Microsoft က Windows 365 service အသစ်တစ်ခုကို မိတ်ဆက်

ယနေ့ခေတ်တွင် Microsoft က Windows 365 ဟုခေါ်သည့် ၀န်ဆောင်မှု အသစ်တစ်ခုကို ထုတ်ဖော် ပြသခဲ့ပြီး ၎င်းသည် အသုံးပြုသူများကို web browser တွင် မည်သည့် စက်ပစ္စည်းပေါ်တွင်မဆို Window full version နဲ့ လည်ပတ်စေမှာပါ။

၀န်ဆောင်မှုအသစ်က အစပိုင်း၌ စီးပွားရေး လုပ်ငန်းများအတွက်သာ ရရှိနိုင်သော်လည်း Microsoft ၏ Cloud Platform များအပေါ် အလေးထားမှုကြောင့် အနာဂတ်မှာ consumer များအတွက် ရရှိ နိုင်ပါလိမ့်မယ်။

Microsoft က Windows 365 ကို စီးပွားရေး လုပ်ငန်းများအတွက် one-person show အတွက်ဖြစ်စေ ဒါမှမဟုတ် giant organization အတွက်ဖြစ်စေ အကျိုးကျေးဇူး များစေမှာပါ။ Windows 365 ကို Mac အပြင် iPad ပေါ်တွင် အသုံးပြု နိုင်ပါတယ်။

Microsoft ၏ streaming Xbox service က Cloud တွင် virtual Xbox ဖန်တီးပုံကဲ့သို့ပင် Windows 365 က virtual cloud PC ကို ဖန်တီးနိုင်ပါတယ်။ Windows 365 ဖြင့် set up လုပ်ခဲ့သော Cloud PC များက physical PC ကဲ့သို့ လုံးဝ ကိုယ်ပိုင် ပြုပြင်ပြောင်းလဲမှု ပြုလုပ် နိုင်ပါတယ်။ အသုံးပြုသူများက RAM နှင့် storage ကို virtual PC ထဲမှာ စိတ်ကြိုက် ပြုလုပ် နိုင်ပါတယ်။ Microsoft’s website အရ၊ cloud PC ကို 512GB နှင့် 16GB RAM တို့ဖြင့် configure လုပ်နိုင် ပါတယ်။

ဘယ် device ပေါ်တွင်မဆို Windows applications အပြည့်ဖြင့် Windows 365 က “instant-on boot experience” တစ်ခုကို stream လုပ်နိုင်ပါတယ်။ cloud-based PC က ၎င်း၏ အခြေအနေကို ချွေတာပြီး device နှင့် platform များအကြား လွယ်လွယ်ကူကူ switch လုပ်နိုင်ပါတယ်။ ၎င်းသည် web browser မှတစ်ဆင့်သာ ဖြစ်နိုင်သော်လည်း iPad က ရိုးရှင်းသော window system နှင့် applications များဖြင့် full desktop operating system လည်ပတ်နိုင်မည်ကို ပထမဆုံးအကြိမ် မှတ်သားခြင်း ဖြစ်ပါတယ်။

Microsoft ၏ ပြောကြားချက်အရ ၎င်းသည် cloud PC များ Zero Trust architecture နှင့်အတူ လုံခြုံအောင် ထိန်းသိမ်းရန် အဆင့်များ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။ Windows 365 မှတဆင့် virtual PC သို့ Signing လုပ်ရန် multi-factor authentication ပါဝင် ပါတယ်။ သိမ်းဆည်းထားသောဒေတာများမှ network traffic အထိ အရာအားလုံးကို encrypted လုပ်ထားပါတယ်။

Business administrators များက သူတို့ organization ရဲ့ cloud PCs များ ခြေရာခံ စောင့်ရှောက်နိုင်အောင် ကုမ္ပဏီက ၎င်း၏ Azure Virtual Desktop platform ပေါ်တွင် Windows 365 ကို တည်ဆောက်ခဲ့ ပါတယ်။

Microsoft က Windows 365 ကို နောက်မှမဟုတ်ဘဲ သုံးစွဲသူများထံ မြန်မြန် ပို့ဆောင်လိမ့်မည်ဟု မျှော်လင့် ရပါတယ်။ Mac သုံးစွဲသူများက Boot Camp (သို့မဟုတ်) Parallels မှတစ်ဆင့် Windows ကို install လုပ်ရန် မလိုအပ်သောကြောင့် သုံးစွဲသူများ၏ cloud PC မှ အကျိုး ကျေးဇူးများ ရနိုင်ပါတယ်။

Microsoft က Windows 365 service ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂ ရက်တွင် စတင် ဖြန့်ချိမှာပဲ ဖြစ်ပါတယ်။ Windows 365 ကို Windows 10 တွင် စတင် ဖြန့်ချိမည် ဖြစ်ပြီး နောက်ပိုင်းတွင် Windows 11 သို့ အဆင့်မြှင့်တင်မှု ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ Windows 365 က modern web browsers များ၌ Mac ၊ iPads ၊ Android devices များနှင့် Linux devices များပေါ်တွင် အသုံးပြု နိုင်ပါတယ်။ Reference: Microsoft , 9to5Mac

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။