Microsoft က iOS နှင့် Android မှာ Outlook က ကြော်ငြာ(ads) တွေ ပိုမိုတင်

Image: Microsoft

Microsoft က မကြာသေးမီ လတွေ အတွင်း iOS နှင့် Android အတွက် Outlook mobile မှာ ကြော်ငြာ( Ads ) တွေကို စတင် ထည့်သွင်း ခဲ့ပါတယ်။

Outlook mobile app က သုံးစွဲသူတွေအား ၎င်းတို့ရဲ့ inbox ကို စုစည်းဖို့ အတွက် ရွေးချယ်စရာ နှစ်ခုကို ပေးထား ပါတယ်။ ၎င်းမှာ အရာအားလုံး ပါတဲ့ single inbox ( သို့မဟုတ် ) tab ထည့်ထားတဲ့ inbox တစ်ခု ဆိုပြီး အမျိုးအစား နှစ်မျိုး ခွဲထား ပါတယ်။

အရေးကြီးတဲ့ mail နှင့် “focused” နှင့် ကျန်တာ အားလုံးနှင့်အတူ “Other” ဆိုပြီး ခွဲထား ပါတယ်။ ။ ယခင်က Microsoft က အခမဲ့ အသုံးပြုသူတွေ အတွက် “Other” tab မှာ ကြော်ငြာ(Ads) တွေ ကိုသာ ထည့်သွင်း ခဲ့သော်လည်း ယခုအခါ ၎င်းတို့ကို single-inbox mode တွင်လည်း ထည့်သွင်း ပေးနေပြီပဲ ဖြစ်ပါတယ်။

ပြောင်းလဲမှုက လွန်ခဲ့တဲ့ လအနည်းငယ် အတွင်း စတင် လုပ်ဆောင် နေပြီး အမှန်တကယ် အားဖြင့် Microsoft က Outlook mobile မှာ ကြော်ငြာ( Ads) ကို အခမဲ့ အသုံးပြုသူတွေ အတွက် အခမဲ့ ပိုမို ခက်ခဲအောင် လုပ်နေတယ်ဟု ဆိုလိုပါတယ် ။

ဘယ် inbox mode ကို သုံးတာပဲ ဖြစ်စေ mix မှာ ကြော်ငြာ(Ads) တွေ ပါရှိပါ လိမ့်မယ်။ အခြား Tab ရဲ့ ထိပ်မှာ ဖြစ်စေ ပုံမှန် inbox ရဲ့ ထိပ်တွင် ဖြစ်စေ အမှန်တကယ်ပင်၊ ယခု Outlook mobile မှာ ကြော်ငြာ (Ads) တွေကို ရှောင်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းမှာ Microsoft 365 subscription အတွက် ငွေပေးချေဖို့ ဖြစ်ပါတယ်။

An ad inside Outlook mobile on iOS. Image: James Vincent / The Verge

Microsoft က The Verge သို့ ပြောင်းလဲမှုကို အတည် ပြုခဲ့ ပါတယ်။ “Outlook ရဲ့ အခမဲ့ အသုံးပြုသူတွေ အတွက်၊ ကြော်ငြာ(Ads) တွေကို ၎င်းတို့ရဲ့ inbox မှာ ပြသ ထားပြီး ‘Other’ inbox မှာသာ ကြော်ငြာ(Ads) တွေကို မြင်လိုပါက ‘Focused inbox’ feature ကို ဖွင့်ဖို့ ရွေးချယ်နိုင် ပါတယ် ” ဟု Microsoft ပြောရေးဆိုခွင့် ရှိသူ Caitlin Roulston က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ ပါတယ်။

ကြော်ငြာ(Ads) တွေက inbox တစ်ခုရဲ့ ထိပ်ဆုံးတွင် ပေါ်လာပြီး Outlook နှင့် Gmail ရဲ့ web versions တွေ အတွင်း Microsoft နှင့် Google နှစ်ခုလုံးက ကြော်ငြာတွေ ပြသပုံနှင့် ဆင်တူပြီး အစစ်အမှန် emails တွေ ကဲ့သို့ ရှုပ်ထွေးနေပုံ ရပါတယ် ။

emails နှင့်တူတဲ့ ကြော်ငြာတွေကို ဖျက်ဖို့ ပွတ်ဆွဲ နိုင်သော်လည်း ၎င်းတို့က မကြာမီ ပြန်လည် ပေါ်လာမှာ ဖြစ်ပြီး၊ တစ်ခုဖွင့်ပါက in-app browser အတွင်း ကြော်ငြာ အကြောင်းအရာကို ပြသမှာပဲ ဖြစ်ပါတယ် ။

ကြော်ငြာတွေကို ဘယ်သူမျှ မကြိုက်ပါ။ ပြီးတော့ Outlook mobile အသုံးပြုသူတွေက Apple ရဲ့ App Store မှာ App အတွက် star review မကျေနပ်ချက် များစွာကို ချန်ထားခဲ့ ပါတယ်။

Twitter နှင့် Reddit တို့မှ အချို့သော သူတွေက Outlook mobile မှာ ကြော်ငြာတွေ ထပ်မံ ပေါ်လာခြင်း အတွက် စိတ်ပျက် မိကြောင်း ဖော်ပြနေကြ သော်လည်း ၎င်းတို့ကို အပြည့်အဝ ရှောင်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းမှာ Microsoft 365 သို့ စာရင်းသွင်းခြင်းဖြင့်သာ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။