Microsoft က Windows 11 Insiders အတွက် Dark Mode နဲ့ Notepad ကို ဖြန့်ချိ

Image: Microsoft

Microsoft က ၎င်းရဲ့ Notepad App ကို ပြန်လည် ဒီဇိုင်း ထုတ်ကာ dark mode ၊ ပိုမို ကောင်းမွန်တဲ့ စာသားရှာဖွေမှု/စာသားရှာဖွေတာ နှင့် အစားထိုး interface တွေ ၊ ပိုမို ကောင်းမွန်တဲ့ undo လုပ်ဆောင်ချက်တွေ နှင့် အခြား အရာတွေ ကဲ့သို့ ခေတ်နဲ့ အညီ အင်္ဂါရပ် အချို့ကို ထည့်သွင်း ထားပါတယ်။

Dark mode ထပ်တိုးခြင်း ၊ အပ်ဒိတ် လုပ်ထားတဲ့ right-click menu နှင့် Windows ရဲ့ theme-adopting material အသစ် ကဲ့သို့ ရုပ်ထွက် visual updates တွေက ကောင်းမွန် သော်လည်း လုပ်ဆောင်ချက် ဆိုင်ရာ အပ်ဒိတ်တွေက Notepad မှာ အမှန် တကယ် စာသား အရေးအသား အတွက် အသုံးပြု သူတိုင်း အဖို့ အကြီးမားဆုံး အဆင့် မြှင့်တင်မှု တစ်ခု ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။

Windows 11 ဖြင့် တင်ပို့ လာတဲ့ App ၏ လက်ရှိ ဗားရှင်းမှာ ၊ စာသား ရှာဖွေရေး ကိရိယာ နှင့် စာသား ရှာဖွေ အစားထိုး ကိရိယာက မတူညီတဲ့ keyboard shortcuts နှင့် မတူညီတဲ့ pop-up windows နှစ်ခုတို့ပဲ ဖြစ်ပါတယ်။ ဒီဇိုင်း အသစ်က XP era မှ ဖြစ်ဟန် တူတဲ့ အရာ အစား ၎င်းတို့ကို floating bar တစ်ခု အဖြစ် ပေါင်းစပ်ထား ပါတယ်။

Microsoft က undo ကို အဆင့် တစ်ဆင့်သာ ပြန်သွားလို့ ရနိုင်တဲ့ ဗားရှင်း အဟောင်းရဲ့ undo စနစ် ကို အဆင့် များစွာ undo လုပ်နိုင်တဲ့ အစားထိုးမှုတွေ ပေါင်းထည့် နေတယ် ဟု ပြောထား ပါတယ်။ တစ်ကြိမ်ထဲနဲ့ စကားလုံး တစ်လုံးကို ဖျက်ဖို့ Ctrl-Z ကို နှိပ်ပြီး ခေတ်မီတဲ့ App တစ်ခု ပုံစံ မျှော်လင့် ထားသလိုမျိုး အလုပ် မဖြစ် သေးပေမယ့် Notepad ဗားရှင်း အဟောင်း ထက် Memory ပိုများတယ် ဆိုတာ ထင်ရှား ပါတယ်။

Find and Replace still has some quirks in the preview (like not automatically wrapping), but it’s definitely a more modern experience.

နောက်ထပ် ကံမကောင်းတာ တစ်ခုက Word Wrap ကို ပုံသေဖြင့် ပိတ်ထားဆဲပဲ ဖြစ်ပါတယ်။ ၎င်းမှာ View menu တွင် home အသစ် တစ်ခု ပါရှိပြီး Font ခလုတ်ကနေ Edit dropdown သို့ သွားရင် Notepad ရဲ့ “Format” menu အဟောင်းက မပါရှိတော့ ပါဘူး။

Microsoft က Notepad အား အင်္ဂါရပ် အသစ် တွေဖြင့် ပြည့်ပြည့် စုံစုံ ထည့်သွင်းပြီး လုံးဝ ကွဲပြား ခြားနားတဲ့ အက်ပ်တစ်ခု အဖြစ် ပြောင်းလဲခြင်း ထက် Notepad ကို အတုမရှိ အက်ပ်တစ်ခု ပုံစံ ခံစား ရစေဖို့ သေးငယ်တဲ့ အပ်ဒိတ်တွေကို လုပ်ဆောင်နေတဲ့ ပုံပါပဲ ။ Microsoft Word နှင့် ပိုပြီး နီးစပ်စေတဲ့ Notepads ရဲ့ လူသိ နည်းသော တူညီတဲ့ WordPad ပါရှိ သောကြောင့် ၎င်းက ရိုးရိုး စာသား တည်းဖြတ်ခြင်း plaintext editor တစ်ခုထက် Microsoft Word ပုံစံ နှင့် ပိုနီးစပ် လာစေပါတယ် ။ ( WordPad က NotePad ဗားရှင်း အသစ်နှင့် မတူဘဲ .docx ဖိုင်တွေကို ကြည့်ရှု ပြင်ဆင် နိုင်ပါတယ်။ )

Notepad’s new undo system is an improvement, but it’d be hard to call it modern.

Dev ချန်နယ်ကို အသုံးပြု၍ Notepad ရဲ့ ပြန်လည် ထုတ်ထားတဲ့ ဒီဇိုင်း ပုံစံကို Windows 11 Insiders တွေ အတွက် ရရှိသင့် ပါတယ်။။ အကယ်၍ OS ရဲ့ စမ်းသပ် ဗားရှင်းကို အသုံးပြု နေပြီး ၎င်းကို မတွေ့ပါက၊ Microsoft Store တွင် အပ်ဒိတ် တစ်ခု ရှိမရှိ စစ်ဆေးကြည့် စေချင် ပါတယ်။ တချို့ လူတိုင်းလိုလို ၎င်းကို ရရှိဖို့ အနည်းငယ် စောင့်ဆိုင်းတာမျိုး ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော် Microsoft က Notepad ၊ PhotosPaint Office နှင့် Windows ကဲ့သို့ ၎င်းရဲ့ ထုတ်ကုန်တွေ နှင့်အတူ built-in apps အချို့ကို မွမ်းမံ ပြင်ဆင်နေ တာကို မြင်တွေ့ရတာဟာ ၀◌မ်းသာစရာ တစ်ခုပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။