Microsoft က October 5 ရက်နေ့တွင် Windows 11 ကို ဖြန့်ချိ ပါလိမ့်မယ်။

Microsoft က Windows 11 ကို အောက်တိုဘာ လ ၅ ရက်နေ့တွင် ဖြန့်ချိမည်ဟု ကြေငြာ ခဲ့ပါတယ်။ အရည်အသွေး ကောင်းမွန် ပြည့်မှီသော Windows 10 PC များ အတွက် အခမဲ့ အဆင့်မြှင့်တင်မှုအဖြစ် operating system သစ်ကို ရရှိ ပါလိမ့်မယ်( သို့မဟုတ် ) Windows 11 ကို ကြိုတင် တင်ထားသော hardware အသစ်များ ပေါ်တွင် ရရှိ ပါလိမ့်မယ်။

Windows 11 သို့ အခမဲ့ အဆင့် မြှင့်တင်မှုကို အောက်တိုဘာ လ ၅ ရက် နေ့တွင် စတင် ဖြန့်ချိမှာ ဖြစ်သော်လည်း ယခင်က Windows အဆင့် မြှင့်တင်မှုများ ကဲ့သို့ အဆင့်ဆင့်ဖြင့် ရရှိ ပါလိမ့်မယ်။

အရည်အသွေး ကောင်းမွန် ပြည့်မှီသော devices အသစ် များကို ဦးစွာ အဆင့် မြှင့်တင် သွားမည်ဖြစ်ပြီး အောက်တိုဘာ လ ၅ ရက် နောက်ပိုင်း သီတင်းပတ်များ နှင့် လများတွင် Windows 11 ကို စျေးကွက်တွင် ပိုပြီး တွင်ကျယ်သော devices တွေ အတွက် ရရှိနိုင် ပါလိမ့်မယ်။

အဲဒီနောက် ၎င်းဟာ devices များ ပိုမို များပြား လာလိမ့်မည်ဟု Microsoft Marketing Manager Aaron Woodman က “ Windows 10 က ငါတို့ သင်ယူတာ (သို့) အတွေ့အကြုံပေါ် မူတည်ပြီး ငါတို့ အသုံးပြုသူတွေ အတွက် ငါတို့ လိုချင်တာကို အကောင်းဆုံး ဖြန့်ဖြူးပေးဖို့ သေချာ ရမယ်။ ၂၀၂၂ ခုနှစ် နှစ်လယ် ပိုင်းတွင် Windows 11 updates များ အားလုံးကို ရရှိ လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့် ပါတယ်။” ဟု ရှင်းပြ ထားပါတယ်။

ရှိပြီးသား Windows 10 PCs များတွင် Windows Update က Windows 11 အတွက် upgrade ရရှိ နိုင်သည့်အခါ လူများအား အသိပေး ပါလိမ့်မယ်။ Device က Windows 11 အဆင့် မြှင့်တင်ခြင်း အတွက် Windows Update (သို့) Microsoft ၏ သီးသန့် PC Health Check app (currently in preview) ရှိ မရှိကိုလည်း စစ်ဆေး နိုင်ပါတယ်။

Windows 11 ကို အောက်တိုဘာ လ ၅ ရက်နေ့တွင် ဖြန့်ချိမည် ဖြစ်သော်လည်း ကြေငြာထားသော features တွေ အားလုံးကို ရရှိ နိုင်မှာ မဟုတ်ပါဘူး။ Microsoft က Windows 11 ကို Amazon နှင့် Intel တို့ ပူးပေါင်း၍ Windows 11 သို့ ယူဆောင် လာသော်လည်း ဤ feature ကို အောက်တိုဘာ လ ၅ ရက်နေ့တွင် မရနိုင်ပါ။ Windows 11 တွင် Android apps များကို လာမည့် လများတွင် Windows Insiders အတွက် ရရှိ နိုင်မှာ ဖြစ်ပြီး ၎င်းဟာ ၂၀၂၂ ခုနှစ် မတိုင်မီ Windows 11 အသုံးပြု သူများ အားလုံးကို ဖြန့်ချိ နိုင်ဖွယ် မရှိကြောင်း အကြံပြုပါတယ်။

Microsoft က Windows 11 အတွက် အနိမ့်ဆုံး system requirements တွေကို ပြီးခဲ့သည့် တစ်ပတ်က ရှင်းလင်းခဲ့ သော်လည်း ၎င်းတို့ကို မတွေ့ရှိသေးတဲ့ သူများအတွက် ဖြေရှင်းနည်း တစ်ခုကို ထုတ်ဖော်ခဲ့ ပါတယ်။ PC တွင် နှစ်ခု (သို့မဟုတ်) ထို့ထက် ပိုသော cores များဖြင့် 64-bit 1GHz processor တစ်ခု ရှိနေ သရွေ့ ၊ Windows 11 တွင် RAM 4GB ၊ storage 64GB နှင့် TPM 1.2 chip တစ်ခု ရှိနေသ၍ ISO 11 ကို ဘယ်လို hardware နှင့်မဆို install လုပ်နိုင် ပါတယ်။

Android apps on Windows 11 won’t appear at launch.

ဒါပေမယ့် ဖြေရှင်းနည်းကို သုံးရင် PC က support မရတဲ့ အခြေအနေမှာ ရှိနေ ပါလိမ့်မယ်။ ဆိုလိုတာက unsupported Windows 11 PC တစ်ခုဟာ Windows Update ကို သုံးခွင့် မရနိုင်ခြင်း နှင့် security patches များကိုပင် မရပါ။

PC ဟာ Windows 11 နှင့် အပြည့်အဝ အဆင်ပြေပြေ မရှိပါက Microsoft က Windows 10 ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ လ ၁၄ ရက်အထိ support ရရှိ နေဆဲ ဖြစ်ပါတယ်။ သို့သော် လာမည့် လေးနှစ်မှာ Microsoft က Windows 10 အတွက် အဓိကကျတဲ့ update အသစ် မည်မျှ ဖြန့်မည်ကို ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ ယခုနှစ် နှောင်းပိုင်းတွင် Windows 10 အသုံးပြုသူများ အတွက် Linux (WSL) အတွက် Windows Subsystem တွင် GPU compute support ၊ Windows Hello တိုးတက်မှုများ နှင့် WPA3 H2E Wi-Fi security support တို့ ပါ၀င်သော 21H2 update တစ်ခု ရောက်ရှိလာပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။