Microsoft က Visual refresh ဖြင့် Windows app အတွက် single OneNote တစ်ခုတည်းကို ဖန်တီး

Microsoft က ၎င်း၏ OneNote နှင့် Windows 10 apps များအတွက် OneNote ကို OneNote app တစ်ခုတည်းသို့ ပေါင်းစည်းရန် စီစဉ် နေပါတယ် ။

Software maker က ၎င်း၏ Windows 10 app အတွက် UWP OneNote မှာ တိုးတက်မှု အားလုံးကို ယူ၍ ၎င်းတို့ကို traditional OneNote desktop app သို့ ယူဆောင် လာပါတယ်။

ဤ တိုးတက်မှုများက Office ၏ တစ်စိတ် တစ်ပိုင်း အဖြစ် ထည့်သွင်း ပေးသော traditional OneNote desktop app သို့ နောက် ၁၂ လ အတွင်း မွမ်းမံမှုများ ဆက်တိုက် ပေါ်လာ ပါလိမ့်မယ်။

ထို မွမ်းမံမှုများတွင် အမြင်အာရုံကို ပြန်လည် လန်းဆန်း စေခြင်း နှင့် “ Windows 10 အတွက် OneNote ကို လက်ရှိ ထူးခြားသော key existing features” တို့ ပါ ၀ င် ပါတယ် ။

Windows 10 အတွက် OneNote မှ ဘယ် features များက OneNote desktop app သို့ ကူးသွား လိမ့်မည်ကို ရှင်းရှင်း လင်းလင်း မသိရ သေးသော်လည်း Microsoft က ” လူကြိုက် အများဆုံး features အားလုံးဟာ OneNote ၏ အစိတ် အပိုင်း တစ်ခု ဖြစ်လိမ့်မည်ဟု သေချာစေရန် ကျွန်ုပ်တို့ လုပ်ဆောင် နေပါတယ်။ ” ဟု ပြောဆို ခဲ့ပါတယ်။

Windows 10 အတွက် အပ်နှံ ထားသော OneNote app ကို လက်ရှိ အသုံးပြုသူများအား ၂၀၂၂ ခုနှစ် ဒုတိယ နှစ်ဝက်တွင် desktop OneNote app အပြည့်သို့ upgrade လုပ်ရန် တောင်းဆို ပါလိမ့်မယ်။ “ Windows နှင့် Office တိုးတက်မှုတွေက ပိုပြီး ရိုးရှင်း လွယ်ကူစေဖို့ အတွက် app နှစ်ခုကို ပေါင်းစည်းခွင့် ပြုပါ လိမ့်မယ်။ Windows တွင် OneNote app တစ်ခုတည်း၏ interface နှင့် အကျွမ်းတဝင် ရှိနေသော features တွေပါ “ ဟု OneNote အဖွဲ့က ရှင်းပြ ပါတယ်။

Microsoft က Windows 10 အတွက် OneNote ၏ UWP version ကို ချက်ချင်း အဆုံးသတ် လိမ့်မည် မဟုတ်သော်လည်း OneNote သုံးစွဲသူများက ၂၀၂၅ ခုနှစ် အောက်တိုဘာ လတွင် desktop app သို့ ရွှေ့သင့်ကြောင်း ကုမ္ပဏီက သတိပေး ခဲ့ပါတယ်။

Windows ရှိ OneNote သို့ ဤ အပြောင်းအလဲများက macOS ၊ iOS ၊ Android ၊ ( သို့မဟုတ် ) web အတွက် Microsoft ၏ အခြား OneNote apps များကို မထိ ခိုက်ပါ။ ၎င်းဟာ Microsoft က ၎င်း၏ သီးခြား OneNote apps များကို UWP နှင့် desktop world များတွင် အကောင်းဆုံး ဟု မျှော်လင့်သော အရာတစ်ခု အဖြစ် ပေါင်းစည်း လိုက်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။