် အခြား third-party stores တွေကို ဖွင့်ပေးခဲ့တယ် လို့ The Verge ကို ဇွန်လက ထုတ်ဖော် ပြောကြား ပြီးနောက် ထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ “ Store ကို သွားရင် app ကို ရိုက်ထည့်ပြီး လိုချင်တဲ့ app ကို ရနိုင်တယ် ဆိုတဲ့ အဲ့ဒီ experience ကို ငါ တကယ် လိုချင်တယ် ” ဟု Panay က ယခုနှစ် အစောပိုင်းတုန်းက ပြောကြား ခဲ့ပါတယ်။

Steam က list ထဲမှာ မပါသေးသော်လည်း ၎င်းက အနာဂတ်တွင် ရောက်လာဖို့ ရှိနေဆဲ ဖြစ်ပါတယ်။ “ open store for a open platform” တစ်ခု ဖြစ်လာဖို့ Microsoft ရဲ့ ကတိပေးထားတာ တစ်ခုက ယခု Windows မှာရှိတဲ့ Microsoft Store မှာ ဘယ်လို third-party storefront apps မျိုးကို မဆို စာရင်းသွင်းဖို့ ခွင့်ပြု ပေးလိမ့်မယ် ဆိုတာပဲ ဖြစ်ပါတယ်။ ၎င်းက rival stores တွေမှ သီးခြား apps တွေနှင့် games တွေကို ရှာပြီး install လုပ်နိုင် လိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် storefront apps တွေကို search results တွေမှာ ဖော်ပြ ပေးပါလိမ့်မယ်။

ဒီနေရာမှာ တစ်ခုတည်းသော ခြားနားချက်ဟာ Amazon က Microsoft ရဲ့ partnership ဖြစ်လာတာပဲ ဖြစ်ပါတယ်။ Microsoft က Android app တွေကို Windows 11 ဆီ ယူဆောင် လာပြီး ၎င်းတွင် Microsoft Store မှ တိုက်ရိုက် Amazon Appstore တွင် discover လုပ်ပြီး ရှာနိုင်တဲ့ စွမ်းရည်တွေ ပါ၀င် လာပါတယ်။ အဲ့ဒီ ပေါင်းစည်းမှု၏ preview တစ်ခုဟာ မကြာခင် Windows Insiders အတွက် ရရှိ နိုင်မှာပဲ ဖြစ်ပါတယ်။

The new Microsoft Store in Windows 11.

Microsoft ၏ ပိုပြီး ပွင့်လင်းလာတဲ့ app store policies တွေဟာ Microsoft Store အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပြီး ဖြစ်ပါတယ်။ Discord ၊ Zoom ၊ VLC ၊ TeamViewer နှင့် Visual Studio Code တို့လိုပဲ Popular apps တွေ အားလုံးကို Microsoft Store မှာ အခု ဖော်ပြ ထားပါတယ်။ Reddit ၊ Wikipedia ၊ TikTok ၊ Tumblr နှင့် အခြား အရာတွေမှ Progressive Web Apps (PWA) တွေတောင် ပါ၀င်လာ ပါတယ်။ Microsoft Store မှာလည်း Browser အားလုံးကို ယခု စာရင်းပေး နိုင်ပါပြီး Opera နှင့် Yandex Browser နှစ်ခုစလုံးဟာ Microsoft ၏ policies အသစ်တွေ ရဲ့ အားသာချက်တွေကို ရယူထား ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။ခ