Microsoft က Windows 11 ရဲ့ အငြင်းပွားဖွယ်ရာ မူရင်းဘရောက်ဆာ အပြောင်းအလဲများကို နောက်ကြောင်းပြန်ရှာဖွေမှုတွေ ပြုလုပ်

Microsoft က မူရင်းဘရောက်ဆာ တွေကို ပြောင်းဖို့ခက်ခဲတဲ့ Windows 11 မှာ ပြုလုပ်ထားတဲ့ အပြောင်းအလဲတွေအပေါ် နောက်ကြောင်းပြန် ခြေရာခံရှာဖွေမှုတွေ ပြုလုပ် နေပါတယ်။

အခု Windows 11 ရဲ့ စမ်းသပ်မှုအသစ်က Chrome ၊ Firefox နှင့် အခြား ဘရောက်ဆာ တွေကို အသုံးပြုတဲ့ သူတွေကို ပိုပြီး ရိုးရှင်းတဲ့ လုပ်ငန်းစဉ် ဖြစ်စေဖို့ ခလုတ် တစ်ခုတည်းဖြင့် မူရင်း ဘရောက်ဆာ တစ်ခု သတ်မှတ် နိုင်စေတာပဲ ဖြစ်ပါတယ်။

အကောင်းဆုံး EarTrumpet Windows app ရဲ့ developer ဖြစ်တဲ့ Rafael Rivera ဟာ Windows 11 အပြောင်းအလဲအသစ်တွေကို ယခု သီတင်းပတ် အစောပိုင်းမှာ ရှာဖွေ တွေ့ရှိခဲ့ပြီး HTTP ၊ HTTPS ၊ .HTML နှင့် .HTM တစ်ခုချင်းစီအတွက် file extensions တွေ ဒါမှမဟုတ် protocol handlers တွေကို ပြောင်းတာ အစား Windows 11 က Windows 10 လို မူရင်း ဘရောက်ဆာ တွေကို ပြောင်းနိုင်တဲ့ ခလုတ်တစ်ခုကို ပေးထားခဲ့ပါတယ်။

Microsoft က အဆိုပါ အပြောင်းအလဲတွေဟာ တမင်တကာ ရည်ရွယ်ချက် ရှိရှိ စမ်းသပ်မှုတွေ လုပ်ဆောင် နေတဲ့ အကြောင်း အတည်ပြု ခဲ့ပါတယ်။ “ဗုဒ္ဓဟူးနေ့ တုန်းက Dev Channel မှာ ထုတ်ပြန်ခဲ့တဲ့ Windows 11 Insider Preview Build 22509 တွင် ‘ မူရင်း ဘရောက်ဆာ ‘ ကို HTTP ၊ HTTPS: ၊ .HTM နှင့် .HTML တို့ အတွက် register စာရင်းသွင်းတဲ့ apps ဆီကို Windows Insider ‘ မူရင်း ဘရောက်ဆာ’ သတ်မှတ်ဖို့ စွမ်းရည်ကို မြှင့်တင် ပေးထားကြောင်း “ Windows စျေးကွက် ရှာဖွေရေးရဲ့ ဒုတိယ ဥက္ကဌ Aaron Woodman က ရှင်းပြ ထားပါတယ်။ ” Windows Insider ပရိုဂရမ် မှတဆင့် customer feedback နှင့် စမ်းသပ်မှု အပေါ် အခြေခံ ပြီးတော့ အသစ်အသစ်သော အရာ တွေကို ဆက်လက် မြင်တွေ့ ရမှာ ဖြစ်ပါတယ်။”

Microsoft က မူလ ပုံစံတွေကို ပြောင်းလဲဖို့ ပိုခက်ခဲစေမယ့် ၎င်းရဲ့ ဆုံးဖြတ်ချက်ကို အရင်က ကာကွယ် ခဲ့ပြီး ၎င်းက ” customer တွေရဲ့ တုံ့ပြန်ချက်တွေကို ပိုပြီး အသေးစိတ်တဲ့ အဆင့်မှာ စိတ်ကြိုက် ပြင်ဆင်ဖို့ နှင့် ထိန်းချုပ်ဖို့ အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း ယခုနှစ် အစောပိုင်း တုန်းက The Verge အား ပြောကြား ခဲ့ပါတယ်။ ” ဒါပေမယ့် ပြိုင်ဖက် ဘရောက်ဆာ ထုတ်လုပ်သူ တွေက အပြောင်းအလဲ တွေကို မကျေနပ်ကြဘဲ Mozilla ၊ Brave နှင့် Google ရဲ့ Chrome နှင့် Android အကြီးအကဲတို့က Microsoft ရဲ့ မူရင်း apps တွေ ဆီကို ချဉ်းကပ်ပုံအား ဝေဖန်ခဲ့ ကြပါတယ်။

The default apps process as it exists in Windows 11 today.

Windows 11 က အခြား ဘရောက်ဆာကို ထည့်သွင်းတဲ့ အခါမှာ အချက်ပြ ပေးသော်လည်း ဘရောက်ဆာ အပြင်က လင့်ခ်တစ်ခုကို နှိပ်တာ ၊ HTML စာရွက်စာတမ်းကို ဖွင့်တာ (သို့မဟုတ်) ဘရောက်ဆာ ပရိုတိုကောတွေ နှင့် ဖိုင်တွေကို ဝင်တာ စတာတွေ လုပ်တဲ့ အခါမှသာ ဒါကို စတင် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ဒီပရိုဂရမ်ကို အမြဲတမ်း အသုံးပြုဖို့ အတွက် အမှန်ခြစ်တဲ့ ဘောက်စ်တစ်ခုနှင့် အခြား ဘရောက်ဆာတစ်ခုမှာ ဖိုင် (သို့မဟုတ်) လင့်ခ် တစ်ခုကို ဖွင့်နိုင် ပါတယ်။ တကယ်လို့ အကွက်ထဲမှာ အမှန်ခြစ်ဖို့ မေ့သွားတယ်ဆိုရင် Windows 11 ဆက်တင် အက်ပ်ကို သွားပြီး ရွေးချယ်ပြီး configure လုပ်နိုင်ပါတယ်။

Microsoft က ပုံသေ အက်ပ်များ နှင့် ဘရောက်ဆာတွေကို ပြောင်းဖို့ ပိုပြီးလွယ်ကူစေတဲ့ အဆိုပါ Windows 11 ပြောင်းလဲမှု အသစ်တွေကို စမ်းသပ်ဆဲ ဖြစ်သော်လည်း သုံးစွဲသူ အားလုံးအတွက် ဘယ်အချိန်မှာ ရရှိမယ်ဆိုတာ မပြောသေးပါဘူး။ လာမည့်နှစ်မှာ Windows 11 အတွက် ပိုကောင်းတဲ့ အပ်ဒိတ် တစ်ခုနှင့်အတူ ဒီပွဲဦးထွက်မှာ မြင်တွေ့ ရနိုင်မယ်လို့ မျှော်လင့် နေသော်လည်း Microsoft က ဖြန့်ချိမယ့် ရက်ကို မကြေညာသေးဘဲ အချို့သော အင်္ဂါရပ် တွေနှင့် အပ်ဒိတ်တွေက အရင် ထွက်လာနေပါတယ်။ Microsoft Edge ရဲ့ “buy now, pay later” tool အသစ်ဟာ အရင် ထွက်လာမှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။