MasterCard က ၎င်း၏ Payments Network ရှိတဲ့ Banks တွေကို Cryptocurrency Services တွေ ပံ့ပိုးပေးမည်

Mastercard will let banks on its payments network integrate cryptocurrencies into their products | Photo Illustration by Pavlo Gonchar/SOPA Images/LightRocket via Getty Images

MasterCard က ၎င်း၏ ငွေပေးချေမှု ကွန်ရက် ( payments network ) ရှိတဲ့ ကုန်သည်များ ( merchants) နှင့် ဘဏ်များ အတွက် crypto options များ ရရှိနိုင် စေဖို့ cryptocurrency ကုမ္ပဏီ Bakkt နှင့် စာချုပ် ချုပ်ဆို ခဲ့ကြောင်း ကုမ္ပဏီက တနင်္လာနေ့က ကြေညာခဲ့ ပါတယ်။ ဒီသတင်းကို CNBC က ပထမဆုံး ဖော်ပြ ခဲ့တာပဲ ဖြစ်ပါတယ်။

Mastercard ၏ ကမ္ဘာလုံး ဆိုင်ရာ ငွေပေးချေမှု ကွန်ရက် ( global payments network ) ရှိတဲ့ ဘဏ်တွေဟာ credit card နှင့် debit card တွေက ဥပမာ အားဖြင့် cryptocurrency rewards တွေကို ပေးဆောင် နိုင်ပြီး လေကြောင်း လိုင်းများ ( သို့မဟုတ် ) ဟိုတယ်များ ကဲ့သို့ ဝယ်ယူမှုတွေ အတွက် reward points တွေကို cryptocurrency ဖြင့် ပေးချေ နိုင်မှာပဲ ဖြစ်ပါတယ်။

သုံးဆွဲသူ တွေက Bakkt ၏ platform ပေါ်ရှိ custodial wallets များမှ တစ်ဆင့် ဝယ်ယူမှုများ နှင့် digital assets များကို ပေးဆောင်ဖို့ အတွက် ၎င်းတို့၏ crypto ကိုင်ဆောင်မှု တွေကို ပြောင်းလဲ နိုင်မှာပဲ ဖြစ်ပါတယ်။

Mastercard က ၎င်း၏ ကတ်ကိုင်ဆောင်သူများ ( cardholders )ကို ၎င်း၏ ကွန်ရက်ပေါ်မှာ ရှိတဲ့ သီးသန့် cryptocurrencies တွင် transactions အချို့ ပြုလုပ်ဖို့ စတင် ခွင့်ပြုတော့မှာ ဖြစ်ကြောင်း ယခုနှစ် အစောပိုင်းတွင် ပြောကြား ခဲ့ပြီး ၊ သုံးစွဲသူများက cryptocurrencies ပိုမို တွင်ကျယ်စွာ အသုံးပြု လာစေရန် ၎င်း၏ ကြိုးပမ်းမှု တစ်စိတ် တစ်ပိုင်း အဖြစ် crypto နှင့် digital asset စတင်ခြင်း လုပ်ငန်းကို ဇူလိုင်လတွင် လုပ်ဆောင် ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ ပါတယ်။

အောက်တိုဘာ လ 18 ရက်နေ့က New York Stock Exchange မှာ လူသိ ရှင်ကြား အရောင်း အ၀ယ် ပြုလုပ် ခဲ့တဲ့ Bakkt နှင့် သဘော တူညီချက်ဟာ cryptocurrencies တွေကို ဝင်ရောက် ကြည့်ရှုခြင်း နှင့် လက်ခံခြင်း တို့ကို သိသိသာသာ ချဲ့ထွင် နိုင်ခဲ့ ပါတယ်။

လက်ရှိတွင် အသုံးပြု နေသော MasterCards ပေါင်း 2.8 billion ကျော် နှင့် ၎င်း၏ ကွန်ရက်တွင် banks တွေ နှင့် ငွေရေးကြေးရေး အဖွဲ့အစည်း ( financial institutions ) ပေါင်း 22,000 ကျော် ရှိကြောင်း ကုမ္ပဏီက ပြောကြားခဲ့ ပါတယ်။

“Together with Bakkt and grounded by our principled approach to innovation, we’ll not only empower our partners to offer a dynamic mix of digital assets options, but also deliver differentiated and relevant consumer experiences,” ဟု Mastercard ၏ digital မိတ်ဖက်များ ဆိုင်ရာ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ( executive vice president of digital partnerships ) Sherri Haymond Mastercard ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။